Unicode…လော့ခ်ဒေါင်းကာလမှာ ဝရန်တာထွက်ရာမှ တစ်ဦးနှင့်တစ်ဦး စတွေ့ကာ ဖူးစာပါသွားပြီး လက်ထပ်တော့မယ့် အီတလီ စုံတွဲ
အီတလီမှာ အစိုးရဟာ ပြည်သူအားလုံးကို အိမ်ထဲမှာ နေရမည်ဟုဆိုပြီးတော့ လော့ခ်ဒေါင်း ချလိုက်တာဖြစ်ပြီးတော့ ဝရန်တာ ထွက်မိသွားပြီးတော့ ဖူးစာပါသွားသည့်
စုံတွဲကတော့ လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်နော်။ အသက် ၃၈ နှစ်အရွယ်ရှိတဲ့ မိုက်ကယ်ဒီအယ်ပိုစ်နှင့် အသက် ၄၀ အရွယ် ပိုလာအက်ဂ်နီလီတိုတို့ဟာ ဝရန်တာ ဂီတဖျော်ဖြေပွဲကြောင့်ဘဲ
အနေဝေးနေသည့် ချစ်သူများ ဖြစ်သွားခဲ့တာဘဲ ဖြစ်ပါတယ်။  ပိုလာအက်ဂ်နီလီတို၏ညီမဟာ တယောဆရာမ ဖြစ်တာကြောင့် ညနေ ၆ နာရီ ဝရန်တာမှာ ဂီတဖျော်ဖြေပွဲတွင်
တယောတီး ဖျော်ဖြေရာ ညီမကို ပိုလာအက်ဂ်နီလီတိုက ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဝရန်တာမှ ပွဲထွက်ကြည့်သူ မိုက်ကယ်ဒီအယ်ပိုစ်ကတာ့ ထိုအချိန်ကျမှ ပိုလာအက်ဂ်နီလီတိုကို မြင်ဖူးသွားပြီးတော့ စိတ်ဝင်စားသွားပြီးတော့
အွန်လိုင်း တွင် ပိုလာအက်ဂ်နီလီတို၏အကောင့်တ်ကို လိုက်ရှာခဲ့တာ ဖြစ်ပါတယ်။နောက်ပိုင်း မကြာမီ ၎င်းတို့က ဖုန်းဖြင့် စကားစမြည်ပြောခဲ့ကြတာပါ။
နှစ်ဦးသား အွန်လိုင်းချစ်သူများ ဖြစ်သွားသော် လည်း မေလ ရောက်မှသာ ပန်းခြံတစ်ခုတွင် နှစ်ဦးသား ပထမဦးဆုံးအကြိမ် ချိန်းတွေ့ခွင့်ရသွားပါတော့တယ်။
၎င်းတို့သည် မျက်နှာချင်းဆိုင်အခန်းတွင် တစ်သက်လုံး နေထိုင် လာကြသူများဖြစ်သော်လည်းဘဲ တစ်ဦးနှင့် တစ်ဦးကတော့ လော့ခ်ဒေါင်းကာလကျမှသာ တွေ့ဖူးသွား ကြတာဘဲ ဖြစ်ပါတယ်နော်။source:pyi myanmar
Add a Comment
Your email address will not be published. Required fields are marked *