လယ္သမားတစ္ဦး ႏွလုံးေဖာက္လို႔ ေဆးရုံတက္ခိိ်န္မွာ အိမ္နီးနားခ်င္းေတြက ေကာက္ပဲသီးနွံေတြကုိရိတ္သိမ္းေပးခဲ့ျကတဲ့ ျဖစ္ရပ္ေလး

လယ္သမားတစ္ဦး ႏွလုံးေဖာက္လို႔ ေဆးရုံတက္ခိိ်န္မွာ အိမ္နီးနားခ်င္းေတြက ေကာက္ပဲသီးနွံေတြကုိရိတ္သိမ္းေပးခဲ့ျကတဲ့ ျဖစ္ရပ္ေလး

လူတစ္ေယာက္က ဒုကၡေရာက္ေနခ်ိန္မွာ လူအခ်င္းခ်င္းပူးေပါင္းကူညီေပးတာကလည္း မဂၤလာတစ္ပါးပါပဲေနာ္။ တစ္ဦးခ်င္းစီတိုင္းဟာ အဲဒီလိုစိတ္ထားမ်ိဳး ထားတတ္မယ္ဆိုရင္ေတာ့ ကမာၻႀကီးၿငိမ္းခ်မ္းလွပေနမွာ အမွန္ပါဘဲေနာ္။

ေျမာက္ဒါကိုတာျပည္နယ္က လိန္း အန္ဂ်န္ (Lane Uhhjem) ဆိုတဲ့အမ်ိဳးသားတစ္ဦး အခက္အခဲျဖစ္ေနတဲ့အခ်ိန္မွာ သူ႕ရဲ႕အိမ္နီးနားခ်င္းေတြက ဝိုင္းဖြဲ႕ကာ ကူညီေပးခဲ့ၾကတာဘဲ ျဖစ္ပါတယ္ေနာ္။

လိန္းရဲ႕လယ္ကြင္းေတြဟာ စပါးေတြ ရိတ္သိမ္းလို႔ရေနတဲ့အခ်ိန္မွာေတာ့ ေတာမီးေလာင္ေတာ့မယ့္ အေျခအေနျဖစ္ေနတာပါ။ အဲဒီလိုအေျခအေနမ်ိဳးမွာ လိန္းဟာ ႏွလုံးအေမာေဖာက္ၿပီး ေဆး႐ုံတင္ခဲ့ရတာပါ။

ဒါေပမဲ့ စပါးေတြ မရိတ္သိမ္းလိုက္ရတဲ့ သူ႕လယ္ကြင္းကို သူ႕ရဲ႕အိမ္နီးနားခ်င္းေတြ၊ သူငယ္ခ်င္းေတြနဲ႕ မိသားစုေတြက အလုပ္ၿပီးေျမာက္သြားေအာင္ တာဝန္ယူရိတ္သိမ္းေပးခဲ့ၾကတာဘဲ ျဖစ္ပါတယ္ေနာ္။

Divide County က လယ္သမား (၆၀) ဝန္းက်င္ဟာ သူတို႔ရဲ႕ကိုယ္ပိုင္ပစၥည္းေတြနဲ႕ စပါးေတြကို ရိတ္သိမ္းေပးခဲ့တာဘဲ ျဖစ္ပါတယ္ေနာ။ကြၽန္ေတာ္ လယ္သမားေတြကို ေျပာခဲ့တယ္။ သူတို႔ေတြက ပစၥည္းေတြယူလာခဲ့ၿပီး အျခားသူေတြကိုလည္း ေခၚလာခဲ့တယ္။

ေကာင္တီမွာရွိတဲ့ေနရာေတြကေန ရခဲ့တဲ့ လယ္လုပ္ငန္းသုံးပစၥည္းေတြရွိပါတယ္။ သူတို႔အလုပ္သမားေတြကလည္း အဲဒီပစၥည္းေတြနဲ႕ ရိတ္သိမ္းခဲ့တယ္ လို႔ လိန္းရဲ႕မိသားစုသူငယ္ခ်င္း ဂ်န္နာ ဘင္ဒီ (Jenna Binde) က ေျပာတာပါ။

