ေဒၚလာသန္း(၈၀၀၀)ကို အမ်ားအက်ိဳးအတြက္ မေသခင္မွာ လွဴဒါန္းလုိက္တဲ့ သူေဌးႀကီး 

ေဒၚလာသန္း(၈၀၀၀)ကို အမ်ားအက်ိဳးအတြက္ မေသခင္မွာ လွဴဒါန္းလုိက္တဲ့သူေဌးႀကီး

ေဒၚလာ(၁)ဘီလီယံဟာ ေဒၚလာ သန္း(၁၀၀၀)နဲ႔ ညီမၽွပါတယ္ေနာ္။ ဘီလ်ံနာ သူေဌးႀကီးတစ္ေယာက္ဟာ သူပိုင္ဆိုင္တဲ့ ေဒၚလာ (၈)ဘီလီယံ သို႔မဟုတ္ ေဒၚလာ သန္း(၈၀၀၀)ကို သူမေသခင္မွာ ပရဟတိလုပ္ငန္းေတြအတြက္ကုိ လွူဒါန္းခဲ့ပါတယ္။

ေသၿပီးမွလွူတာထက္စာရင္ေတာ့ မေသခင္ လွူတာက ပိုၿပီး အက်ဳိးမ်ားပါတယ္။သူေဌးႀကီးကေတာ့ Chuck Feeney ျဖစ္ၿပီးေတာ့ လက္ရွိအခ်ိန္မွာေတာ့ အသက္(၈၉)ႏွစ္ပါ။ သူဟာ အေမရိကန္၊ နယူးဂ်ာစီ၊ အယ္လစ္ဇဘတ္ဇာတိပါ။

Chuck ဟာ ေဒၚလာ (၁.၃)ဘီလီယံ ႂကြယ္ဝခ်မ္းသာတယ္လို႔ ေျပာထားေသာ္လည္း အခု လွူဒါန္းမွုက ေဒၚလာ(၈)ဘီလီယံထိ ရွိေနခဲ့တာေၾကာင့္ သူရဲ့ အေမြဆိုင္ေတြ၊ လုပ္ငန္းေတြဆီမွာရွိတဲ့ ေငြေၾကးေတြ ပါဝင္နိုင္တယ္လို႔ ယူဆရပါတယ္ေနာ္။Chuck ဟာ ယခုလို ဒီလိုလွူဒါန္းဖို႔ကိုလည္း

လြန္ခဲ့တဲ့ႏွစ္မ်ားစြာကတည္းက ျပင္ဆင္ေနခဲ့သူပါ။ သူဟာ ေသရင္ ကိုယ့္ေနာက္ကုိ ဘာမွ ယူမသြားနိုင္ဘူးဆိုတာကိုလည္း သိသူပါ။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ရက္အနည္းငယ္ကမွ သူရဲ့စီမံကိန္းကို သူသက္ရွိထင္ရွား ရွိေနစဥ္မွာပဲ အေကာင္အထည္ ေဖာ္ခဲ့တာပါေနာ္။

Chuck ဟာ အေမရိကန္-အိုင္းရစ္ ကျပားတစ္ေယာက္ ျဖစ္ပါတယ္ေနာ္။ The Atlantic Philanthropies ကုမၸဏီလုပ္ငန္းစုကို တည္ေထာင္ခဲ့သူ ျဖစ္ၿပီးေတာ့ ဇနီးသည္ Helga Feeney နဲ႔အတူ သားသမီး(၅)ေယာက္ ေမြးဖြားခဲ့ပါတယ္။

သူ႔ရဲ့အေမြအႏွစ္ေတြကို သားသမီးေတြကို ေပးခဲ့ဖို႔ ေကာင္းေသာ္လည္း သားသမီးေတြကိုယ္တိုင္က စီးပြားေရးနဲ႔သက္ဆိုင္ရာ နယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနၾကသူေတြဘဲ ျဖစ္ပါတယ္။(၁၉၆၀)မွာ Duty Free Shoppers အမည္ရ Airport retailer ကို သူေဌးႀကီး Robert Miller နဲ႔အတူ စတင္တည္ေထာင္ခဲ့ၿပီး၊

ေအာင္ျမင္မွုရျပီး လူသိမ်ားလာတာပါ။သူ့ရဲ့ ပိုင္ဆိုင္မွုေတြကို ပရဟိတလုပ္ငန္းေတြအတြက္ စြန္႔လႊတ္မွာျဖစ္ေၾကာင္း ေၾကညာခ်ိန္မွာ နာမည္ပိုႀကီးလာခဲ့ၿပီး၊ သတင္းေတာ္ေတာ္မ်ားမ်ားကေတာ့ အာပလာေတြ ေျပာေနတာလို႔ ေဝဖန္ခဲ့ျကတာပါ။အဲ့တာကုိ သူက လက္ေတြ႕ျပလိုက္တာပါ။

