ကုိဗစ္ေျကာင့္ ဆံုးပါးသြားခဲ့တဲ့ ဗဟိုစည္ေဆး႐ုံမွ သူနာျပဳေလးရဲ့ ျဖစ္စဥ္ကုိ ေျပာျပတဲ့ ဖခင္ျဖစ္သူ

ကုိဗစ္ေျကာင့္ ဆံုးပါးသြားခဲ့တဲ့ ဗဟိုစည္ေဆး႐ုံမွ သူနာျပဳေလးရဲ့ ျဖစ္စဥ္ကုိ ေျပာျပတဲ့ ဖခင္ျဖစ္သူ

ဗဟိုစည္ေဆး႐ုံတြင္ သူနာျပဳအကူအျဖစ္ တာဝန္ထမ္းေဆာင္ေနသည့္ မခင္မ်ိဳးသူ(အသက္၂၃ႏွစ္)သည္ Covid19 ေရာဂါျဖင့္ စက္တင္ဘာ ၁၈ ရက္ နံနက္ပိုင္တြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ ကြယ္လြန္ခဲ့တာဘဲ ျဖစ္ပါတယ္။မခင္မ်ိဳးသူဟာ

ဧရာဝတီတိုင္းေဒသႀကီး ပန္းတေနာ္ၿမိဳ့နယ္၊ မင္ဂ႐ုေက်းရြာအုပ္စု ေက်ာင္းရြာေက်းရြာမွာ ေနထိုင္တဲ့ ဦးေအာင္ေဇာ္လင္းႏွင့္ေဒၚ ခင္ေဌးရီတို့၏ သမီးျဖစ္ပါတယ္။ သမီးျဖစ္သူ Covid19 ေရာဂါျဖင့္ ကြယ္လြန္ခဲ့သည့္အေပၚ

ဖခင္ျဖစ္သူ ဦးေအာင္ေဇာ္လင္းႏွင့္ဆက္သြယ္ေမးျမန္းထားမွုမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ေမး။ ဦးေလးရဲ့သမီး ေရာဂါစျဖစ္တဲ့အခ်ိန္ကေန ကြယ္လြန္ခ်ိန္အထိ ၾကဳံေတြ႕ခဲ့ရတဲ့ျဖစ္စဥ္ကို ေျပာျပေပးပါလား။

ေျဖ။ သူနဲ႔အတူေနတဲ့ သူ႔သူငယ္ခ်င္း မခင္သိုက္က ဦးဆီကို ဖုန္းဆက္တယ္။ဒီလ ၁ဝရက္ေန႔ေလာက္က ထင္တယ္။ ဦးေရ ခင္မ်ိဳးသူကေတာ့ ဒီမွာ အေျခအေနမေကာင္းဘူး။ ရင္​ေတြတုန္တယ္ ေခါင္းေတြမူးတယ္ ျဖစ္ေနတယ္တဲ့။ အဲဒီအခ်ိန္ သူတို့ေဆး႐ုံက Lockdown အခ်ခံထားရတယ္။

သားသမီးေဇာဆိုေတာ့ သမီးကို အျပင္မွာ ေဆးကုဖို့ ကၽြန္ေတာ္ ရြာက ပရဟိတကားနဲ႔ ရန္ကုန္တိုင္းက ႀကိဳဆိုပါ၏ဆိုတဲ့ ဆိုင္ဘုတ္နားအထိ ကၽြန္ေတာ္လာတယ္။ အဲဒီအခ်ိန္မွာ သမီးကို ရန္ကုန္မွာရွိတဲ့ ကၽြန္ေတာ့္ ေယာက္ဖကို တကၠစီနဲ႔ ေခၚခိုင္းလိုက္တယ္။

ၿပီးေတာ့ ေတာင္ဥကၠလာက ေဆး႐ုံတ႐ုံမွာ သြားျပေတာ့ ေဆး႐ုံက ကိုယ္ေတြပူေနလို့ လက္မခံဘူးလို့​ေျပာတယ္။ အဲဒါနဲ႔ သကၤန္းကၽြန္းစံျပေဆး႐ုံကို သြားျပၾကတယ္။ ေတာင္ဥကၠလာက ေဆး႐ုံကို သူနဲ႔အတူေနတဲ့သူငယ္ခ်င္းေတြပါ လိုက္ပို့ၾကတာ။

ၿပီးေတာ့ အဲဒီမွာပဲက်န္ခဲ့ၿပီး စံျပေဆး႐ုံကိုေတာ့ မလိုက္ၾကေတာ့ဘူး။ ကၽြန္ေတာ္လည္း စံျပေဆး႐ုံကို လိုက္သြားတယ္။ သမီးကိုေတြ႕ေတာ့ ဝွီးခ်ဲေပၚမွာ သူ႔ကိုယ္သူေတာင္ မသယ္နိုင္ေတာ့ဘူး။ ေခါင္းလဲမထူနိုင္ေတာ့ဘူး။ အဲဒီက အာထရာေဆာင္းေတြ ဘာေတြရိုက္တယ္။တကယ္လို့

မသက္သာရင္ ေနာက္ေန႔လာျပပါဆိုၿပီး ေျပာလိုက္တယ္။ အဲဒါနဲ႔ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့သမီးနဲ႔ ေဒါပုံက ကၽြန္ေတာ့္အစ္ကိုအိမ္မွာ ညအိပ္ဖို့သြားၾကတယ္။ သူတို့က ငါးလႊာမွာေနတာ။ ကၽြန္ေတာ့္သမီးကို ငါးလႊာအထိ ကုန္းပိုးၿပီးေတာ့ ကၽြန္ေတာ္ခ်ီသြားတာ။

တိုက္ခန္းေပၚေရာက္ေတာ့ သမီးက ေသးေပါက္လို့ ေပါက္မွန္းလည္း မသိေတာ့ဘူး။ ကၽြန္ေတာ္တို့လည္း တညလုံးျပဳစုေပါ့ေလ။ ေနာက္ေန႔မနက္က်ေတာ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံကို သြားျပတယ္။ ေဆး႐ုံက ႏွာေခါင္းတို့ပတ္တို့ အာေခါင္တို့ပတ္တို့ ယူလိုက္တယ္။ၿပီးေတာ့ သမီးက ဆီးခ်ိဳေသြးခ်ိဳေတြ တအားတက္ေနတယ္တဲ့။

သူ႔အေမမွာ ဆီးခ်ိဳရွိလားလို့ေမးတယ္။ သူ႔အေမမွာလည္း မရွိဘူး။ ကၽြန္ေတာ့္မွာလည္း မရွိဘူးလို့ ေျဖလိုက္တယ္။ ည ၉နာရီခြဲ ၁ဝနာရီေလာက္က်ေတာ့

ေဆး႐ုံေျပာင္းရမယ္ဆိုၿပီးေတာ့ ေဆး႐ုံဝင္းထဲက တျခားေနရာကို ေရြ႕လိုက္တယ္။ အဲဒီအခ်ိန္မွာ သမီးက သတိမရေတာ့ဘူး။ ေနာက္ေန႔ မနက္က်ေတာ့ ဆုံးသြားတာေပါ့ေလ ဟု ေျပာျပလာတာပါ။

ေမး။ ဆုံးၿပီးသြားမွ Covid -19 လို့ သိရတာလား။ ေဆး႐ုံက ဦးေလးကို ဘယ္လိုလာေျပာတာလဲ။

ေျဖ။ ဆုံးၿပီးသြားမွ Covid-19 Positive လို့ ေဆး႐ုံကေျပာတာ။ အဲဒီက တာဝန္က်တဲ့ ဝန္ထမ္းတေယာက္က ညီေလးေရ မင္းရဲ့သမီးကိုေတာ့ နိုင္ငံေတာ္က ကုန္က်စရိတ္ခံၿပီး အကုန္လုပ္ေပးပါ့မယ္လို့ လာေျပာတယ္။ ကၽြန္ေတာ့္သမီးကို မီးသၿဂႋဳလ္လိုက္လား။ ေျမျမႇုပ္လိုက္လား ကၽြန္ေတာ္မသိပါဘူး။

ေမး။ ေငြေၾကးကူညီေထာက္ပံ့တာမ်ိဳးေရာရွိလား။ ေျဖ။ သမီးမဆုံးခင္ တရက္မွာ ဗဟိုစည္ ေဆး႐ုံက အန္တီစိုးဆိုတဲ့ အမ်ိဳးသမီးတေယာက္ ဖုန္းဆက္တယ္။ ေငြတသိန္းလႊဲေပးပါ့မယ္ဆိုၿပီး လႊဲေပးတယ္။ ေက်းဇူးတင္ပါတယ္လို့ ကၽြန္ေတာ္ျပန္ေျပာလိုက္ပါတယ္။ခဏေနေတာ့

