‘မင်းလေးပါးစုံ ရွေတိဂုံကိန်းကျမည် ‘ဆိုသော တဘောင်ဆိုသည်မှာ
Unicode…ဝန်ကြီးချုပ် ဦးနုမှ စွန်းလွန်းဆရာတော်အား မေးလျောက်ခဲ့သော ‘မင်းလေးပါးစုံ ရွေတိဂုံကိန်းကျမည် ‘ဆိုသော တဘောင်၏ အဓိပ္ပာယ်
စွန်းလွန်းဆရာတော်ကြီးဟာ ရဟန္တာ ဟုကျော်ကြားသလိုဖြစ်ပြီးတော့ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ကိုးကွယ်ကြည်ညိုသော ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်နော်။ ရဟန္တာဟူသော ပုဂ္ဂိုလ်တို့မည်သည်မှာ ရှေ့ဖြစ်လာမည့်
အရာများကို သိမြင်နိူင်စွမ်းရှိတာ ဖြစ်ပြီးတော့ ပညာ ဉာဏ်တန်ခိုး များလည်းပြည်စုံပေသည်။ ရဟန္တာတို့ မည်သည် ဟုတ်တိုင်းမှန်ရာသာလျှင် မိန့်ကြားတာ ဖြစ်ပါတယ်။ 1948 မှ 1962 အထိဝန်ကြီးချုုပ် ဖြစ်ခဲ့သော
ဦးနုဟာ ထိုအချိန်တုန်းက ကျော်ကြားနေခဲ့သော (မင်းလေးပါးစုံရွေတိဂုံကိန်းကျမည်တဘောင် )အား ဆရာတော်ထံမေးလျောက်ခဲ့ပါတယ်။ ဦးနုမေးတာကတော့ အရှင်မြတ်ဘုရား ဒီတဘောင်ဟာ မြန်မာပြည်မှာ မင်းလေးပါးပေါ်မှာလား
ဒါမှမဟုတ် အာဏာလုပွဲ ဖြစ်မှာလား ဒါမှမဟုတ် တခြားတိုင်းပြည်က မင်းလေးပါးလာဆုံ မှာလားဘုရား ဆိုပြီးမေးတာပါ။ ဆရာတော် ဘုရားက ဒကာတော်ကြီး ဦးနု ထင်သလိုမဟုတ်ပါ မစိုးရိမ်ပါနဲ့။ ဒီတဘောင်ဟာဆန်းကြယ် နက်နဲ့ပါတယ်။
ဒီတဘောင်ရဲ့ ရှေ့ဆက်ဖြစ်လာမယ့်အရာသည် သာသနာနှစ် ၂၆၀၀ နားနီး ခရစ်နှစ် ၂၀၅၀ လောက်မှာ သာသနာပြုမင်း( သမ္မတ)ပေါ်လိမ့်မယ်။ အဲဒီမင်းခေတ်မှာ ကျောက်သံပတ္တမြား ရွေငွေ နဝရတ်ကိုးသွယ် တို့ဟာ အင်မတန်မှကို
ထွက်ရှိပေါကြွယ်လာမယ်။ အဲဒီနဝရတ် ကိုးသွယ် အဖိုးတန်ရတနာများ ဖြင့် သာသနာပြုမင်း ဟာ ရွေတိဂုံဘုရားကို အကြီးအကျယ် ထီးတော်တင်လိုက်မယ်။ရွေသားအတိနဲ့ ရွေသင်္ကန်းကပ်လိုက်မယ်။ပြုပြင်မွန်းမံလိုက်မယ်။
ထီးတော်တင်ချိန်မှာ ရဟန်းများစွာပင့်ဖိတ်ပြီး တင်လိုက်မယ်။ထိုထဲမှာ သာသနာပြုမင်းကိုးကွယ်သော ရဟန္တာဆရာတော် တစ်ပါးလည်း ပါဝင်မယ်။ ထီးတော်တင်ချိန်မှာ သာသနာပြုမင်း၏ ဘုန်းကံ ကြောင့်သော်လည်းကောင်း
ရဟန္တာဆရာတော်ကိုကြည်ညိုကြသောကြောင့်လည်းကောင်း လေးဆူဓာတ်စုံရွေတိဂုံဘုရား၏ တန်ခိုးတော်ကြောင့် သိကြားမင်း နဂါးမင်း ဘီလူးမင်း တို့ဟာ ရွေတိဂုံ ဘုရား အထက်ကောင်းကင်ကနေ လူမမြင်အပ်စေပဲ
လာရောက်ဖူးမျော်ကြမှာဖြစ်ပါတယ်။(လူမင်းဘုန်းကြီးသော်နတ်မင်းမနေသာ ) ရွေတိ ဂုံရင်ပြင်နဲ့ မြေပြင်မှာတော့ သာသနာပြုမင်းနဲ့ရဟန်းရှင် လူတို့ ပြည့်နေပါလိမ့်မယ်။ ဝိဇ္ဇာပုဂ္ဂိုလ်ပုဂ္ဂိုလ်များလည်း အစုံအညီကြွလာကြမှာဖြစ်တယ်။အဲဒီနေ့ဟာတော့ မကြုံစဖူး ထူးကဲတဲ့နေထူးနေ့မြတ်ဖြစ်ပါတယ်။
ရွေတိဂုံဘုရားမှာ သိကြားမင်း နဂါးမင်း ဘီလူးမင်း ဘုန်းကံကြီးတဲ့ သာသနာပြုမင်း မင်းလေးပါးဆုံလိုက်မည်။အဲဒီနေ့မှာတော့ ပူပြင်းလှတဲ့ ရန်ကုန်မြို့တောင် မပူပဲ နေသာလိုက်မယ်ဖြစ်ပါတယ်။
ထီးတော်တင်ပြီး သောအခါ စေတီတော်ကနေ ရောင်ခြည်တော်ကွန့်မြူးပါမယ်။ထီးတော်တင်ပြီးလို့ နောက်နေ့မှာ (၇ ) ရက်ဆက်တိုက် မိုးကြီးရွာပါမယ်။ထီးတော်တင်ပြီး တစ်ပတ်အကြာမှာ ဆင်ဖြူတော် ခုနှစ်စီး ထွက်ပေါ်လာမှာလိမ့်မယ်။
သာသနာတော်ကြီး အရမ်းကိုထွန်းကားလိမ့်မယ်။ ကမ္ဘာအရပ်ရပ်က လူတွေ တရားလာလေ့လာကြလိမ့်မယ်။အားထုတ်ကြလိမ့်မယ်။ သာသနာပြုမင်း၏ ကြီးမားသောဘုန်းကံ ကြီးမားသော ဉာဏ်အမျော်အမြင် ထက်မြက်သော
အရည်အချင်းတို့ကြောင့် မြန်မာပြည်ကြီး အရမ်းတိုးတက်ချမ်းသာပါလိမ့်မယ်။ ကမ္ဘာမှာ သာသနာပြန့်ပွားပြီး မြန်မာပြည်ဟာ သာသနာထီးဆောင်းတဲ့ နိူင်ငံဖြစ်လာပါလိမ့်မယ်လို့
ဟု ဝန်ကြီးချုပ် ဦးနုကို စွန်းလွန်းဆရာတော်ကြီးမှ ပြန်လည် မိန့်ကြားဖြေကြားခဲ့တာပါ။ချစ်ပရိတ်သတ်ကြီးအတွက် ဗဟုသုတ အနေနဲ့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။ credit: မဟာလူသား
Add a Comment
Your email address will not be published. Required fields are marked *