လူတစ္သိန္းကိုေကၽြးေမြးရတာနဲ႔ ညီမၽွတဲ့ ကုသိုလ္ရသည့္ ဘုရားရွစ္ခိုးနည္း

လူတစ္သိန္းကိုေကၽြးေမြးရတာနဲ႔ ညီမၽွတဲ့ ကုသိုလ္ရသည့္ဘုရားရွိခိုးနည္း

ဘုရားတစ္ျကိမ္ ရွိခိုးရာမွာ လူတစ္သိန္ းေကၽြးရတာနဲ႔ ညီမၽွတဲ့ ကုသိုလ္ရတဲ့ ဘုရားရွိခိုးနည္းရွိပါတယ္ေနာ္။ဘယ္လို ဘုရားရွိခိုးမလဲဆိုတာကေတာ့

မျမဲေသာ ဤခႏၶာကိုယ္ကို ကိေလသာ အပူခပ္သိမ္းမွ ကင္းၿငိမ္းေတာ္ မူၿပီးေသာ ဘုရား တရား သံဃာအား လွူဒါန္းပါ၏ ဘုရား။(တစ္ႀကိမ္ ရွိခိုးလိုက္) ဆင္းရဲေသာ ဤခႏၶာကိုယ္ကို ကိေလသာ အပူခပ္သိမ္းမွ

ကင္းၿငိမ္းေတာ္ မူၿပီးေသာ ဘုရား တရား သံဃာအား လွူဒါန္းပါ၏ဘုရား။(တစ္ႀကိမ္ ရွိခိုးလိုက္)။အစိုးမရေသာ ဤခႏၶာကိုယ္ကို ကိေလသာ အပူခပ္သိမ္းမွ ကင္းၿငိမ္းေတာ္မူၿပီးေသာ ဘုရား တရား သံဃာအား လွူဒါန္းပါ၏ဘုရား။

(တစ္ႀကိမ္ ရွိခိုးလိုက္)။ဤသို့အားျဖင့္ ရတနာသုံးပါးကိုသုံးႀကိမ္သုံးခါ ရွိခိုးပူေဇာ္ပါ။အင္မတန္ အက်ိဳးမ်ားတဲ့ဘုရားရွိခိုးနည္းေလးပါေနာ္။ဘာအတြက္လဲ ဆုိေတာ့ မျမဲေသာ မိမိခႏၶာ ကိုယ္ႀကီးကို မျမဲတဲ့အေၾကာင္း

ပြားတာက ဝိပႆနာျဖစ္ပါတယ္။(မျမဲျခင္း ၊ဆင္းရဲျခင္း၊ အစိုးမရျခင္း)ကိေလသာမရွိတဲ့ ဘုရား ၊ ကိေလသာ ကင္းေၾကာင္းျဖစ္တဲ့ တရား ၊ ကိေလသာ ကင္းၿပီးတဲ့ သံဃာေတြကို အာ႐ုံျပဳတာက သမထျဖစ္ပါတယ္။

လွူဒါန္းပါ၏ ဆိုတာက ဒါနပါေနာ္။ ဒါနေရာ သမထေရာ ဝိပႆနာေရာ ကုသိုလ္ အကုန္ပါသြားတဲ့ ဘုရားရွိခိုးနည္းဘဲျဖစ္ပါတယ္ေနာ္။(မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး)

Unicode…လူတစ်သိန်းကိုကျွေးမွေးရတာနဲ့ ညီမျှတဲ့ ကုသိုလ်ရသည့်ဘုရားရှိခိုးနည်း ဘုရားရှိခိုးနည်း

ဘုရားတစ်ကြိမ် ရှိခိုးရာမှာ လူတစ်သိန် းကျွေးရတာနဲ့ ညီမျှတဲ့ ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိပါတယ်နော်။ဘယ်လို ဘုရားရှိခိုးမလဲဆိုတာကတော့

မမြဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော် မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ ဘုရား။(တစ်ကြိမ် ရှိခိုးလိုက်) ဆင်းရဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ

ကင်းငြိမ်းတော် မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ဘုရား။(တစ်ကြိမ် ရှိခိုးလိုက်)။အစိုးမရသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ဘုရား။

(တစ်ကြိမ် ရှိခိုးလိုက်)။ဤသို့အားဖြင့် ရတနာသုံးပါးကိုသုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။အင်မတန် အကျိုးများတဲ့ဘုရားရှိခိုးနည်းလေးပါနော်။ဘာအတွက်လဲ ဆိုတော့ မမြဲသော မိမိခန္ဓာ ကိုယ်ကြီးကို မမြဲတဲ့အကြောင်း

ပွားတာက ဝိပဿနာဖြစ်ပါတယ်။(မမြဲခြင်း ၊ဆင်းရဲခြင်း၊ အစိုးမရခြင်း)ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာ ကင်းကြောင်းဖြစ်တဲ့ တရား ၊ ကိလေသာ ကင်းပြီးတဲ့ သံဃာတွေကို အာရုံပြုတာက သမထဖြစ်ပါတယ်။

လှူဒါန်းပါ၏ ဆိုတာက ဒါနပါနော်။ ဒါနရော သမထရော ဝိပဿနာရော ကုသိုလ် အကုန်ပါသွားတဲ့ ဘုရားရှိခိုးနည်းဘဲဖြစ်ပါတယ်နော်။(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

Add a Comment

Your email address will not be published. Required fields are marked *