Unicode…ရေသန့်ဘူးကဒ် (၁၀၀) ကို နာရေး ကူညီမှုအသင်းအတွက် လှူဒါန်းပေးခဲ့တဲ့ မင်းသမီးချောလေး အိချောပို
စူစူလို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုဟာ သွယ်လျကျစ်လစ်တဲ့ သူမရဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းတွေကြောင့်ဘဲ ပရိသတ်တွေကြားမှာ
လူကြိုက်များ နေတဲ့အနုပညာရှင်တစ်ယောက်ဘဲဖြစ်ပါတယ်နော်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးတော့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်နော်။
မင်းသမီးချောလေး အိချောပိုဟာ လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါနဲ့ပတ်သက်ပြီးတော့ သူမ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေသလို လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေတာဘဲ ဖြစ်ပါတယ်။
စက်တင်ဘာလ (၁၇) ရက်နေမှာလည်း အိချောပိုဟာ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ (၇)ရက်သားသမီးများ သောက်သုံးရန်အတွက်ကို ရေသန့်ဗူးလတ် (၁၂)ဗူးပါကဒ်(၁၀၀)အား သွားရောက်လှူဒါန်းပေးခဲ့ပါတယ်နော်။
လွန်ခဲ့တဲ့ ဇွန်လ(၂၂) ရက်နေ့ကလည်း ထိုနည်းတူစွာ နာရေးကူညီမှုအသင်းမှာ ရေသန့်ဘူးတွေ လှူဒါန်းခဲ့ပါတယ် သေးတယ်နော်။ပရိသတ်တွေကတော့
စူစူတစ်ယောက် ရေအကျိုးဆယ်ပါး မတောင်းဘဲ ပြည့်ပါစေ။ ရေလိုအေး ပန်းလိုမွှေးပါစေဆို ပြီး ဆုတောင်းပေးထားလဲ တွေ့ရပါတယ်နော်။source : Ei Chaw Po
Add a Comment
Your email address will not be published. Required fields are marked *