သေးသွယ်တဲ့ လှေကားလေးပေါ်မှာ တည်ဆောက်ထားတဲ့ ထူးဆန်းတဲ့ အိမ်လေး 
Unicode…သေးသွယ်သော လှေကားလေးပေါ်မှာ တည်ဆောက်ထားတဲ့ ထူးဆန်းတဲ့ အိမ်လေး
လူတိုင်းဟာ မိမိနေတဲ့ အိမ်လေးကို မိမိတို့ စိတ်ကြိုက်ပြုပြင်တည်ဆောက်ကြတာဘဲဖြစ်ပါတယ်နော်။ဂျပန်နိုင်ငံက လူတစ်ဦးဟာ ထူးဆန်းလှတဲ့ အိမ်လေးတစ်လုံးကို တည်ဆောက်ထားတာဘဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၏ တစ်နေရာမှာ အလွန်တရာ ကျဉ်းမြောင်းနေသည့်ကွန်ကရစ်လှေကား ထိပ်လေးပေါ်တွင်တည်ဆောက်ထားသောနေ အိမ်လေးကြောင့် ဂျပန်လူမှုကွန်ရက်မီဒီယာ ပေါ်တွင် နာမည်ကြီးလျက်ရှိသည် လို့ သိရပါတယ်နော်။
အစောပိုင်းမှာကတော့ ဓာတ်ပုံပြုပြင်ထား သည်ဟုဝေဖန်ခံခဲ့ရသော်လည်း အိမ်ရဲ့ တည်နေရာကို Google Earth တွင် အ မှန်တကယ်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရှီဂါ စီရင်စု၊ တာကာရှီးမားမြို့၊ အာဇူမီဂါဝါမြို့ နယ်၊ ဂျိုဘန်ကီစီရင်စု ၂၉၄ လမ်းတွင် တည်ရှိတာဘဲ ဖြစ်ပါတယ်နော်။
မှိုအိမ်ဟု အမည်တပ်ရ လောက်အောင်ကို လှေကားလေးထိပ်တွင် နေအိမ်တည်ဆောက်ထားရသည့်အ ကြောင်းရင်းကိုတော့ ပိုင်ရှင်က ထုတ်ဖော်ပြော ဆိုခြင်းမရှိသည့်အတွက်ကြောင့် အမျိုးမျိုးမှန်းဆ ပြောဆိုနေကြတာဘဲဖြစ်ပါတယ်။
အချို့ကတော့ မြေခွန် သက်သာအောင်လုပ်ဆောင်ခြင်းဖြစ် သည်ဟု ဆိုနေကြပြီးတော့ အချို့ကလည်း ပိုင်ရှင်သည် မြေကွက်တွင် ကားပါကင်နှစ်
နေရာသာပိုင်ဆိုင်သည့်အတွက် အိမ်တစ် လုံးကို မဖြစ်ဖြစ်အောင်တည်ဆောက်ထား ခြင်းဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြ ကြောင်း သိရပါတယ်နော်။credit: pyi myanmar
Add a Comment
Your email address will not be published. Required fields are marked *