ေဆး႐ုံးႀကီးက ဆရာမတေယာက္က ဦးေအာင္ေဇာ္လင္းကို ေငြတသိန္းလႊဲေပးလိုက္တယ္လို့ လာေျပာတယ္။ သူတို့အခ်င္းခ်င္းလည္း သိတယ္နဲ႔တူပါတယ္။ ကၽြန္ေတာ္လည္း တ​ေယာက္တည္းျဖစ္ေနေတာ့ အဲဒီဆရာမကို ဆရာမပဲ ယူထားလိုက္ပါ။

ေဆးဖိုးလိုရင္ အဲဒီထဲကပဲသုံးပါဆိုၿပီး ေပးထားလိုက္တယ္။ ၿပီးေတာ့ ေဘာက္ခ်ာလာေပးပါတယ္။ ရွစ္ေထာင္ပဲ ပိုပါေတာ့တယ္။ ကၽြန္ေတာ့္မွာ အခု အဲဒီရွစ္ေထာင္ရွိပါတယ္။ ဒါ ေဆး႐ုံက ကူညီတာပါ။ သမီးဆုံးၿပီးတဲ့အခ်ိန္ကေန အခုထိေတာ့ ဆက္သြယ္တာ မရွိေသးပါဘူး။

ေမး။ အခုဦးေလးရဲ့ က်န္းမာေရးအေျခအေနေရာ ဘယ္လိိုရွိပါလဲ။ ေျဖ။ ကၽြန္ေတာ့္က်န္းမာေရးကေတာ့ ေကာင္းပါတယ္။ အ ရန္ကုန္မွာ Quarantine ဝင္ေနတာ ၃ ရက္ရွိပါၿပီ။ ေမး။ ျဖည့္စြက္ေျပာခ်င္တာရွိရင္ ေျပာျပေပးပါ။

ေျဖ။ ကၽြန္ေတာ္တို့ကေတာ့ ဘာမွ မလိုခ်င္ပါဘူး။ သူရဲ့ကံၾကမၼာကိုယ္က ဒီေရာဂါနဲ႔ေသရမယ္ဆိုတာ ပါလာၿပီးမို့ ဒီလိုျဖစ္သြားတယ္လို့ပဲ သေဘာထားပါတယ္။ ေနာင္တေတာ့ ရတာေပါ့ကြာ။

ငါ့သမီးေလး မေသခင္တုန္းက ျပဳစုေစာင့္ေရွာက္ေပးခဲ့တဲ့ သူ႔သူငယ္ခ်င္းေတြ သုံးေလးေယာက္ေလာက္ ရွိေသးတယ္ကြ။သူတို့အတြက္ ငါစိတ္ပူတယ္ကြာ လို့ ခခင္မ်ဳိးသူရဲ့ ဖခင္ျဖစ္သူက ခုလိုဘဲျပန္လည္ ေျဖျကားေပးခဲ့တာပါ။Source:နႏၵမ်ိဳးေဆာင္

Unicode…ကိုဗစ်ကြောင့် ဆုံးပါးသွားခဲ့တဲ့ ဗဟိုစည်ဆေးရုံမှ သူနာပြုလေးရဲ့ ဖြစ်စဉ်ကို ပြောပြတဲ့ ဖခင်ဖြစ်သူ

ဗဟိုစည်ဆေးရုံတွင် သူနာပြုအကူအဖြစ် တာဝန်ထမ်းဆောင်နေသည့် မခင်မျိုးသူ(အသက်၂၃နှစ်)သည် Covid19 ရောဂါဖြင့် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့တာဘဲ ဖြစ်ပါတယ်။မခင်မျိုးသူဟာ

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မင်ဂရုကျေးရွာအုပ်စု ကျောင်းရွာကျေးရွာမှာ နေထိုင်တဲ့ ဦးအောင်ဇော်လင်းနှင့်ဒေါ် ခင်ဌေးရီတို့၏ သမီးဖြစ်ပါတယ်။ သမီးဖြစ်သူ Covid19 ရောဂါဖြင့် ကွယ်လွန်ခဲ့သည့်အပေါ်