အဖြဲ႕လိုက္ႀကီးက လိန္းရဲ႕စပါးနဲ႕မုံညင္းခင္းေတြ ရိတ္သိမ္းၿပီးစီးဖို႔အတြက္ ေကာက္ပဲသီးႏွံတြန္းလွည္း (၆) ခုနဲ႕ လယ္ထြန္းစက္ ေနာက္တြဲ (၁၅) ခုတို႔ကို အသုံးျပဳခဲ့ၾကတာပါ။အဖြဲ႕လိုက္စြမ္းအားေၾကာင့္ (၇) နာရီနဲ႕ ဧက (၁၀၀၀) ကို ရိတ္သိမ္းခဲ့ျကတာပါ။

လိန္းကို ကူညီေပးခဲ့ၾကတဲ့သူေတြက လိန္းရဲ႕ေကာက္ပဲသီးႏွံေတြကို မရိတ္သိမ္းဘဲ ဒီအတိုင္းထားလိုက္မယ္ဆိုရင္ မိသားစုအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈႀကီးျဖစ္ပါလိမ့္မယ္လို႔ ေျပာျပပါတယ္။လူတိုင္းက လိန္းတို႔မိသားစုကို သိတယ္။

သူတို႔ေတြက လူေကာင္းေတြပါ။ သူတို႔အသိုင္းအဝိုင္းမွာလည္း ေကာင္းပါတယ္။ ဒါက လယ္သမားဘဝေတြပါပဲ။ သူတို႔လိုအပ္တဲ့အခါ ဘာအက်ိဳးအျမတ္မွ မေမွ်ာ္ကိုးဘဲ အိမ္နီးနားခ်င္းကို ကူညီခဲ့တယ္ လို႔ ဘင္ဒီက ေျပာျပခဲ့တာပါ။

လိန္း ေဆး႐ုံေရာက္သြားၿပီးတဲ့ေနာက္မွာ အသက္ေဘးကေန လြတ္သြားခဲ့ၿပီး အေျခအေနတည္ၿငိမ္သြားျပီဘဲ ျဖစ္ပါတယ္။ ဒါေပမဲ့ သူ ျပန္လည္ေကာင္းမြန္လာဖို႔ ခရီးရွည္ႀကီးရွိေသးတယ္လို႔ သူ႕မိသားစုရဲ႕ေျပာစကားအရ သိရပါတယ္ေနာ္။credit:yoyarlay

Unicode…လယ်သမားတစ်ဦး နှလုံးဖောက်လို့ ဆေးရုံတက်ခိျိန်မှာ အိမ်နီးနားချင်းတွေက ကောက်ပဲသီးနှံတွေကိုရိတ်သိမ်းပေးခဲ့ကြတဲ့ ဖြစ်ရပ်လေး

လူတစ်ယောက်က ဒုက္ခရောက်နေချိန်မှာ လူအချင်းချင်းပူးပေါင်းကူညီပေးတာကလည်း မင်္ဂလာတစ်ပါးပါပဲနော်။ တစ်ဦးချင်းစီတိုင်းဟာ အဲဒီလိုစိတ်ထားမျိုး ထားတတ်မယ်ဆိုရင်တော့ ကမ္ဘာကြီးငြိမ်းချမ်းလှပနေမှာ အမှန်ပါဘဲနော်။

မြောက်ဒါကိုတာပြည်နယ်က လိန်း အန်ဂျန် (Lane Uhhjem) ဆိုတဲ့အမျိုးသားတစ်ဦး အခက်အခဲဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့အိမ်နီးနားချင်းတွေက ဝိုင်းဖွဲ့ကာ ကူညီပေးခဲ့ကြတာဘဲ ဖြစ်ပါတယ်နော်။

