နုိင္ငံျခားက ျပတိုက္တစ္ခုမွာ ျမန္မာ့ရိုးရာယဥ္ေက်းမွုနဲ႔ ဘုရားေစတီပုထိုးမ်ားကို တန္ဖိုးထားျပီး ျပသထား

နုိင္ငံျခားက ျပတိုက္တစ္ခုမွာ ျမန္မာ ရိုးရာယဥ္ေက်းမွုနဲ႔ ဘုရားေစတီပုထိုးမ်ားကို တန္ဖိုးထားျပီး ျပသထား

ဂ်ာမနီနိုင္ငံမွာရွိတဲ့ျပတိုက္တစ္ခု အတြင္းမွာ ျမန္မာတို့ရဲ့ယဥ္ေက်းမွုနဲ႔ေစတီပုထိုးမ်ားကိုတန္ဖိုးထားေဖာ္ျပထားတာဘဲ ျဖစ္ပါတယ္ေနာ္။ထိုကဲ့သို့ ျပသထားမူကုိ ဆရာ ဦးသက္‌ေဆြက ခုလိုဘဲေျပာျပထားတာ ျဖစ္ပါတယ္။

ဆရာ ဦးသက္ေဆြ ေျပာတာက Munich ေရာက္ေတာ့ Museum Funf Kontinenteမွာျပေနတဲ့ Myanmar of Pagodas, Longyis and Nat Sprits ကိုသြားၾကည့္ျဖစ္ခဲ့ပါတယ္။

ခင္းက်င္းျပသထားတာအေတာ္ေလးအတုယူဖို့ေကာင္းပါတယ္။ Textile ပက္သက္တဲ့ ျပခန္းမွာဆိုရင္ ျပဴတင္းေပါက္နား သြားလိုက္တာနဲ႔ယကၠန္းခတ္သံ ၾကားရေအာင္ လုပ္ေပးထားတာပါ။

႐ုပ္ေသး႐ုပ္ျပခန္းဆိုရင္ ႐ုပ္ေသး႐ုပ္ကတဲ့အခါ ႐ုပ္ေသး႐ုပ္ကေလးေတြ ရဲ့ေျခေထာက္နဲ႔ ၾကမ္းျပင္ထိသံေလးေတြ ၾကားရေအာင္လုပ္ေပးထားပါတယ္။ျပထားတဲ့႐ုပ္ေသး႐ုပ္ေတြဟာ ဆုိရင္ တကယ့္ကိုအေဟာင္းေတြျဖစ္တဲ့အျပင္

႐ုပ္ေသး႐ုပ္ ၂၈ ႐ုပ္စလုံး စုံေအာင္ျပထားနိူင္တာ အံဩစရာဘဲ ျဖစ္ပါတယ္။ထူးျခားတဲ့ပန္းပု႐ုပ္ထု ၃ ခုကေတာ့ အံဩစရာပါ။ အ႐ုပ္က ႀကီးၿပီးမွန္ခံေနေတာ့ ဖုန္းနဲ႔ဓါတ္ပုံရိုက္ရ အဆင္မေျပလို ကင္မရာနဲ႔ပိုင္းၿပီးရိုက္ထားတာပါတယ္။ ၾကဳံမွပဲ post တင္ေပးပါ့မယ္။

ကၽြန္ေတာ့အထင္မမွားဘူးဆိုရင္ေတာ့ ပုဂံေခတ္ေႏွာင္ပိုင္းလက္ရာေတြ ျဖစ္ဖို့မ်ားတယ္။ အံဩစရာေကာင္းတာက German မိဘေတြက သူတို့ကေလးေတြေခၚလာၿပီး ကၽြန္ေတာ္တို့ ယဥ္ေက်းမွုအေၾကာင္းကိုသူတို့ကေလးေတြကို ေလ့လာေစတာပါ။

ကၽြန္ေတာ္တို့ဆီက မိဘေတြက ကိုယ္တိုင္းလည္း ကိုယ္ယဥ္ေက်းမွု့အေၾကာင္းမသိ၊ ကေလးေတြကိုလည္း ေလ့လာဖို့ မသြန္သင္။ တျခားလူမ်ိဴးေတြရဲ့ ယဥ္ေက်းမွုကို သိဖို့ဆိုတာ ေဝလာေဝးပါ။