Chuck လွူဒါန္းခဲ့မွုအေသးစိတ္မွာေတာ့ ပညာေရးအတြက္ ေဒၚလာ (၃.၇)ဘီလီယံျဖစ္ၿပီးေတာ့ ေဒၚလာ သန္း(၃၅၀)ကိုေတာ့ Cornell University တကၠသိုလ္မွာ နည္းပညာသင္ၾကားေရးေဆာင္ ေဆာက္လုပ္ဖို႔ လွူဒါန္းခဲ့တာပါ။

အဲဒီတကၠသိုလ္မွာေတာ့ သူရဲ့ လွူဒါန္းမွု စုစုေပါင္းဟာ ေဒၚလာ (၁)ဘီလီယံနီးပါး ရွိသြားပါၿပီဘဲ ျဖစ္ပါတယ္။ သူ တက္ေရာက္ခဲ့ရတဲ့ တကၠသိုလ္လို႔ သိရပါတယ္။ေဒၚလာသန္း (၈၇၀)ကိုေတာ့ လူ႔အခြင့္အေရးနဲ႔ လူသားထုေျပာင္းလဲေရးလုပ္ငန္းမ်ားအတြက္ လွူဒါန္းခဲ့တာျဖစ္ၿပီးေတာ့

အဲဒီအထဲကမွ ေဒၚလာ(၆၂)သန္းကို အေမရိကန္တရားစီရင္ေရးစနစ္ ေသဒဏ္ေပးခံရမွုဖ်က္သိမ္းေရး လွုပ္ရွားမွုအတြက္ ခြဲေဝလွူဒါန္းခဲ့တာဘဲ ျဖစ္ပါတယ္။ ေဒၚလာ(င၇၆)သန္းကိုေတာ့ Patient Protection and Affordable Care Act လွုပ္ရွားမွုအတြက္ ရံပုံေငြ မတည္ခဲ့တာပါ။

ေဒၚလာသန္း(၇၀၀)ကိုေတာ့ ကမၻာတစ္ဝန္း က်န္းမာေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေရးအတြက္ ေဒၚလာသန္း(၇၀၀)၊ University of California မွာ Global Brain Health Institute အတြက္ ေဒၚလာ (၁၇၆)သန္း၊ ဗီယက္နမ္နိုင္ငံ၊ လူထုက်န္းမာေရးလုပ္ငန္းမ်ားအတြက္ ေဒၚလာ သန္း(၂၇၀) စသျဖင့္

အသီးသီး လွူဒါန္းခဲ့ပါတယ္။သူရဲ့ ဆယ္စုႏွစ္မ်ားစြာက အိပ္မက္ကို စက္တင္ဘာ(၁၄)ရက္မွာ လက္မွတ္ေတြ အသီးသီးထိုးၿပီးေတာ့ အေကာင္အထည္ ေဖာ္ခဲ့တာ ျဖစ္ပါတယ္ေနာ္။အဲေန့မွာThe Atlantic Philanthropies ကုမၸဏီလုပ္ငန္းစုကေန တရားဝင္ ႏွုတ္ထြက္ခဲ့တာပါ။Source:လင္းသူရိန္

Unicode…ဒေါ်လာသန်း(၈၀၀၀)ကို အများအကျိုးအတွက် မသေခင်မှာ လှူဒါန်းလိုက်တဲ့သူဌေးကြီး

ဒေါ်လာ(၁)ဘီလီယံဟာ ဒေါ်လာ သန်း(၁၀၀၀)နဲ့ ညီမျှပါတယ်နော်။ ဘီလျံနာ သူဌေးကြီးတစ်ယောက်ဟာ သူပိုင်ဆိုင်တဲ့ ဒေါ်လာ (၈)ဘီလီယံ သို့မဟုတ် ဒေါ်လာ သန်း(၈၀၀၀)ကို သူမသေခင်မှာ ပရဟတိလုပ်ငန်းတွေအတွက်ကို လှူဒါန်းခဲ့ပါတယ်။

သေပြီးမှလှူတာထက်စာရင်တော့ မသေခင် လှူတာက ပိုပြီး အကျိုးများပါတယ်။သူဌေးကြီးကတော့ Chuck Feeney ဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ အသက်(၈၉)နှစ်ပါ။ သူဟာ အမေရိကန်၊ နယူးဂျာစီ၊ အယ်လစ်ဇဘတ်ဇာတိပါ။

Chuck ဟာ ဒေါ်လာ (၁.၃)ဘီလီယံ ကြွယ်ဝချမ်းသာတယ်လို့ ပြောထားသော်လည်း အခု လှူဒါန်းမှုက ဒေါ်လာ(၈)ဘီလီယံထိ ရှိနေခဲ့တာကြောင့် သူရဲ့ အမွေဆိုင်တွေ၊ လုပ်ငန်းတွေဆီမှာရှိတဲ့ ငွေကြေးတွေ ပါဝင်နိုင်တယ်လို့ ယူဆရပါတယ်နော်။Chuck ဟာ ယခုလို ဒီလိုလှူဒါန်းဖို့ကိုလည်း

