ကမၻာ့ပထမဆုံး ကုိဗစ္ ကာကြယ္ေဆး Sputnik V ကို ျပည္ပသို့ စတင္ပို့ၿပီဟု သိရ 

ကမၻာ့ပထမဆုံး ကုိဗစ္ ကာကြယ္ေဆး Sputnik V ကို ျပည္ပသို့ စတင္ပို့ၿပီဟု သိရ

႐ုရွားနုိင္ငံက ၎ရဲ့ ကမၻာ့ပထမဆုံး COVID-19 ကာကြယ္ေဆး Sputnik V ပထမအသုတ္ကို သူ႔နိုင္ငံရဲ့ ေဒသ ၈၅ ခုလုံးကို ျဖန္႔ၾကက္ေပးပို့လိုက္ၿပီးေတာ့ တတိယအဆင့္အေနနဲ႔ေနာက္ဆုံးအဆင့္စမ္းသပ္မွုကို

႐ုရွားနိုင္ငံသား ၄၀၀၀၀ နဲ႔စတင္ခဲ့တယ္လို့သိရပါတယ္။ အခုလက္ရွိခ်ိန္မွာ နိုင္ငံသား ၃၅၀၀၀ ထိ ကာကြယ္ေဆးထိုးၿပီးသြားၿပီျဖစ္ျပီးေတာ့ ရလဒ္ေကာင္းမြန္ေနတယ္လို့ဆိုပါတယ္ေနာ္။

ပထမဆုံး စမ္းသပ္ခဲ့သူ ၇၆ ဦးတြင္ ေဆးအာနိသင္ဟာ ၁၀၀% အစြမ္းျပခဲ့ၿပီးေတာ့ COVID-19 ကိုတြန္းလွန္နိုင္တဲ့ antibody ကိုလုံေလာက္စြာ ထုတ္ေပးနိုင္တာကိုေတြ႕ရွိရတယ္လို့ ေျပာျကားခဲ့ပါတယ္။

ယခုအခ်ိန္မွာ ဘရာဇီးနိုင္ငံက ႐ုရွားရဲ့ Sputnik V ကို အေရအတြက္ သန္း ၅၀ ဝယ္ယူဖို့ညႇိုႏွိုင္းထားၿပီးေတာ့ ၎တို့ရဲ့ျပည္နယ္တစ္ခုျဖစ္တဲ့ ဘာဗီယာျပည္နယ္မွာ စတင္ျဖန္႔ခ်ီဖို့ လုပ္ေဆာင္ေနပါၿပီ လို့သိရပါတယ္။

မကၠဆီကိုနိုင္ငံဟာလည္း သူတို့နိုင္ငံအတြက္ ကာကြယ္ေဆး ၃၃ သန္းဝယ္ယူဖို့အတြက္ ႐ုရွားနဲ႔ညႇိုႏွိုင္းထားတယ္လို့ဆိုပါတယ္ေနာ္။

Sputnik V ဟာ ထိုးေဆး ၂ ႀကိမ္ထိုးရမည့္ ကာကြယ္ေဆးအမ်ိဳးအစားျဖစ္ၿပီးေတာ့ COVID-19 ေပ်ာက္ကင္းေစတဲ့ေဆးမဟုတ္တဲ့ ကာကြယ္ေဆးသီးသန္႔ျဖစ္တယ္လို့ သိရပါတယ္ေနာ္။ Crd: က်န္းမာေရး

Unicode…ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Sputnik V ကို ပြည်ပသို့ စတင်ပို့ပြီဟု သိရ

ရုရှားနိုင်ငံက ၎င်းရဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Sputnik V ပထမအသုတ်ကို သူ့နိုင်ငံရဲ့ ဒေသ ၈၅ ခုလုံးကို ဖြန့်ကြက်ပေးပို့လိုက်ပြီးတော့ တတိယအဆင့်အနေနဲ့နောက်ဆုံးအဆင့်စမ်းသပ်မှုကို

ရုရှားနိုင်ငံသား ၄၀၀၀၀ နဲ့စတင်ခဲ့တယ်လို့သိရပါတယ်။ အခုလက်ရှိချိန်မှာ နိုင်ငံသား ၃၅၀၀၀ ထိ ကာကွယ်ဆေးထိုးပြီးသွားပြီဖြစ်ပြီးတော့ ရလဒ်ကောင်းမွန်နေတယ်လို့ဆိုပါတယ်နော်။

ပထမဆုံး စမ်းသပ်ခဲ့သူ ၇၆ ဦးတွင် ဆေးအာနိသင်ဟာ ၁၀၀% အစွမ်းပြခဲ့ပြီးတော့ COVID-19 ကိုတွန်းလှန်နိုင်တဲ့ antibody ကိုလုံလောက်စွာ ထုတ်ပေးနိုင်တာကိုတွေ့ရှိရတယ်လို့ ပြောကြားခဲ့ပါတယ်။

ယခုအချိန်မှာ ဘရာဇီးနိုင်ငံက ရုရှားရဲ့ Sputnik V ကို အရေအတွက် သန်း ၅၀ ဝယ်ယူဖို့ညှိုနှိုင်းထားပြီးတော့ ၎င်းတို့ရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ ဘာဗီယာပြည်နယ်မှာ စတင်ဖြန့်ချီဖို့ လုပ်ဆောင်နေပါပြီ လို့သိရပါတယ်။

မက္ကဆီကိုနိုင်ငံဟာလည်း သူတို့နိုင်ငံအတွက် ကာကွယ်ဆေး ၃၃ သန်းဝယ်ယူဖို့အတွက် ရုရှားနဲ့ညှိုနှိုင်းထားတယ်လို့ဆိုပါတယ်နော်။

Sputnik V ဟာ ထိုးဆေး ၂ ကြိမ်ထိုးရမည့် ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီးတော့ COVID-19 ပျောက်ကင်းစေတဲ့ဆေးမဟုတ်တဲ့ ကာကွယ်ဆေးသီးသန့်ဖြစ်တယ်လို့ သိရပါတယ်နော်။ Crd: ကျန်းမာရေး

Add a Comment

Your email address will not be published. Required fields are marked *