Unicode…ယနေ့ ကိုဗစ် ရောဂါဖြင့် ဆုံးပါးသွားတဲ့ ဗဟိုစည်ဆေးရုံမှအချိန်ပိုင်းသူနာပြုဆရာမလေး
အထူး ဝမ်းနည်းကြေကွဲဝမ်းနည်းရပါတယ်။ဆရာမလေး နာမည်က မခင်မျိုးသူ အသက်(၂၃)နှစ် ကျောင်းရွာ၊ မင်းတစုကျေးရွာအုပ်စု ကဘဲဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မင်းတစုရွာအုပ်စု၊ ကျောင်းရွာ ကျေးရွာနေဦးအောင်ဇော်လင်း (ကျိုက္ခနိမ်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်၊ မင်းတစု ဟိတသုခဓရ လူမှုကူညီရေးအသင်း)+ ဒေါ်ခင်ဌေးရီတို့၏ သမီးကြီး မယဉ်ယဉ်နွယ်၏ အစ်မ ဖြစ်သူ ဘဲဖြစ်ပါတယ်။
မခင်မျိုးသူ အသက်(၂၃)နှစ် ‌သည် (၁၈-၉-၂၀၂၀)သောကြာနေ့ နံနက် (၁၀:၄၀)နာရီတိတိ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း
သိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ မင်းတစု နှင့် ကျောင်းရွာ ရွာသူရွာသားများမှ အထူး ဝမ်းနည်းကြေကွဲ ရပါတယ်။မခင်မျိုးသူကောင်းရာ ဘုံဘဝ ရောက်ပါစေနော်။ကိုဗစ်ကြီးလဲ အမြန်ပြီးဆုံးစေချင်ပြီဗျာ။credit:ရာဝဏ
Tags:
Add a Comment
Your email address will not be published. Required fields are marked *