ဖခင်ဖြစ်သူ ဦးအောင်ဇော်လင်းနှင့်ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြပေးလိုက်ပါတယ်နော်။ မေး။ ဦးလေးရဲ့သမီး ရောဂါစဖြစ်တဲ့အချိန်ကနေ ကွယ်လွန်ချိန်အထိ ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို ပြောပြပေးပါလား။

ဖြေ။ သူနဲ့အတူနေတဲ့ သူ့သူငယ်ချင်း မခင်သိုက်က ဦးဆီကို ဖုန်းဆက်တယ်။ဒီလ ၁ဝရက်နေ့လောက်က ထင်တယ်။ ဦးရေ ခင်မျိုးသူကတော့ ဒီမှာ အခြေအနေမကောင်းဘူး။ ရင်တွေတုန်တယ် ခေါင်းတွေမူးတယ် ဖြစ်နေတယ်တဲ့။ အဲဒီအချိန် သူတို့ဆေးရုံက Lockdown အချခံထားရတယ်။

သားသမီးဇောဆိုတော့ သမီးကို အပြင်မှာ ဆေးကုဖို့ ကျွန်တော် ရွာက ပရဟိတကားနဲ့ ရန်ကုန်တိုင်းက ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်ဘုတ်နားအထိ ကျွန်တော်လာတယ်။ အဲဒီအချိန်မှာ သမီးကို ရန်ကုန်မှာရှိတဲ့ ကျွန်တော့် ယောက်ဖကို တက္ကစီနဲ့ ခေါ်ခိုင်းလိုက်တယ်။

ပြီးတော့ တောင်ဥက္ကလာက ဆေးရုံတရုံမှာ သွားပြတော့ ဆေးရုံက ကိုယ်တွေပူနေလို့ လက်မခံဘူးလို့ပြောတယ်။ အဲဒါနဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကို သွားပြကြတယ်။ တောင်ဥက္ကလာက ဆေးရုံကို သူနဲ့အတူနေတဲ့သူငယ်ချင်းတွေပါ လိုက်ပို့ကြတာ။

ပြီးတော့ အဲဒီမှာပဲကျန်ခဲ့ပြီး စံပြဆေးရုံကိုတော့ မလိုက်ကြတော့ဘူး။ ကျွန်တော်လည်း စံပြဆေးရုံကို လိုက်သွားတယ်။ သမီးကိုတွေ့တော့ ဝှီးချဲပေါ်မှာ သူ့ကိုယ်သူတောင် မသယ်နိုင်တော့ဘူး။ ခေါင်းလဲမထူနိုင်တော့ဘူး။ အဲဒီက အာထရာဆောင်းတွေ ဘာတွေရိုက်တယ်။တကယ်လို့

မသက်သာရင် နောက်နေ့လာပြပါဆိုပြီး ပြောလိုက်တယ်။ အဲဒါနဲ့ ကျွန်တော်နဲ့ ကျွန်တော့သမီးနဲ့ ဒေါပုံက ကျွန်တော့်အစ်ကိုအိမ်မှာ ညအိပ်ဖို့သွားကြတယ်။ သူတို့က ငါးလွှာမှာနေတာ။ ကျွန်တော့်သမီးကို ငါးလွှာအထိ ကုန်းပိုးပြီးတော့ ကျွန်တော်ချီသွားတာ။

တိုက်ခန်းပေါ်ရောက်တော့ သမီးက သေးပေါက်လို့ ပေါက်မှန်းလည်း မသိတော့ဘူး။ ကျွန်တော်တို့လည်း တညလုံးပြုစုပေါ့လေ။ နောက်နေ့မနက်ကျတော့ ရန်ကုန်ပြည်သူ့ဆေးရုံကို သွားပြတယ်။ ဆေးရုံက နှာခေါင်းတို့ပတ်တို့ အာခေါင်တို့ပတ်တို့ ယူလိုက်တယ်။ပြီးတော့ သမီးက ဆီးချိုသွေးချိုတွေ တအားတက်နေတယ်တဲ့။

သူ့အမေမှာ ဆီးချိုရှိလားလို့မေးတယ်။ သူ့အမေမှာလည်း မရှိဘူး။ ကျွန်တော့်မှာလည်း မရှိဘူးလို့ ဖြေလိုက်တယ်။ ည ၉နာရီခွဲ ၁ဝနာရီလောက်ကျတော့

