Unicode…မျက်မှန်ဝတ်ဆင်ထားသူများ ကိုဗစ်ကူးစက်နိုင်ခြေနည်းဟု တရုတ်သုတေသနအဖွဲ့ပြောကြား
တရုတ်နိုင်ငံ ဆူဇူးမြို့မှ ဆေးရုံတစ်ရုံကနေ ၄၇ ရက်အတွင်းမှာ လူနာ ၂၇၆ ယောက်ကို လေ့လာရာ လူနာ ၁၆ ယောက်မှာ အနီးမှုန်ဝေဒနာ တွေ့ရှိခဲ့တာပါ။အနီးမှုန်ဝေဒနာရှင်တွေဟာ တစ်နေ့ကို အနည်းဆုံး ရှစ်နာရီ မျက်မှန်တပ်ရသူတွေ
ဖြစ်ပါတယ်။ ဒါကြောင့် သုတေသနပညာရှင်တွေဟာ မျက်မှန်တပ်ဆင်မှုနဲ့ ကိုဗစ်ဆက်စပ်မှုရှိ မရှိလေ့လာခဲ့ကြတာပါ။တရုတ်သုတေသနပညာရှင်အဖွဲ့တစ်ခုရဲ့ လေ့လာတွေ့ရှိမှုအရ ကိုဗစ်ပိုးတွေ့လူနာတွေထဲမှာ မျက်မှန်တပ်ဆင်ထားသူတွေဟာ အနည်းစုပဲရှိတယ်လို့
စစ်တမ်းတစ်ခုမှာ ရေးသားထားပါတယ်။တရုတ်နိုင်ငံသားအများစုက မျက်မှန်ဝတ်ဆင်သူတွေဖြစ်ပါတယ်။ ၂၀၁၉ ဒီဇင်ဘာလ ကတည်းက ရောဂါကူးစက်ခဲ့တဲ့လူနာတွေကို လေ့လာခဲ့တာ မျက်မှန်တပ်ဆင်ထားသူ ရာခိုင်နှုန်းအနည်းငယ်ပဲ
ကူးစက်ခံရတာ တွေ့ရပါတယ် လို့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်နော်။ ထို့ပြင် မျက်မှန်နေ့စဉ်ဝတ်ဆင်သူတွေဟာ သာမန်လူတွေထက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ပြောကြားထားတာပါ။
ခုချိန်မှာ မျက်မှန်နဲ့ကိုဗစ်ဆက်စပ်ရှိတယ်လို့ သေချာပေါက် မပြောနိုင်သေးသော်လည်း ကိုဗစ်အန္တရာယ်ကာကွယ်ဖို့ မျက်မှန် ဝတ်ဆင်သင့်တယ်လို့ ပညာရှင်တွေက အကြံပေး ပြောကြားထားတာပါ။
ကလီဗာလန်းဒေါက်တာ စတိုင်မန်းကလည်း မျက်မှန်ဝတ်ဆင်ထားရင် မျက်စိကို လက်နဲ့ပွတ်မိတာတွေ၊ မျက်စိထဲဗိုင်းရပ်ဝင်တာတွေ အတန်အသင့်ကာကွယ်နိုင်တယ်လို့ ပြောခဲ့တာပါ။source:CNA
Add a Comment
Your email address will not be published. Required fields are marked *