ကိုဗစ္ စည္းကမ္းနဲ့အညီ ေဘာလံုးေဆာ့ရာမွ (၃၇)ဂုိးအထိအသြင္းခံခဲ့ရတဲ့ ေဘာလုံးအသင္း

ကိုဗစ္ စည္းကမ္းနဲ့အညီ ေဘာလံုးေဆာ့ရာမွ (၃၇)ဂုိးအထိအသြင္းခံခဲ့ရတဲ့ ေဘာလုံးအသင္း

ဂ်ာမန္က ေဘာလုံးအသင္းဟာ ၿပိဳင္ဘက္အသင္းကို (37-0)ရလဒ္နဲ႔ အရွက္ကဲြျပီး ႐ႈံးနိမ့္ခဲ့တာပါ။ထို ေဘာလုံးအသင္းကေတာ့ ကိုဗစ္စည္းမ်ဥ္းေတြထဲက တစ္ခုျဖစ္တဲ့ ခပ္ခြာခြာေနရမယ္ဆုိတဲ့ စည္းကမ္းကုိ

အျပည့္အဝ လုိက္နာခဲ့တာေၾကာင့္ဘဲ ယခုလိုမ်ဳိး လြန္ကဲစြာ ႐ႈံးနိမ့္ခဲ့ရတာလုိ႔ ဆုိပါတယ္ေနာ္။အဆိုပါ ေဘာလုံးအသင္းနာမည္ဟာ SG Ripdorf/Molzen II လုိ႔ သိရပါတယ္ေနာ္။

အေပ်ာ္တမ္း ေဘာလုံးအသင္းတစ္သင္း ျဖစ္ၿပီေတာ့ ကိုဗစ္စည္းမ်ဥ္းေၾကာင့္ဘဲ ေဘာလုံး လုိက္လုတာမ်ဳိးလဲမလုပ္ဘဲ အခ်င္းခ်င္း အနီးကပ္ အေပးအယူ လုပ္တာမ်ိဳးကိုလည္း ေရွာင္ၾကဥ္ခဲ့ၾကတာဘဲ ျဖစ္ပါတယ္။

သူတုိ႔တစ္ေတြဟာ အခုပြဲစဥ္မွာ ပြဲၾကည့္ပရိသတ္ထက္ နည္းနည္းပဲ ပိုတယ္လုိ႔ ဆုိတာပါ။ၿပိဳင္ဘက္အသင္းက အခြင့္အေရးေတြကို အသုံးခ်ၿပီးေတာ့ ဂုိးေတြ တဖုန္းဖုန္း သြင္းေနတာေတာင္မွ သူတုိ႔တစ္ေတြဟာ ကုိဗစ္စည္းမ်ဥ္းကုိ ျငင္းပယ္ဖုိ႔ မဆုံးျဖတ္ႏုိင္ၾကေသးပါဘူးတဲ့။

ထို ေဘာလံုးသင္းဟာ က်န္းမာေရးကိုပဲ ဦးစားေပးခဲ့မိလို့ ခုလိုမ်ဳိး သမုိင္းမွာထင္က်န္ေစမယ့္ အမည္းစက္အ႐ႈံးႀကီးကို လက္ခံလုိက္ရတာပါ။

သိရသေလာက္ေတာ့ သူတုိ႔ဟာ ကြင္းထဲကို (၁၁)ေယာက္ အျပည့္မဝင္ဘဲနဲ့ (၇)ေယာက္ဘဲ ဝင္ကစားေစခဲ့တာလုိ႔ ဆုိပါတယ္။ ၿပိဳင္ဘက္အသင္း SV Holdenstedt II ကလည္း ေျခစြမ္းမာေက်ာတဲ့အသင္းျဖစ္ျပီး သူတုိ႔ကုိ မညႇာမတာ ဂုိးေတြသြင္းယူ ႏွိမ္နင္းခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ကစားခဲ့တဲ့ပြဲကေတာ့ ဂ်ာမန္ေဘာလုံးအဆင့္မွာ အနိမ့္ဆုံးလိဂ္ၿပိဳင္ပြဲျဖစ္ၿ့ပီးေတာ့ Ripdorf အသင္းနဲ႔ ၿပိဳင္ဘက္အသင္းတုိ႔ဟာ Lower Saxony ျပည္နယ္၊ Uelzen ၿမိဳ႕မွာ တည္ရွိတဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ေတြပါ။

ေဘာလုံးလိဂ္အမည္မွာ 3. Kreisklasse လုိ႔ သိရၿပီး၊ လိဂ္အဆင့္အတန္း နိမ့္ေပမယ့္လည္း ဒီကေန ႏုိင္ငံအတြက္သာမက ကမာၻေက်ာ္ကစားသမားေတြ အေျမာက္အမ်ား ေမြးထုတ္ေပးရာ လိဂ္ျဖစ္တဲ့ အတြက္ေျကာင့္

ေဒသတြင္းမွာေတာ့ ၿပိဳင္ဆုိင္မႈေတြ ျပင္းထန္ၾကေနတာပါ။ Ripdorf  အသင္းဟာ ၿပီးခဲ့တဲ့ပြဲစဥ္တုန္းကလဲ ၿပိဳင္ဘက္အသင္းမွာ ပုိးေတြ႕ကစားသမားတစ္ဦး ပါလာကတည္းက ၿပိဳင္ပြဲေတြကို ရပ္နားဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။

တာဝန္ရွိသူေတြကေတာ့ ပြဲစဥ္ေတြရပ္နားဖုိ႔ ျငင္းဆန္ခဲ့တာေၾကာင့္ Ripdorf  အသင္းဟာ ၿပိဳင္ပြဲတုိင္းကို စိတ္မခ်ရတဲ့အေနအထား ရွိေနေသးသေရြ႕ (၇)ေယာက္တည္းနဲ႔ ရင္ဆုိင္ကစားဖုိ႔ရွိပါတယ္ လို့ဆုိပါတယ္။

ဒါေပမယ့္လည္း ပရိသတ္ေတြကေတာ့ ေဒါသူပုန္ပြေနၾကၿပီးေတာ့ အသင္းကို ဖ်က္သိမ္းလုိက္တာဟာ တစ္ပြဲကို (၇)ေယာက္တည္း ကစားတဲ့ရလဒ္ေတြေလာက္ ဆုိးမွာမဟုတ္ဘူးလုိ႔ ေဝဖန္ခဲ့ၾကတာဘဲ ျဖစ္ပါတယ္။source;လင္းသုတ

Unicode…ကိုဗစ် စည်းကမ်းနဲ့အညီ ဘောလုံးဆော့ရာမှ (၃၇)ဂိုးအထိအသွင်းခံခဲ့ရတဲ့ ဘောလုံးအသင်း

ဂျာမန်က ဘောလုံးအသင်းဟာ ပြိုင်ဘက်အသင်းကို (37-0)ရလဒ်နဲ့ အရှက်ကွဲပြီး ရှုံးနိမ့်ခဲ့တာပါ။ထို ဘောလုံးအသင်းကတော့ ကိုဗစ်စည်းမျဉ်းတွေထဲက တစ်ခုဖြစ်တဲ့ ခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းကမ်းကို

အပြည့်အဝ လိုက်နာခဲ့တာကြောင့်ဘဲ ယခုလိုမျိုး လွန်ကဲစွာ ရှုံးနိမ့်ခဲ့ရတာလို့ ဆိုပါတယ်နော်။အဆိုပါ ဘောလုံးအသင်းနာမည်ဟာ SG Ripdorf/Molzen II လို့ သိရပါတယ်နော်။

အပျော်တမ်း ဘောလုံးအသင်းတစ်သင်း ဖြစ်ပြီတော့ ကိုဗစ်စည်းမျဉ်းကြောင့်ဘဲ ဘောလုံး လိုက်လုတာမျိုးလဲမလုပ်ဘဲ အချင်းချင်း အနီးကပ် အပေးအယူ လုပ်တာမျိုးကိုလည်း ရှောင်ကြဉ်ခဲ့ကြတာဘဲ ဖြစ်ပါတယ်။

