ငါးကန် သန့်ရှင်းစင်ကြယ်စေဖို့ အလုပ်သမားတစ်ဦးကို ငှါးရမ်းမိရာမှ ငါးတွေအကုန်သေဆုံးခဲ့ရတဲ့ အဖြစ်









Unicode…ငါးကန် သန့်ရှင်းစင်ကြယ်စေရန် အလုပ်သမားတစ်ဦးကို ငှါးရမ်းမိရာမှ ငါးတွေအကုန်သေဆုံးခဲ့ရတဲ့ အဖြစ်

@anthraxxxx အမည်နဲ့ Twitter အသုံးပြုသူ Muhd Ashnur အမည်ရှိတဲ့အမျိုးသားကတော့ သူ့ရဲ့ ငါးကန်ကို ဆေးကြောသန့်ရှင်းစေဖိုအတွက် အလုပ်သမားတစ်ယောက်ကို ငှါးရမ်းပြီးနောက်မှာ

ငါးတွေအကုန်လုံးသေဆုံးခဲ့ရတဲ့ အကြောင်းကို ပြန်လည် မျှဝေပေးခဲ့တာပါနော်။ ထိုသူက ငါဒီနေ့ အတော်လေးဒေါသထွက်မိတယ် ၊ ငါ့ရဲ့ ငါးကန်ကိုသန့်ရှင်းပေးဖို့ အလုပ်သမားတစ်ယောက်ငှါးရမ်းခဲ့တယ်။ သူလည်း ဆေးကြောပြီးရော ငါ့ရဲ့ငါးတွေ အကုန်သေ သွားတယ်

ဆိုပြီးတော့ပြန်လည်မျှဝေ ရေးသားခဲ့တာဘဲ ဖြစ်ပါတယ်နော်။ငါးကန်ကိုသန့်ရှင်း ဆေးကြောပေးဖို့ အတွက် အခြားလူတစ်ယောက်ကိုငှါးရမ်းမိတာဟာ မှားသွားတယ်ဆိုတဲ့ အကြောင်းပြချက်ရှိပါတယ်နော် ။

အဲဒီအကြောင်းရင်းကတော့ ငါးကန်ကိုရေလဲမယ်ဆိုရင် ကန်ထဲက 50% သောရေတွေကိုသာ ထုတ်ရမှာဘဲဖြစ်ပါတယ်။ကျန်ရှိနေတဲ့ ရေတစ်ဝက်ကိုတော့ ငါးကန်ထဲမှာ ပြန်ထားရှိရမှာဖြစ်ပါတယ်။

ဘာအတွက်ကြောင့်လဲ ဆိုတော့ ရေတွေအကုန်လဲပစ်လိုက်ရင် ရေအပူချိန် ၊ PH ဒါမှမဟုတ် ရေရဲ့သိပ်သည်းဆတွေက ပြောင်းလဲသွားတဲ့အတွက် ရုတ်တရက်ငါးတွေဟာ shock ရပြီး သေဆုံးကြရလို့ပါဘဲနော်။

ငါးတွေသေဆုံးရုံသာမက ကိုယ့်ရဲ့ငွေကြေးပမာဏတွေလည်း ဆုံးရှုံးသွားရလို့ဘဲဖြစ်ပါတယ်အဲဒီအတွက်ကြောင့် ရေကန်ထဲက ရေတွေကိုလဲလှယ်တဲ့အချိန်မှာ ငါးတွေသေဆုံးသွားစေနိုင်တဲ့ အချက်တွေကိုတော့

လူအတော်များများက comment မှာ အချက်အလက်တွေရေးပြပြီး အဆိုပါအမျိုးသားအတွက် နည်းလမ်းဝေမျှပေးခဲ့ကြတာဘဲ ဖြစ်ပါတယ်နော် ။Source:Jasmine (Mckzone Daily)

Add a Comment

Your email address will not be published. Required fields are marked *