လိန်းရဲ့လယ်ကွင်းတွေဟာ စပါးတွေ ရိတ်သိမ်းလို့ရနေတဲ့အချိန်မှာတော့ တောမီးလောင်တော့မယ့် အခြေအနေဖြစ်နေတာပါ။ အဲဒီလိုအခြေအနေမျိုးမှာ လိန်းဟာ နှလုံးအမောဖောက်ပြီး ဆေးရုံတင်ခဲ့ရတာပါ။

ဒါပေမဲ့ စပါးတွေ မရိတ်သိမ်းလိုက်ရတဲ့ သူ့လယ်ကွင်းကို သူ့ရဲ့အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေက အလုပ်ပြီးမြောက်သွားအောင် တာဝန်ယူရိတ်သိမ်းပေးခဲ့ကြတာဘဲ ဖြစ်ပါတယ်နော်။

Divide County က လယ်သမား (၆၀) ဝန်းကျင်ဟာ သူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေနဲ့ စပါးတွေကို ရိတ်သိမ်းပေးခဲ့တာဘဲ ဖြစ်ပါတယ်နော။ကျွန်တော် လယ်သမားတွေကို ပြောခဲ့တယ်။ သူတို့တွေက ပစ္စည်းတွေယူလာခဲ့ပြီး အခြားသူတွေကိုလည်း ခေါ်လာခဲ့တယ်။

ကောင်တီမှာရှိတဲ့နေရာတွေကနေ ရခဲ့တဲ့ လယ်လုပ်ငန်းသုံးပစ္စည်းတွေရှိပါတယ်။ သူတို့အလုပ်သမားတွေကလည်း အဲဒီပစ္စည်းတွေနဲ့ ရိတ်သိမ်းခဲ့တယ် လို့ လိန်းရဲ့မိသားစုသူငယ်ချင်း ဂျန်နာ ဘင်ဒီ (Jenna Binde) က ပြောတာပါ။

အဖွဲ့လိုက်ကြီးက လိန်းရဲ့စပါးနဲ့မုံညင်းခင်းတွေ ရိတ်သိမ်းပြီးစီးဖို့အတွက် ကောက်ပဲသီးနှံတွန်းလှည်း (၆) ခုနဲ့ လယ်ထွန်းစက် နောက်တွဲ (၁၅) ခုတို့ကို အသုံးပြုခဲ့ကြတာပါ။အဖွဲ့လိုက်စွမ်းအားကြောင့် (၇) နာရီနဲ့ ဧက (၁၀၀၀) ကို ရိတ်သိမ်းခဲ့ကြတာပါ။

လိန်းကို ကူညီပေးခဲ့ကြတဲ့သူတွေက လိန်းရဲ့ကောက်ပဲသီးနှံတွေကို မရိတ်သိမ်းဘဲ ဒီအတိုင်းထားလိုက်မယ်ဆိုရင် မိသားစုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ပါလိမ့်မယ်လို့ ပြောပြပါတယ်။လူတိုင်းက လိန်းတို့မိသားစုကို သိတယ်။

သူတို့တွေက လူကောင်းတွေပါ။ သူတို့အသိုင်းအဝိုင်းမှာလည်း ကောင်းပါတယ်။ ဒါက လယ်သမားဘဝတွေပါပဲ။ သူတို့လိုအပ်တဲ့အခါ ဘာအကျိုးအမြတ်မှ မမျှော်ကိုးဘဲ အိမ်နီးနားချင်းကို ကူညီခဲ့တယ် လို့ ဘင်ဒီက ပြောပြခဲ့တာပါ။

လိန်း ဆေးရုံရောက်သွားပြီးတဲ့နောက်မှာ အသက်ဘေးကနေ လွတ်သွားခဲ့ပြီး အခြေအနေတည်ငြိမ်သွားပြီဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ ပြန်လည်ကောင်းမွန်လာဖို့ ခရီးရှည်ကြီးရှိသေးတယ်လို့ သူ့မိသားစုရဲ့ပြောစကားအရ သိရပါတယ်နော်။credit:yoyarlay

Add a Comment

Your email address will not be published. Required fields are marked *