ချီတာပေါင်း (၂)သန်းကျော်ကို တစ်ပတ်အတွင်းမှာ ဘန်းခဲ့တဲ့ PUBG 
Unicode…ချီတာပေါင်း (၂)သန်းကျော်ကို တစ်ပတ်အတွင်း ဘန်းခဲ့တဲ့ PUBG
PUBG Mobile ဂိမ်းဟာ လက်ရှိ Mobile Game တွေထဲမှာတော့ အအောင်မြင်ဆုံး ဂိမ်းတစ်ခုဖြစ်ပြီးတော့ ကမ္ဘာအနှံ့မှာလဲ ဒီဂိမ်းကို ဆော့သူပေါင်းဟာ သန်း ၅၀ ကျော်တောင် ရှိပါတယ်နော်။
Battle Royale ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ PUBG Mobile ဂိမ်းကို ဆော့ကစားကြပြီး ဂိမ်းကို Cheat လုပ်ပြီးတော့ ဆော့တဲ့လူတွေကလည်း အင်မတန်မှကို များလွန်းပါတယ်နော်။
ထို့ကြောင့် PUBG Mobile Server က လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာတုန်းက ဒီဂိမ်းကို ဆော့သူတွေထဲက Cheaters ပေါင်း ၂ သန်းကျော်ကို ထာဝရဂိမ်းအကောင့်ကို ပိတ်ပစ်လိုက်တာဖြစ်ပြီး Banned ခဲ့ကြောင်း Screen Rant သတင်းဌာနရဲ့
ဖော်ပြချက်အရ သိရှိရတာပါ။PUBG Mobile ဂိမ်းကို ဆော့သူတဲ့ လူတော်တော်များများဟာ Cheater တွေနဲ့ တွေ့ဖူးကြမှာနော်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စပြီးပေါ်ထွက်ခဲ့တဲ့
ဒီ PUBG Mobile ဂိမ်းဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာ Cheater တွေဟာ တော်တော်ပေါများလာတာပါ။ PUBG Mobile ဂိမ်းကို hack ပြီး ဆော့တဲ့ နည်းလမ်းတွေကတော့ အစုံပါပဲ။
Hacker အများစုကတော့ X-ray vision ဖော်ပြီး ဆော့ကြပါတယ်။X-ray vision ဆိုတာကတော့ ဆော့တဲ့ Hacker တစ်ဦးတည်းသာ မြင်ရပြီးတော့ Player တွေ ဘယ်နေရာမှာ ပုန်းနေလဲ၊ ဘယ်အိမ်ထဲမှာ ပစ္စည်းကောက်နေလဲ၊ ဘယ်လောကအကွာအဝေးမှာ
ရှိနေတတ်လဲ အစရှိတာတွေကို X-ray ရောင်ခြည်နဲ့ ပြပြီး Hacker တစ်ဦးတည်းသာ မြင်ရတဲ့ ပုံစံနဲ့ Hack ပြီး ဆော့တာဘဲဖြစ်ပါတယ်။ပီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကနေပြီးတော့ သြဂုတ်လ ၂၇ ရက်နေ့အထိ PUBG Mobile Server ကနေပြီးတော့
Cheaters ပေါင်း ၂,၂၇၃,၁၅၂ ဦးရဲ့ PUBG Mobile အကောင့်တွေကို permanent ပိတ်ပစ်လိုက်တာပါ။အဲဒီ Cheater ၂.၂ သန်းကျော်ထဲမှာ Speed ကို hack ပြီး ကစားတဲ့လူက
၁၂% ၊ Auto-Aim System ကို hack ပြီး ကစားတဲ့လူက ၂၇% ၊ X-Ray Vision ကို ဖော်ပြီး ကစားတဲ့ cheater က ၃၂% နဲ့ အခြား hack နည်းတွေနဲ့hack ပြီး ဆော့ကစားတဲ့လူက ၂၂% ပါဝင်ကြောင်း သိရပါတယ်နော်။
ဘာပဲဖြစ်ဖြစ် ကျိန်းသေတာကတော့ အခုလို Cheater တွေရဲ့ အကောင့်ပေါင်း ၂.၂ သန်းကျော်ကို Banned ခဲ့တာကြောင့်ဘဲ အခြားကစားသူတွေ အချိန်အတိုင်းအတာတစ်ခုအထိတော့ Cheater zone ကနေ ကင်းဝေးပြီးတော့ စိတ်ချမ်းချမ်းသာသာနဲ့ ဆော့ကစားနိုင်မှာတော့ အမှန်ပါဘဲနော်။Source:shwemon
Add a Comment
Your email address will not be published. Required fields are marked *