Unicode…ကိုဗစ် ကပ်ရောဂါ အချိန်မှာတောင် ပရဟိတအလုပ်တွေ ကြိုးစားလုပ်ဆောင်နေတဲ့ ဦးကျော်သူ
အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိပြီး ဇာတ်ကားပေါင်းများစွာကိုလည်း ဦးကျော်သူဟာ ကျရာဇာတ်ရုပ်တွေကနေ အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူဘဲ ဖြစ်ပါတယ်နော်။လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက
အနုပညာလောကမှာ အောင်မြင်ကျော်ကြားစွာ ရပ်တည်နိုင်ခဲ့တဲ့ ဦးကျော်သူဟာ ပရဟိတအလုပ်တွေကိုလည်း ကြိုးစား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ဦးကျော်သူကတော့ ဇာတ်ကားတွေရိုက်ကူးကာ အနုပညာအလုပ်တွေကို
အဆက်မပြတ်လုပ်ဆောင်နေသလို နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌအဖြစ်လည်း ကိုယ်ကျိုးစွန့်ပရဟိတအလုပ်တွေကို လုပ်ဆောင်နေသူဘဲဖြစ်ပါတယ်နော်။ဦးကျော်သူဟာ ပရဟိတအလုပ်တွေကို
အမြဲလိုလိုလုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေက လေးစားချစ်ခင်ကြတဲ့သူပါ။ဦးကျော်သူကတော့ အခုလို Covid ကပ်ရောဂါအခြေအနေတွေမှာလည်း ပရဟိတအလုပ်တွေကို အဆက်မပြတ်လုပ်နေတာဘဲဖြစ်ပါတယ်။
ဒီကနေ့လေးမှာလည်း ဦးကျော်သူကတော့ အသက်(၁၀၈)နှစ်အရွယ် အဖိုးအိုတစ်ဦးရဲ့ ဈာပနလေးကို ကူးညီဖေးမခဲ့ပြီး ကုသိုလ်ယူခဲ့ပြန်တာကိုလည်း လေးစားစွာ မြင်တွေ့ရတဲ့ အတွက်လည်း ပရိသတ်တွေကို ပြန်လည်မျှဝေလိုကပါတယ်နော်။credit
Add a Comment
Your email address will not be published. Required fields are marked *