စက္႐ုံဝန္ထမ္းမ်ားကုိ ပိတ္ထားမည့္ (၁၄)ရက္အတြက္ အစိုးရမွ လူမွု့ဖူလုံေရးေၾကးေပးအပ္မည္

ပိတ္ထားမည့္ ၁၄ရက္အတြက္ စက္႐ုံဝန္ထမ္းမ်ားကုိ အစိုးရမွ လူမွု့ဖူလုံေရးေၾကးေပးအပ္မည္ဟု သိရ

ကိုဗစ္-၁၉ ကပ္ေရာဂါအေျခအေနတြင္းမွာ ရန္ကုန္တိုင္းေဒသႀကီး အတြင္းယာယီပိတ္ သိမ္းမယ့္ စက္႐ုံ/အလုပ္႐ုံမ်ားမွ အလုပ္သမား မ်ားကုိ ပိတ္ရက္ကာလအတြက္ လုပ္ခ၊လစာ ေထာက္ပံ့ ေပးနိုင္ေရးႏွင့္ ပက္သက္ျပီး

UMFCCI မွ တာဝန္ရွိပုဂၢိဳလ္မ်ား ႏွင့္ ညႇိႏွိုင္းေဆြးေႏြးပြဲကို ယေန႔စက္တင္ဘာ၂၁ရက္ညေန ၃ နာရီခြဲတြင္ အလုပ္သမား၊ လူဝင္မွုႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌

Video Conferencing ျဖင့္ က်င္းပခဲ့တယ္လို့သိရပါတယ္ေနာ္။အစည္းအေဝးမွာ လူမွုဖူလုံေရး ထည့္ဝင္ေၾကးေပးသြင္းထားသည့္ အလုပ္ သမားမ်ားကုိ လူမွုေရးေထာက္ပံ့ကူညီမွုမ်ားကို ဥပေဒႏွင့္အညီ ေပးအပ္သြားရန္ စီစဥ္ ထားပါေျကာင္းနွင့္ လူမွုဖူလုံေရးထည့္ဝင္ေၾကးကုိ

ေပးသြင္းထားျခင္းမရွိတဲ့ အလုပ္သမားမ်ား အတြက္လည္း နိုင္ငံေတာ္အစိုးရကေန ေထာက္ပံ့ေပးရန္ စီစဥ္လ်က္ရွိျပီး အလုပ္ရွင္မ်ားကလည္း ပူးေပါင္းၿပီးေတာ့ အလုပ္သမားမ်ားကုိ တတ္နိုင္သမၽွေထာက္ပံ့ ေပးေစလိုပါေၾကာင္း

အလုပ္သမား လူဝင္မွုႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ဦးသိန္းေဆြကေျပာခဲ့ပါတယ္။ကိုဗစ္-၁၉ ေရာဂါအေျခအ ေနေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၂၀ျပည့္ႏွစ္ စက္တင္ဘာ ၂၄ ရက္မွစ၍ ရက္သတၱ ပတ္ ၂ ပတ္ခန႔္ ယာယီပိတ္သိမ္းမည့္

စက္႐ုံ၊အလုပ္႐ုံမ်ားမွ အလုပ္သမားမ်ားကုိ ပိတ္ရက္ကာလအတြက္ လုပ္ခ၊ လစာ ေထာက္ပံ့ ေပးနိုင္ေရးႏွင့္ပတ္သက္ျပီး လုပ္ငန္းရွင္မ်ား အေနနွင့္ ေရွ႕ဆက္

လက္ပူးေပါင္းလုပ္ေဆာင္ မည့္အစီအစဥ္မ်ားႏွင့္ ေၾကညာခ်က္အေပၚမွာ သေဘာထား အျမင္မ်ား နွင့္ အႀကံဉာဏ္မ်ားကိုေဆြးေႏြးခဲ့တယ္လို့သိရပါတယ္ေနာ္။ Source-MOLIP Photo-သီရိပ်ံခ်ီဦးသိန္းေဆြ

Unicode…ပိတ်ထားမည့် ၁၄ရက်အတွက် စက်ရုံဝန်ထမ်းများကို အစိုးရမှ လူမှု့ဖူလုံရေးကြေးပေးအပ်မည်ဟု သိရ

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းယာယီပိတ် သိမ်းမယ့် စက်ရုံ/အလုပ်ရုံများမှ အလုပ်သမား များကို ပိတ်ရက်ကာလအတွက် လုပ်ခ၊လစာ ထောက်ပံ့ ပေးနိုင်ရေးနှင့် ပက်သက်ပြီး

UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့စက်တင်ဘာ၂၁ရက်ညနေ ၃ နာရီခွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌

Video Conferencing ဖြင့် ကျင်းပခဲ့တယ်လို့သိရပါတယ်နော်။အစည်းအဝေးမှာ လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းထားသည့် အလုပ် သမားများကို လူမှုရေးထောက်ပံ့ကူညီမှုများကို ဥပဒေနှင့်အညီ ပေးအပ်သွားရန် စီစဉ် ထားပါကြောင်းနှင့် လူမှုဖူလုံရေးထည့်ဝင်ကြေးကို

ပေးသွင်းထားခြင်းမရှိတဲ့ အလုပ်သမားများ အတွက်လည်း နိုင်ငံတော်အစိုးရကနေ ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိပြီး အလုပ်ရှင်များကလည်း ပူးပေါင်းပြီးတော့ အလုပ်သမားများကို တတ်နိုင်သမျှထောက်ပံ့ ပေးစေလိုပါကြောင်း

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောခဲ့ပါတယ်။ကိုဗစ်-၁၉ ရောဂါအခြေအ နေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်မှစ၍ ရက်သတ္တ ပတ် ၂ ပတ်ခန့် ယာယီပိတ်သိမ်းမည့်

စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများကို ပိတ်ရက်ကာလအတွက် လုပ်ခ၊ လစာ ထောက်ပံ့ ပေးနိုင်ရေးနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များ အနေနှင့် ရှေ့ဆက်

လက်ပူးပေါင်းလုပ်ဆောင် မည့်အစီအစဉ်များနှင့် ကြေညာချက်အပေါ်မှာ သဘောထား အမြင်များ နှင့် အကြံဉာဏ်များကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်နော်။ Source-MOLIP Photo-သီရိပျံချီဦးသိန်းဆွေ

Tags:

Add a Comment

Your email address will not be published. Required fields are marked *