သုဝဏၰ ယာယီ ကိုဗစ္ကုသေရးဌာနမွာ လူနာေတြကို စတင္ထားရွိနိုင္ၿပီ 

သုဝဏၰ ယာယီ ကိုဗစ္ကုသေရးဌာနမွာ လူနာေတြကို စတင္ထားရွိနိုင္ၿပီ

ကိုဗစ္-၁၉ ေရာဂါ ကုသေရးဌာန(သုဝဏၰ) မွာ ကိုဗစ္အတည္ျပဳလူနာေတြကို ယေန့ စက္တင္ဘာ ၁၉ ရက္ ညေနပိုင္းကစၿပီးေတာ့ စတင္ထားရွိကုသေတာ့မွာျဖစ္တယ္လို့ သိရပါတယ္။ဒီယာယီကုသေရးဌာနကို

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဒီမနက္မွာ လာေရာက္စစ္ေဆးခဲ့ပါတယ္လို့ သိရပါတယ္။သုဝဏၰ ျမတ္ခင္းတု အားကစားကြင္းမွာ ကိုဗစ္ယာယီကုသေရးဌာနကို ဧရာဝတီေဖာင္ေဒးရွင္းက ကူညီေဆာက္လုပ္ေပးခဲ့တာျဖစ္ၿပီးေတာ့

လူနာဦးေရ ၄၁၆ ဦး ထားရွိကုသနိုင္မွာျဖစ္ပါတယ္။က်န္းမာေရးဝန္ထမ္းနဲ႔ ေစတနာ့ဝန္ထမ္း ၁၀၀ ေက်ာ္အတြက္လည္း အဲဒီထဲမွာ ေနရာထိုင္ခင္းပါ တစ္ပါတည္း စီစဥ္ထားေပးတာပါေနာ္။ပိုးေတြ႕လူနာေတြကိုထားဖို့အတြက္

ယာယီကုသေရးေဆး႐ုံ ၃ ခုထိ တိုးခ်ဲ႕ျပင္ဆင္ထားရာမွာ လွိုင္နဲ႔ ဒဂုံဆိပ္ကမ္းက ကြာရန္တင္းစင္တာေတြကိုပါ အခုခ်ိန္မွာ ယာယီကုသေရးေဆး႐ုံအျဖစ္ အသြင္ေျပာင္းထားၿပီးျဖစ္တယ္လို့ သိရပါတယ္။

သုဝဏၰကိုဗစ္ကုသေရးဌာနကိုေတာ့ စက္တင္ဘာ ၁၄ ရက္မွာ စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီးေတာ့ ငါးရက္အတြင္းမွာ အၿပီးတည္ေဆာက္ခဲ့တာလည္းျဖစ္ပါတယ္ေနာ္။BBC

Unicode…သုဝဏ္ဏ ယာယီ ကိုဗစ်ကုသရေးဌာနမှာ လူနာတွေကို စတင်ထားရှိနိုင်ပြီ

ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(သုဝဏ္ဏ) မှာ ကိုဗစ်အတည်ပြုလူနာတွေကို ယနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းကစပြီးတော့ စတင်ထားရှိကုသတော့မှာဖြစ်တယ်လို့ သိရပါတယ်။ဒီယာယီကုသရေးဌာနကို

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီမနက်မှာ လာရောက်စစ်ဆေးခဲ့ပါတယ်လို့ သိရပါတယ်။သုဝဏ္ဏ မြတ်ခင်းတု အားကစားကွင်းမှာ ကိုဗစ်ယာယီကုသရေးဌာနကို ဧရာဝတီဖောင်ဒေးရှင်းက ကူညီဆောက်လုပ်ပေးခဲ့တာဖြစ်ပြီးတော့

လူနာဦးရေ ၄၁၆ ဦး ထားရှိကုသနိုင်မှာဖြစ်ပါတယ်။ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ၁၀၀ ကျော်အတွက်လည်း အဲဒီထဲမှာ နေရာထိုင်ခင်းပါ တစ်ပါတည်း စီစဉ်ထားပေးတာပါနော်။ပိုးတွေ့လူနာတွေကိုထားဖို့အတွက်

ယာယီကုသရေးဆေးရုံ ၃ ခုထိ တိုးချဲ့ပြင်ဆင်ထားရာမှာ လှိုင်နဲ့ ဒဂုံဆိပ်ကမ်းက ကွာရန်တင်းစင်တာတွေကိုပါ အခုချိန်မှာ ယာယီကုသရေးဆေးရုံအဖြစ် အသွင်ပြောင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

သုဝဏ္ဏကိုဗစ်ကုသရေးဌာနကိုတော့ စက်တင်ဘာ ၁၄ ရက်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ငါးရက်အတွင်းမှာ အပြီးတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်နော်။BBC

Add a Comment

Your email address will not be published. Required fields are marked *