အဲဒီေတာ့ generation by generation က နိုမ့္က်ေနအုံးမွာပါ လို့ျပန္လည္ ေျပာၾကားထားတာဘဲ ျဖစ္ပါတယ္။ပရိတ္သတ္ျကီး အတြက္ ဗဟုသုတရေအာင္ ျပန္လည္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္။Credit

Unicode…နိုင်ငံခြားက ပြတိုက်တစ်ခုမှာ မြန်မာ ရိုးရာယဉ်ကျေးမှုနဲ့ ဘုရားစေတီပုထိုးများကို တန်ဖိုးထားပြီး ပြသထား

ဂျာမနီနိုင်ငံမှာရှိတဲ့ပြတိုက်တစ်ခု အတွင်းမှာ မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့စေတီပုထိုးများကိုတန်ဖိုးထားဖော်ပြထားတာဘဲ ဖြစ်ပါတယ်နော်။ထိုကဲ့သို့ ပြသထားမူကို ဆရာ ဦးသက်‌ဆွေက ခုလိုဘဲပြောပြထားတာ ဖြစ်ပါတယ်။

ဆရာ ဦးသက်ဆွေ ပြောတာက Munich ရောက်တော့ Museum Funf Kontinenteမှာပြနေတဲ့ Myanmar of Pagodas, Longyis and Nat Sprits ကိုသွားကြည့်ဖြစ်ခဲ့ပါတယ်။

ခင်းကျင်းပြသထားတာအတော်လေးအတုယူဖို့ကောင်းပါတယ်။ Textile ပက်သက်တဲ့ ပြခန်းမှာဆိုရင် ပြူတင်းပေါက်နား သွားလိုက်တာနဲ့ယက္ကန်းခတ်သံ ကြားရအောင် လုပ်ပေးထားတာပါ။

ရုပ်သေးရုပ်ပြခန်းဆိုရင် ရုပ်သေးရုပ်ကတဲ့အခါ ရုပ်သေးရုပ်ကလေးတွေ ရဲ့ခြေထောက်နဲ့ ကြမ်းပြင်ထိသံလေးတွေ ကြားရအောင်လုပ်ပေးထားပါတယ်။ပြထားတဲ့ရုပ်သေးရုပ်တွေဟာ ဆိုရင် တကယ့်ကိုအဟောင်းတွေဖြစ်တဲ့အပြင်

ရုပ်သေးရုပ် ၂၈ ရုပ်စလုံး စုံအောင်ပြထားနိူင်တာ အံဩစရာဘဲ ဖြစ်ပါတယ်။ထူးခြားတဲ့ပန်းပုရုပ်ထု ၃ ခုကတော့ အံဩစရာပါ။ အရုပ်က ကြီးပြီးမှန်ခံနေတော့ ဖုန်းနဲ့ဓါတ်ပုံရိုက်ရ အဆင်မပြေလို ကင်မရာနဲ့ပိုင်းပြီးရိုက်ထားတာပါတယ်။ ကြုံမှပဲ post တင်ပေးပါ့မယ်။

ကျွန်တော့အထင်မမှားဘူးဆိုရင်တော့ ပုဂံခေတ်နှောင်ပိုင်းလက်ရာတွေ ဖြစ်ဖို့များတယ်။ အံဩစရာကောင်းတာက German မိဘတွေက သူတို့ကလေးတွေခေါ်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှုအကြောင်းကိုသူတို့ကလေးတွေကို လေ့လာစေတာပါ။

ကျွန်တော်တို့ဆီက မိဘတွေက ကိုယ်တိုင်းလည်း ကိုယ်ယဉ်ကျေးမှု့အကြောင်းမသိ၊ ကလေးတွေကိုလည်း လေ့လာဖို့ မသွန်သင်။ တခြားလူမျိူးတွေရဲ့ ယဉ်ကျေးမှုကို သိဖို့ဆိုတာ ဝေလာဝေးပါ။

အဲဒီတော့ generation by generation က နိုမ့်ကျနေအုံးမှာပါ လို့ပြန်လည် ပြောကြားထားတာဘဲ ဖြစ်ပါတယ်။ပရိတ်သတ်ကြီး အတွက် ဗဟုသုတရအောင် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *