လူထုတ်ပုံကြောင့် ပေးဆပ်မှု့ကြီးမားခဲ့တဲ့ဆိုးလ်ရှား(မန်ယူ-ချယ်ဆီးပွဲပြီးသုံးသပ်ချက်

FAဖလားရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ ဆိုးလ်ရှားတစ်ယောက် လူထုတ်ပုံအမှားယွင်းတွေပြုလုပ်မိခဲ့ပြီးကစားသမားတွေရဲ့ ညံဖျင်းလွန်းတဲ့ ကစားပုံနဲ့ အာရုံစူးစိုက်မှု့က အသင်းအတွက်ပေးဆပ်မှု့အတော်လေးကြီးမားခဲ့ပါတယ်။ ရိုမဲရိုး ကို အသုံးပြုရမယ့် ဒီနေ့ပွဲအတွက် ဒဟေးယား ကိုပွဲထွက်စေခဲ့တာက ဆိုးလ်ရှားအတွက် ဒီနေ့ပွဲမဟာအမှားဖြစ်စေခဲ့သလို တော်မနေး နဲ့ ပေါဂ့်ဘာ ကိုကျော်ပြီး ဖရဒ်ကိုပွဲထွက်စေခဲ့တာကလည်း အတော်လေးမှားယွင်းခဲ့ပါတယ်။ ချဲလ်ဆိး အနေနဲ့ ယူနိုက်တဒ်အားနည်းဖြစ်တဲ့ ခံစစ်နဲ့ကွင်းလယ်ကြား အားတဲ့အချက်ကို အကောင်းဆုံးအသုံးချပြီး ဖိအားပေးခဲ့လို့ယူနိုက်တဒ် အတော်လေးရုန်းကန်ခဲ့ရပြီးဂိုးကန်သွင်းဖို့တောင်ခက်ခဲခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကလည်း အရမ်းကောင်းလွန်းနေတာမျိုးမရှိပဲ ယူနိုက်တဒ်အမှားတွေကြောင့်သာ အသာရခဲ့တာဖြစ်ပြီး ယူနိုက်တဒ် ရဲ့ အာရုံစူးစိုက်မှု့သာ အခုထက်ပိုကောင်းခဲ့မယ်ဆိုရင် ရလာဒ်ပိုင်း အနေထားကပြောင်းလဲနိုင်ပါသေးတယ်။ ပထမပိုင်းမှာဘိုင်ယီဒဏ်ရာရခဲ့လို့ အချိန်ပို ၅မိနစ်အထိပေးခဲ့ပြီး ဒီအချိန်ပိုမှာ ချဲလ်ဆီးညာခြမ်းကနေအနိမ့်ဘောဖြတ်တင်ပေးလိုက်တာကို လင်ဒီလောဖ့်ရဲ့လူကပ်ပုံညံဖျင်းမှု့နဲ့ ဒဟေးယား ရဲ့ အာရုံစိုက်မှု့မရှိတာတို့ကို ဂျရူး ကအသုံးချသွားလို့ ချဲလ်ဆီးတို့ တစ်ဂိုးအသာနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စစခြင်းမှာပဲ ဝီလျံ ရဲ့လူပေးမှားမှု့ကနေ မေဆင်မောင့် ကန်သွင်းတာက မပြင်းသလို ထောင့်ထဲဝင်လာတာမဟုတ်ပေမယ့် ယုံကြည်ချက်မရှိတော့တဲ့ ဒဟေးယား အနေနဲ့ အပိုင်ဖမ်းထားနိုင်ခြင်းမရှိတော့လို့ ဒုတိယဦးဆောင်ဂိုးထပ်ပြီးပေးခဲ့ရပါတယ်။ နှစ်ဂိုးအသာရသွားချိန်မှာ ချဲဘ်ဆီးဖက်က ယုံကြည်မှု့အပြည့်အဝရရှိ‌သွားပြီး တောက်လျှောက်ဖိကစားလာသလို ဂျရူး နဲ့ ဂျိမ်စ်း တို့ရဲ့ ဧရိယာအတွင်း အဆုံးသတ်ချက်တွေကို ဒဟေးယားကာကွယ်ခဲ့ရပါသေးတယ်။

ယူနိုက်တဒ် ခံစစ်ဟာ ဘောလုံးပေးဖို့ထက် ထိန်းသိမ်းတဲ့နေရာမှာတောင် ပြသနာရှိနေပြီး ကစားသမားတွေက သာမန်ထက်ပိုမိုပင်ပန်းနေကြလို့ အတော်လေးရုန်းကန်ခဲ့ရပြီး မက်ဂွိုင်းယား ကိုယ်တိုင် ဂိုးခွင့်ပြုခဲ့လို့ ချဲလ်ဆီးက သုံးဂိုးအသာနဲ့ဦးဆောင်ခွင့်ရရှိပြီး ဗိုလ်လုပွဲတက်ဖို့ သေချာစေခဲ့ပါတယ်။ပွဲပြီးခါနီးမှာ မာစီရယ် ကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့လို့ ပိုင်နတီရခဲ့ပြီး ဘရူနိုက အဆုံးသတ်ခဲ့လို့ သိက္ခာဆယ်တစ်ဂိုးတော့ပြန်ရခဲ့ပေမယ့် ဒီနေ့ပွဲမှာ ပေးဆပ်ခဲ့ရတာတွေက ကြီးမားတယ်လို့ဆိုရပါမယ်။

Add a Comment

Your email address will not be published. Required fields are marked *