ဗိုက်ဆာဆာနဲ့ အိပ်ရာဝင်လိုက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်
Unicode…ဗိုက်ဆာနေရက်နဲ့ အိပ်ရာဝင်လိုက်မိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်
အရှိန်နဲ့ခုတ်မောင်းနေတဲ့ အမြန်ရထားပေါ်မှာ Jenna Evans ဟာ သူ့ချစ်သူ Bobby နဲ့အတူ လူဆိုးတွေရန်က လွတ်အောင်ရှောင်နေရတာပါ။လူဆိုးတွေ လက်ထဲကနေ ဘယ်လိုမှ လွတ်အောင်မလုပ်နိုင်တော့ ေ
ဘာ့ဘီ Bobby က သူ့ရဲ့ ချစ်သူကောင်မလေး ဂျန်နာ Jenna ကို စေ့စပ်လက်စွပ် ကို လူဆိုးတေထဲ မပါသွားစေဖို့လအတွက် မျိုချလိုက်ဖို့ ပြောလိုက်ပါတယ်။jenna ဟာ သူ့ချစ်သူကောင်လေး ပြောတဲ့အတိုင်း
လက်စွပ်ကို လူဆိုးတွေလက်ထဲမပါအောင်လို့ ပါးစပ်ထဲထည့်လိုက်ပြီး ရေတစ်ခွက်နဲ့ မျိုချလိုက်ပါတယ်။အဲ့ချိန်မှာဘဲ ဂျန်နာဟာ သူ့မရဲ့ စိတ်ထဲမှာ အိပ်မက်မက်နေတယ်ဆိုတာ သိလိုက်ရပါတယ်။
သို့သော်လည်း ဂျန်နီဟာ မနက်နိုးထလာတဲ့အချိန်မှာတော့ ထူးဆန်းစွာနဲ့ စိန်လက်လက်စွပ် လက်မှာမရှိတော့တာ အံ့သြစွာတွေ့လိုက်ရတော့ပါတယ်။အဲ့ချိန်မှာဘဲ သူမဟာ ညကအိမ်မက်ထဲက အတိုင်း တကယ်မျိုချလိုက်မှန်းသိတော့တယ်။
ဂျန်နာဟာ သူ့အမေနဲ့ သူ့ရည်းစားဘော်ဘီ့ကိုပြောပြတော့ သူတို့ဟာ မယုံပဲနဲ့ တစ်နာရီလောက်ထိုင်ရီနေကြပါတယ်တဲ့။ ဆေးခန်းသွားပြီးတော့ ဓာတ်မှန်ရိုက်ကြည့်တော့ 2.4 ကာရက်ရှိတဲ့ စိန်လက်စွပ်ကပေါ်လာပါတယ်။
လက်စွပ်ကို အောက်ကထွက်အောင်မစောင့်တော့ဘဲနဲ့ endoscopy ကြည့်ပြီးပါးစပ်ကပြန်ဆွဲထုတ်ရပါတယ်တဲ့။ အဲ့ဒါကြောင့်ပြောကြတာပါ။ဗိုက်ဆာနေရက်နဲ့ အိပ်ရာမဝင်မိစေနဲ့တဲ့ ။တခုခုမျိုချတတ်ပါတယ်။
မိန်းမကလေးတွေဟာ အိပ်နေရင်းနဲ့တောင်ဥစ္စာခြောက်တတ်ကြတာပါ။ စိန်လက်စွပ်ပေးမယ့်လူမရှိတဲ့ FA လေးတွေကတော့ ဒီဒုက္ခကလေးက အမြဲကင်းနေမှာပါနော်။Source:Richard Myo Thant
Add a Comment
Your email address will not be published. Required fields are marked *