Unicode…ကူးစက်ခံရမှာ သိသိနဲ့ ကိုဗစ်ဖြစ်နေတဲ့ ဖခင်ကြီးကို စင်တာထိ လိုက်လံပြုစုတဲ့ လူငယ်လေး
မိဘမေတ္တာာဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူးနော်။ခုလို မိဘကျေးဇူးကို သိတတ်ပြီး ကျေးဇူးဆပ်တဲ့ ညီငယ်လေးကို ဖော်ပြပေးလိုကိပါတယ်။
ညတုန်းက အချိန်မတော်ကြီး ရောက်လာတဲ့ Positive လူနာ အသက် ၇၅ နှစ် ဘဘ နဲ့ သူ့သားကို သွေးပေါင်ချိန်ပေး၊ အောက်စီဂျင်တိုင်းပေး၊ အပူချိန်တိုင်းပေးခဲ့ပါတယ်။သားဖ နှစ်ယောက်စလုံးဟာ သွေးတိုး အခံရှိတော့သွေးတိုးနေပါတယ်။
မနက်ကျတော့ ထပ်တိုင်းတော့ ပုံမှန် ပြန်ဖြစ်သွားတယ်။ဒီသားဖ နှစ်ဦးနဲ့ ပတ်သက်ပြီး ပြောပြစရာလေးရှိပါတယ်။ဘဘ က positive ဆိုပေမယ့်လည်း အတူပါလာတဲ့ ဘဘ သားက ပိုး ကူးစက်ခံထားရခြင်းမရှိဘဲ
ဖခင်ကို ပြုစုဖို့ လက်မှတ်ထိုးပြီး Positive လူနာတွေ နေတဲ့ အဆောင်အထိ လိုက်လာတာပါနော်။အခုသူ့ကို ပိုးရှိမရှိ စစ်ထားပါတယ်။
အဖြေက positive ပဲဖြစ်ဖြစ် negative ပဲဖြစ်ဖြစ် သူကျေကျေနပ်နပ်ခံယူမယ်တဲ့။ မနက် အဖျားတိုင်းရင်းနဲ့ ဘဘကပြောတယ်။ သားတို့ နဲ့ တစ်ဆောင်တည်း ကျတာ ပျော်တယ်သားရယ် လို့ ပြောပါတယ်။
ကျွန်တော်ပြုံးပြီး ဘဘကို ပြောလိုက်ပါတယ်။ ဘဘသား သူရဲကောင်းကြီး က ပိုပျော်နေမှာပါလို့။ခုလို မိဘကျေးဇူးကို သိတတ်တဲ့ လူငယ်လေးကတော့ လေးစားစရာကောင်းလှပါတယ်နော်။source:မင်းရသ
Add a Comment
Your email address will not be published. Required fields are marked *