သူတို့တစ်တွေဟာ အခုပွဲစဉ်မှာ ပွဲကြည့်ပရိသတ်ထက် နည်းနည်းပဲ ပိုတယ်လို့ ဆိုတာပါ။ပြိုင်ဘက်အသင်းက အခွင့်အရေးတွေကို အသုံးချပြီးတော့ ဂိုးတွေ တဖုန်းဖုန်း သွင်းနေတာတောင်မှ သူတို့တစ်တွေဟာ ကိုဗစ်စည်းမျဉ်းကို ငြင်းပယ်ဖို့ မဆုံးဖြတ်နိုင်ကြသေးပါဘူးတဲ့။

ထို ဘောလုံးသင်းဟာ ကျန်းမာရေးကိုပဲ ဦးစားပေးခဲ့မိလို့ ခုလိုမျိုး သမိုင်းမှာထင်ကျန်စေမယ့် အမည်းစက်အရှုံးကြီးကို လက်ခံလိုက်ရတာပါ။

သိရသလောက်တော့ သူတို့ဟာ ကွင်းထဲကို (၁၁)ယောက် အပြည့်မဝင်ဘဲနဲ့ (၇)ယောက်ဘဲ ဝင်ကစားစေခဲ့တာလို့ ဆိုပါတယ်။ ပြိုင်ဘက်အသင်း SV Holdenstedt II ကလည်း ခြေစွမ်းမာကျောတဲ့အသင်းဖြစ်ပြီး သူတို့ကို မညှာမတာ ဂိုးတွေသွင်းယူ နှိမ်နင်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲကတော့ ဂျာမန်ဘောလုံးအဆင့်မှာ အနိမ့်ဆုံးလိဂ်ပြိုင်ပွဲဖြစ်ြ့ပီးတော့ Ripdorf အသင်းနဲ့ ပြိုင်ဘက်အသင်းတို့ဟာ Lower Saxony ပြည်နယ်၊ Uelzen မြို့မှာ တည်ရှိတဲ့ မြို့ခံပြိုင်ဘက်တွေပါ။

ဘောလုံးလိဂ်အမည်မှာ 3. Kreisklasse လို့ သိရပြီး၊ လိဂ်အဆင့်အတန်း နိမ့်ပေမယ့်လည်း ဒီကနေ နိုင်ငံအတွက်သာမက ကမ္ဘာကျော်ကစားသမားတွေ အမြောက်အများ မွေးထုတ်ပေးရာ လိဂ်ဖြစ်တဲ့ အတွက်ကြောင့်

ဒေသတွင်းမှာတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ကြနေတာပါ။ Ripdorf  အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလဲ ပြိုင်ဘက်အသင်းမှာ ပိုးတွေ့ကစားသမားတစ်ဦး ပါလာကတည်းက ပြိုင်ပွဲတွေကို ရပ်နားဖို့ တောင်းဆိုခဲ့ပါတယ်။

တာဝန်ရှိသူတွေကတော့ ပွဲစဉ်တွေရပ်နားဖို့ ငြင်းဆန်ခဲ့တာကြောင့် Ripdorf  အသင်းဟာ ပြိုင်ပွဲတိုင်းကို စိတ်မချရတဲ့အနေအထား ရှိနေသေးသရွေ့ (၇)ယောက်တည်းနဲ့ ရင်ဆိုင်ကစားဖို့ရှိပါတယ် လို့ဆိုပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေကတော့ ဒေါသူပုန်ပွနေကြပြီးတော့ အသင်းကို ဖျက်သိမ်းလိုက်တာဟာ တစ်ပွဲကို (၇)ယောက်တည်း ကစားတဲ့ရလဒ်တွေလောက် ဆိုးမှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြတာဘဲ ဖြစ်ပါတယ်။source;လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *