ခန္ဓာကိုယ်တစ်ခုလုံးမှာ ထူးဆန်းစွာ အမွှေးတွေ ပေါက်နေတဲ့ ၀ံပုလွေ လူသား











Unicode…တစ်ကိုယ်လုံးမှာ ထူးဆန်းစွာ အမွှေးတွေ ပေါက်နေတဲ့ ဝံပုလွေ လူသား

မက္ကဆီကို နိုင်ငံသား ဂျီးဆက်ကတော့ တစ်ကိုယ်လုံးမှာ ဆံပင်မွေးတွေ ပေါက်နေတာကြောင့်ဘဲ ထူးခြားသူအဖြစ် သတ်မှတ် ခံထားရတာပါ။ ဂျီးဆက်ဟာ ဦးခေါင်းကနေ ခြေထောက်အထိ ဆံပင်မွေးတွေ ပေါက်နေပြီးတော့

မျက်နှာမှာပါ အမွေးတွေ ရှိနေတာကြောင့်ဘဲ ဝံပုလွေလူသား အဖြစ် ခေါ်ဆိုခဲ့ကြတာပါ။ဒီဖြစ်စဉ်ဟာ ရောဂါတစ်မျိုးကြောင့် ဖြစ်ပြီးတော့ ဆေးပညာအရ Hypertrichosis လို့ ခေါ်ဆိုခဲ့တာပါ။

မျိုးရိုးလိုက် ဖြစ်ပွားတတ်ပြီးတော့ ဒီလို ရောဂါမျိုးရှိခဲ့တာ အယောက် ( ၅၀) သာ ရှိတယ်လို့ သိရပါတယ်နော်။ ရောဂါရဲ့ အကျိုးဆက်ကြောင့်ဘဲ တစ်ကိုယ်လုံး ဆံပင်အမွေးတွေ ရှိနေတာကြောင့် လူမှုဝန်းကျင်မှာ ထူးခြားသူ ဖြစ်နေတတ်ပါတယ်နော်။

အမှန်တကယ်တော့ တကယ်တော့ သာမန်လူတစ်ဦးသာ ဖြစ်ပြီးတော့ အများနဲ့ မတူတာကြောင့် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်လေ့ရှိကြတာပါနော်။ ဂျီးဆက်ဟာ ဒီရောဂါကြောင့် ငယ်စဉ် ဘဝကတည်းက နောက်ပြောင်ခံနေရတာဘဲ ဖြစ်ပါတယ်။ဂျီးဆက်ဟာ ကျောင်းလည်း မတက်ခဲ့ရပါဘူးနော်။

ဂျီးဆက်ရဲ့ ဘဝဟာ စိတ်ဝင်စားစရာ ကောင်းခဲ့တာကြောင့် မှတ်တမ်းရုပ်ရှင် အဖြစ် ရိုက်ကူးခံရပါတယ်နော်။မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူကတော့ ဂျီးဆက်ရဲ့ ငယ်ဘ၀ အကြောင်းကို မေးမြန်းခဲ့ရာမှာတော့ စိတ်ဝင်စားစရာ ဖြစ်ခဲ့တာပါ။

ဂျီးဆက်ကတော့ အသက် (၁၃)နှစ်လောက်မှာ ဆပ်ကပ်ရုံကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်နော်။ ဆပ်ကပ်ရုံမှာတော့ ဂျီးဆက်ဟာ ထူးခြားလူသားအဖြစ် ပြသခံရတာဘဲ ဖြစ်ပါတယ်နော်။

အချို့အချိန်တွေမှာ ဝံပုလွေပုံစံတွေ လုပ်ပြရလေ့ရှိတာပါ။ ဂျီးဆက်ဟာ ဆပ်ကပ်ရုံနဲ့အတူ ကမ္ဘာတစ်ပတ်ကို ရောက်သွားခဲ့ပါတယ်နော်။ ဂျီးဆက်တို့မျိုးရိုးဟာ ဒီလိုရောဂါမျိုး အများအပြား ကြုံတွေ့ နေရတယ်လို့ သိရပါတယ်နော်။

ဂျီးဆက်မှာသားသမီး သုံးဦးရှိပြီးတော့ အကြီးဆုံးသမီးဟာ အသက် (၂၀) နှစ်အရွယ်နဲ့ အိမ်ထောင်ကျပြီးတော့ ကလေးတောင် ရရှိနေပြီ ဖြစ်ပါတယ်နော်။

ဂျီးဆက်ရဲ့ ကလေးသုံးဦးဟာလည်း ဒီလိုရောဂါမျိုး ရရှိနေပြီးတော့ တူဖြစ်သူကလည်း ဒီရောဂါ ရရှိနေတယ်လို့ သိရတာပါ။ ဂျီးဆက်အကြောင်းကို ဘီဘီစီမှာ ဖော်ပြခံရဖူးကြောင်း သိရပါတယ်နော်။ Credit:messengernewsjournal

Add a Comment

Your email address will not be published. Required fields are marked *