Unicode…တစ်ယောက် တစ်ထောင် လှူဒါန်းမှုလေးကနေ လူနာတင်ယာဉ် တစ်စီးဝယ်ကာ လှူဒါန်းနိုင်ခဲ့ပြီဆိုတဲ့ အိစိကွေး
ကလေးသရုပ်ဆောင်ဘဝတည်းကနေ လက်ရှိ ဆယ်ကျော်သက် ကောင်ချောလေးတစ်ယောက်ဖြစ်လာသူ အိစိကွေးကို ပရိတ်သတ်တေ အားလုံး သိင်္ပြီးသား ဖြစ်မှာပါနော်။
အိစိကွေးဟာ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်အပေါ်မှာ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သူဘဲ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ အိစီကွေးဟာ ဥပဒေမေဂျာအထူးပြုနဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်လဲဖြစ်ပါတယ်။
ကျောင်းပညာရေးတစ်ဖက်နဲ့လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်သူပဲဖြစ်ပါတယ်နော်။ ကိုယ်တိုင်လည်း လှူဒါန်းမှုတွေ လုပ်သလိုပဲ ပရဟိတအလုပ်တွေကိုလည်း ပါဝင်လုပ်ဆောင်တတ်သူလေးဘဲ ဖြစ်ပါတယ်နော်။
အိစိကွေးကတော့ တစ်ယောက်တစ်ထောင်နဲ့ အလှူခံ ပေးခဲ့တဲ့ အလှူငွေနဲ့ လူနာတင်ယာဉ်တစ်စီးဝယ်လိုက်တဲ့ အကြောင်းလေးကို ခုလို လေး ပြောပြလာပါတယ်နော်။ တစ်ယောက် တစ်ထောင် လှူဒါန်းကြတဲ့ အတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ဝိုင်းလှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ Covid လူနာတွေအတွက် Ambulance တစ်စီး ဝယ်ထားပါတယ်။ကားရတာနဲ့ ကျွန်တော် ပြပါမယ်။ လှူဒါန်းမှုအတွက် သာဓု သာဓု သာဓု ပါဗျာ Eisi ဆိုပြီးတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ဖော်ပြလာတာဘဲ ဖြစ်ပါတယ်။
အိစိကွေးကတော့ အလှူငွေ ထည့်ဝင် လှူဒါန်ခဲ့သူတွေအတွက် အလှူဖြစ်မြောက်ကြောင်းစာလေးကို သာဓုခေါ်ဆိုနိုင်အောင် ဖော်ပြခဲ့တာဘဲ ဖြစ်ပါတယ်နော်။ချစ်ပရိတ်ကြီး အားလုံး ရောဂါဘယတေ ကင်းဝေးနိုင်ကြပါစေနော်။credit
Add a Comment
Your email address will not be published. Required fields are marked *