









Unicode…ကိုယ်ဝန်ဆောင်ထားရပေမယ့် ဆရာဝန်ဖြစ်ပြီး ကူညီချင်တာကြောင့် Volunteer လုပ်ဖို့ဖောင်ဖြည့်လိုက်တဲ့ နန်းမြတ်ဖြိုးသင်း

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူလေး ဖြစ်ပါတယ်နော်။ နန်းမြတ်ဟာ အိမ်ထောင်ကျပြီးနောက်မှာ ကြော်ငြာလေးတွေ ရိုက်ကူးနေဆဲဖြစ်ပြီး

ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်နော် ။ ဒါ့အပြင် နန်းမြတ်ဖြိုးသင်းက ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုပါ ကိုယ်ဝန်လွယ်ထားရတာ လေးလကျော်ရှိနေပြီလည်း ဖြစ်ပါတယ်နော် ။

မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတဲ့ နန်းမြတ်ဖြိုးသင်းဟာ လူတိုင်း မလုပ်နိုင်တဲ့ လေးစားချင်စရာကောင်းတဲ့ အလုပ်လေးတစ်ခုကို လုပ်ပြလိုက်တာ ဖြစ်ပါတယ်နော်။

Volunteer တွေအများအပြားလိုအပ်နေတဲ့ အခုလို Covid ကာလမှာ နန်းမြတ်ဖြိုးသင်းက ဆရာဝန်တစ်ဦးပီပီ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနိုင်ဖို့ Form ဖြည့်လိုက်တာ ဖြစ်ပါတယ်နော်။

ဒီအလုပ်ကတော့ Quarantine Center တွေကနေ သိလိုသမျှမေးမြန်းမှုတွေကို ပြန်လည်ဖြေကြားပေးရမှာဖြစ်ပြီး Work From Home လုပ်လို့ရတာလည်း ဖြစ်ပါတယ်တဲ့နော် ။ လုပ်ဖြစ်တဲ့ အကြောင်းလေးကို နန်းမြတ်ဖြိုးသင်းက ကိုယ်ကတော့ volunteer လုပ်ဖို့

formဖြည့်လိုက်ပြီ ဆရာဝန်သူငယ်ချင်းတွေကို မျှဝေတိုက်တွန်းပါတယ်။ Edit စိတ်မပူကြပါနဲ့နော်။ကိုယ်ဝန်နဲ့ဆိုတော့ ပိုပြီးကိုယ့်ကိုကိုယ်ဂရုစိုက်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်တော့ ဒီလိုချိန်မှာ အရမ်းကူညီချင်နေတာပါ။

ဒါပေမယ့် ကိုယ်က risk group ဆိုတော့မလုပ်နိုင်ဖြစ်နေတာ ဒီ call center အလုပ်ကတော့ work from home ဖြစ်လို့ အားတက်သရော ကူညီချင်တာ လောသွားလို့အားလုံးကိုစိတ်ပူစေမိသွားတယ်။

တောင်းပန်ပါတယ် ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်နော်။ နန်းမြတ်ဖြိုးသင်းရဲ့ စိတ်ဓာတ်လေးကတော့ လေးစားစရာဆကာင်းပ့တယ်နော်။ Source:Nann Myat Phyo Thinn’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *