ကိုဗစ္ကာလမွာ ဆြမ္းအခက္အခဲျဖစ္ေနတဲ့ သံဃာေတာ္ (၂၀၈)ပါးကုိ ေန႔ဆြမ္းလွူဒါန္းခဲ့တဲ့ ခ်စ္သုေဝရဲ့ ေခတ္သစ္ေဖာင္ေဒးရွင္း

ကိုဗစ္ကာလအတြင္း ဆြမ္းအခက္အခဲျဖစ္ေနတဲ့ သံဃာေတာ္ (၂၀၈)ပါးကုိ ေန႔ဆြမ္းလွူဒါန္းခဲ့တဲ့ ေခတ္သစ္ ေဖာင္ေဒးရွင္း

ျမန္မာနိုင္ငံအတြင္းမွာ လူမွုကူညီေရးအဖြဲ႕အစည္းတစ္ခုျဖစ္ေသာ ေခတ္သစ္ေဖာင္ေဒးရွင္းဟာ လိုအပ္ေနတဲ့ေနရာတိုင္းကို ကူညီဖို့အသင့္ရွိေနတဲ့ ေဖာင္ေဒးရွင္းတစ္ခုျဖစ္ ပါတယ္ေနာ္။

ကိုဗစ္ ေရာဂါကာကြယ္ တုိက္ဖ်က္ေရး လုပ္ငန္းေတြကုိလည္း  ေထာက္ပံ့ေရး ပစၥည္းေတြကုိ လွဴဒါန္းျပီး ကြာရန္တင္း စင္တာေတြ အတြက္လိုအပ္တဲ့ပစၥည္းေတြကိုလည္း လွဴဒါန္း ေနတာဘဲ ျဖစ္ပါတယ္ေနာ္။

ယေန႔မွာေတာ့ ကိုဗစ္ကာလမွာ ဆြမ္းအခက္အခဲျဖစ္ေနတဲ့ သံဃာေတာ္ (၂၀၈)ပါးအတြက္ ေခတ္သစ္ ေဖာင္ေဒးရွင္းကေန ေန႔ဆြမ္းဆက္ကပ္လွူဒါန္းခဲ့တာပဲျဖစ္ပါတယ္ေနာ္။ကိုဗစ္ ကာလမွာ ဆြမ္းေလာင္းအသင္းမ်ားရပ္နားထားသလို

ဆြမ္းခံထြက္ျခင္းမ်ားမျပဳလုပ္ၾကတဲ့ သံဃာေတာ္မ်ားအတြက္ ဆြမ္းအခက္အခဲျဖစ္ေပၚေနခဲ့ပါတယ္။ ဒီအခက္အခဲအတြက္ ေခတ္သစ္ေဖာင္ေဒးရွင္းမွ (၇) ရက္သားသမီးမ်ားႏွင့္စုေပါင္း၍ ဒဂုံၿမိဳ့နယ္၊ အိမ္ေတာ္ရာတိုက္၊

ဘုန္းေတာ္ႀကီးေက်ာင္း (၂၄) ေက်ာင္းရွိ သံဃာေတာ္ (၂၀၈) ပါးအတြက္ ေန႔ဆြမ္းလွူျဖစ္ခဲ့တယ္။ ျပဳခဲ့ရေသာ ကုသိုလ္အစုစုကို (၇) ရက္သားသမီးမ်ားထပ္တူရရွိၾကပါေစ။

ေရာဂါကပ္ဆိုးႀကီးကိုလည္း အျမန္ဆုံးေက်ာ္လႊားနိုင္ပါေစ ဆိုၿပီးေတာ့ တင္ထားတာပဲျဖစ္ပါတယ္ေနာ္။ပရိတ္သတ္ျကီးလည္း ကုိယ္စိတ္နွလံုး က်န္းမာခ်မ္းသာျကပါေစ။source;ေခတ္သစ္ေဖာင္ေဒးရွင္း

Unicode…ကိုဗစ်ကာလအတွင်း ဆွမ်းအခက်အခဲဖြစ်နေတဲ့ သံဃာတော် (၂၀၈)ပါးကို နေ့ဆွမ်းလှူဒါန်းခဲ့တဲ့ ခေတ်သစ် ဖောင်ဒေးရှင်း

မြန်မာနိုင်ငံအတွင်းမှာ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်သော ခေတ်သစ်ဖောင်ဒေးရှင်းဟာ လိုအပ်နေတဲ့နေရာတိုင်းကို ကူညီဖို့အသင့်ရှိနေတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ် ပါတယ်နော်။

ကိုဗစ် ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေကိုလည်း  ထောက်ပံ့ရေး ပစ္စည်းတွေကို လှူဒါန်းပြီး ကွာရန်တင်း စင်တာတွေ အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်း လှူဒါန်း နေတာဘဲ ဖြစ်ပါတယ်နော်။

ယနေ့မှာတော့ ကိုဗစ်ကာလမှာ ဆွမ်းအခက်အခဲဖြစ်နေတဲ့ သံဃာတော် (၂၀၈)ပါးအတွက် ခေတ်သစ် ဖောင်ဒေးရှင်းကနေ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်နော်။ကိုဗစ် ကာလမှာ ဆွမ်းလောင်းအသင်းများရပ်နားထားသလို

ဆွမ်းခံထွက်ခြင်းများမပြုလုပ်ကြတဲ့ သံဃာတော်များအတွက် ဆွမ်းအခက်အခဲဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီအခက်အခဲအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ (၇) ရက်သားသမီးများနှင့်စုပေါင်း၍ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊

ဘုန်းတော်ကြီးကျောင်း (၂၄) ကျောင်းရှိ သံဃာတော် (၂၀၈) ပါးအတွက် နေ့ဆွမ်းလှူဖြစ်ခဲ့တယ်။ ပြုခဲ့ရသော ကုသိုလ်အစုစုကို (၇) ရက်သားသမီးများထပ်တူရရှိကြပါစေ။

ရောဂါကပ်ဆိုးကြီးကိုလည်း အမြန်ဆုံးကျော်လွှားနိုင်ပါစေ ဆိုပြီးတော့ တင်ထားတာပဲဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးလည်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ။source;ခေတ်သစ်ဖောင်ဒေးရှင်း

Add a Comment

Your email address will not be published. Required fields are marked *