လွန်ခဲ့တဲ့နှစ်များစွာကတည်းက ပြင်ဆင်နေခဲ့သူပါ။ သူဟာ သေရင် ကိုယ့်နောက်ကို ဘာမှ ယူမသွားနိုင်ဘူးဆိုတာကိုလည်း သိသူပါ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ သူရဲ့စီမံကိန်းကို သူသက်ရှိထင်ရှား ရှိနေစဉ်မှာပဲ အကောင်အထည် ဖော်ခဲ့တာပါနော်။

Chuck ဟာ အမေရိကန်-အိုင်းရစ် ကပြားတစ်ယောက် ဖြစ်ပါတယ်နော်။ The Atlantic Philanthropies ကုမ္ပဏီလုပ်ငန်းစုကို တည်ထောင်ခဲ့သူ ဖြစ်ပြီးတော့ ဇနီးသည် Helga Feeney နဲ့အတူ သားသမီး(၅)ယောက် မွေးဖွားခဲ့ပါတယ်။

သူ့ရဲ့အမွေအနှစ်တွေကို သားသမီးတွေကို ပေးခဲ့ဖို့ ကောင်းသော်လည်း သားသမီးတွေကိုယ်တိုင်က စီးပွားရေးနဲ့သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူတွေဘဲ ဖြစ်ပါတယ်။(၁၉၆၀)မှာ Duty Free Shoppers အမည်ရ Airport retailer ကို သူဌေးကြီး Robert Miller နဲ့အတူ စတင်တည်ထောင်ခဲ့ပြီး၊

အောင်မြင်မှုရပြီး လူသိများလာတာပါ။သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ပရဟိတလုပ်ငန်းတွေအတွက် စွန့်လွှတ်မှာဖြစ်ကြောင်း ကြေညာချိန်မှာ နာမည်ပိုကြီးလာခဲ့ပြီး၊ သတင်းတော်တော်များများကတော့ အာပလာတွေ ပြောနေတာလို့ ဝေဖန်ခဲ့ကြတာပါ။အဲ့တာကို သူက လက်တွေ့ပြလိုက်တာပါ။

Chuck လှူဒါန်းခဲ့မှုအသေးစိတ်မှာတော့ ပညာရေးအတွက် ဒေါ်လာ (၃.၇)ဘီလီယံဖြစ်ပြီးတော့ ဒေါ်လာ သန်း(၃၅၀)ကိုတော့ Cornell University တက္ကသိုလ်မှာ နည်းပညာသင်ကြားရေးဆောင် ဆောက်လုပ်ဖို့ လှူဒါန်းခဲ့တာပါ။

အဲဒီတက္ကသိုလ်မှာတော့ သူရဲ့ လှူဒါန်းမှု စုစုပေါင်းဟာ ဒေါ်လာ (၁)ဘီလီယံနီးပါး ရှိသွားပါပြီဘဲ ဖြစ်ပါတယ်။ သူ တက်ရောက်ခဲ့ရတဲ့ တက္ကသိုလ်လို့ သိရပါတယ်။ဒေါ်လာသန်း (၈၇၀)ကိုတော့ လူ့အခွင့်အရေးနဲ့ လူသားထုပြောင်းလဲရေးလုပ်ငန်းများအတွက် လှူဒါန်းခဲ့တာဖြစ်ပြီးတော့

အဲဒီအထဲကမှ ဒေါ်လာ(၆၂)သန်းကို အမေရိကန်တရားစီရင်ရေးစနစ် သေဒဏ်ပေးခံရမှုဖျက်သိမ်းရေး လှုပ်ရှားမှုအတွက် ခွဲဝေလှူဒါန်းခဲ့တာဘဲ ဖြစ်ပါတယ်။ ဒေါ်လာ(င၇၆)သန်းကိုတော့ Patient Protection and Affordable Care Act လှုပ်ရှားမှုအတွက် ရံပုံငွေ မတည်ခဲ့တာပါ။

ဒေါ်လာသန်း(၇၀၀)ကိုတော့ ကမ္ဘာတစ်ဝန်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ဒေါ်လာသန်း(၇၀၀)၊ University of California မှာ Global Brain Health Institute အတွက် ဒေါ်လာ (၁၇၆)သန်း၊ ဗီယက်နမ်နိုင်ငံ၊ လူထုကျန်းမာရေးလုပ်ငန်းများအတွက် ဒေါ်လာ သန်း(၂၇၀) စသဖြင့်

အသီးသီး လှူဒါန်းခဲ့ပါတယ်။သူရဲ့ ဆယ်စုနှစ်များစွာက အိပ်မက်ကို စက်တင်ဘာ(၁၄)ရက်မှာ လက်မှတ်တွေ အသီးသီးထိုးပြီးတော့ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်နော်။အဲနေ့မှာThe Atlantic Philanthropies ကုမ္ပဏီလုပ်ငန်းစုကနေ တရားဝင် နှုတ်ထွက်ခဲ့တာပါ။Source:လင်းသူရိန်

Add a Comment

Your email address will not be published. Required fields are marked *