ဆေးရုံပြောင်းရမယ်ဆိုပြီးတော့ ဆေးရုံဝင်းထဲက တခြားနေရာကို ရွေ့လိုက်တယ်။ အဲဒီအချိန်မှာ သမီးက သတိမရတော့ဘူး။ နောက်နေ့ မနက်ကျတော့ ဆုံးသွားတာပေါ့လေ ဟု ပြောပြလာတာပါ။

မေး။ ဆုံးပြီးသွားမှ Covid -19 လို့ သိရတာလား။ ဆေးရုံက ဦးလေးကို ဘယ်လိုလာပြောတာလဲ။

ဖြေ။ ဆုံးပြီးသွားမှ Covid-19 Positive လို့ ဆေးရုံကပြောတာ။ အဲဒီက တာဝန်ကျတဲ့ ဝန်ထမ်းတယောက်က ညီလေးရေ မင်းရဲ့သမီးကိုတော့ နိုင်ငံတော်က ကုန်ကျစရိတ်ခံပြီး အကုန်လုပ်ပေးပါ့မယ်လို့ လာပြောတယ်။ ကျွန်တော့်သမီးကို မီးသင်္ဂြိုလ်လိုက်လား။ မြေမြှုပ်လိုက်လား ကျွန်တော်မသိပါဘူး။

မေး။ ငွေကြေးကူညီထောက်ပံ့တာမျိုးရောရှိလား။ ဖြေ။ သမီးမဆုံးခင် တရက်မှာ ဗဟိုစည် ဆေးရုံက အန်တီစိုးဆိုတဲ့ အမျိုးသမီးတယောက် ဖုန်းဆက်တယ်။ ငွေတသိန်းလွှဲပေးပါ့မယ်ဆိုပြီး လွှဲပေးတယ်။ ကျေးဇူးတင်ပါတယ်လို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။ခဏနေတော့

ဆေးရုံးကြီးက ဆရာမတယောက်က ဦးအောင်ဇော်လင်းကို ငွေတသိန်းလွှဲပေးလိုက်တယ်လို့ လာပြောတယ်။ သူတို့အချင်းချင်းလည်း သိတယ်နဲ့တူပါတယ်။ ကျွန်တော်လည်း တယောက်တည်းဖြစ်နေတော့ အဲဒီဆရာမကို ဆရာမပဲ ယူထားလိုက်ပါ။

ဆေးဖိုးလိုရင် အဲဒီထဲကပဲသုံးပါဆိုပြီး ပေးထားလိုက်တယ်။ ပြီးတော့ ဘောက်ချာလာပေးပါတယ်။ ရှစ်ထောင်ပဲ ပိုပါတော့တယ်။ ကျွန်တော့်မှာ အခု အဲဒီရှစ်ထောင်ရှိပါတယ်။ ဒါ ဆေးရုံက ကူညီတာပါ။ သမီးဆုံးပြီးတဲ့အချိန်ကနေ အခုထိတော့ ဆက်သွယ်တာ မရှိသေးပါဘူး။

မေး။ အခုဦးလေးရဲ့ ကျန်းမာရေးအခြေအနေရော ဘယ်လိုရှိပါလဲ။ ဖြေ။ ကျွန်တော့်ကျန်းမာရေးကတော့ ကောင်းပါတယ်။ အ ရန်ကုန်မှာ Quarantine ဝင်နေတာ ၃ ရက်ရှိပါပြီ။ မေး။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။

ဖြေ။ ကျွန်တော်တို့ကတော့ ဘာမှ မလိုချင်ပါဘူး။ သူရဲ့ကံကြမ္မာကိုယ်က ဒီရောဂါနဲ့သေရမယ်ဆိုတာ ပါလာပြီးမို့ ဒီလိုဖြစ်သွားတယ်လို့ပဲ သဘောထားပါတယ်။ နောင်တတော့ ရတာပေါ့ကွာ။

ငါ့သမီးလေး မသေခင်တုန်းက ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူ့သူငယ်ချင်းတွေ သုံးလေးယောက်လောက် ရှိသေးတယ်ကွ။သူတို့အတွက် ငါစိတ်ပူတယ်ကွာ လို့ ခခင်မျိုးသူရဲ့ ဖခင်ဖြစ်သူက ခုလိုဘဲပြန်လည် ဖြေကြားပေးခဲ့တာပါ။Source:နန္ဒမျိုးဆောင်

Add a Comment

Your email address will not be published. Required fields are marked *