အသံတိတ် ကယ်တင်ရှင် (သို့) ကမ္ဘာ့ဖလားကပေါဂ့်ဘာကိုပြန်ရခြင်း

ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ယူနိုက်တဒ်နဲ့ပေါဂ့်ဘာကြား ပြသနာတွေ ကြီးမားနေတဲ့အတောအတွင်းမှာ ဆိုးလ်ရှားက ပေါလ်ကို ယုံကြည်ကြောင်းနဲ့ သူ့အနေနဲ့ ယူနိုက်တဒ်မှာစိန်ခေါ်မှု့အသစ်တွေကိုရှာဖွေရလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ နောက် ခြောက်လအကြာ မှာတော့ ယူနိုက်တဒ်ဟာ ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ဦးကိုပြန်ရလိုက်သလို စိတ်သစ်လူသစ် နဲ့ အသင်းအတွက်ပဲအာရုံစိုက်တဲ့ ပေါလ်ပေါဂ့်ဘာကို ပြန်လည်ရရှိခဲ့ပါတယ်။ ပေါဂ့်ဘာ ရဲ့ ပါဝင်မှု့တွေမှာ ဆိုးလ်ရှားအပြင် အခရာကျ ခဲ့တာက ဘရူနိုဖာနန်ဒက်စ် လည်း ဖြစ်ပြီး ဘရူနို က ပေါလ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးကိုအချိန်တိုအတွင်းမှာ တည်ဆောက်ယူခဲ့ပြီး နားလည်မှု့ရှိတဲ့ အတွဲဖက်အဖြစ်ပုံဖော်နိုင်ခဲ့ပါတယ်။ ဘရူနိုရောက်ရှိထဲက ပေါလ် အနေနဲ့ အနီးကပ်လေ့လာမှု့တွေပြလုပ်ခဲ့ပြီး ဘရူနို နဲ့ တွဲဖက်ကာ အကောင်းဆုံးကစားနိုင်မယ့် အနေထားတွေကို ရှယာဖွေလေ့လာခဲ့ပါတယ်။

လက်ရှိယူနိုက်တဒ်ရဲ့နိုင်ပွဲဆက်နေမှု့မှာ ဘရူနို က ကြီးမားတဲ့ပါဝင်ပက်သက်မှု့ ရှိနေပေမယ့် ပေါဂ့်ဘာ သာမပါဝင်ခဲ့ရင်တော့ အခုလောက်ထိ လွယ်ကူမှာ မဟုတ်တာအသေချာပါပဲ။ ပေါဂ့်ဘာက လိဂ်ပြန်စတဲ့အချိန်ကနေစပြီး မာတခ်ျ နဲ့တွဲကာ နောက်ဆင်းကစားပေးနေသလို သူ့ရဲ့ တိုက်စစ်မှာပါဝင်ပက်သက်ချင်စိတ်နဲ့ လှပတဲ့ကစားဟန်တွေကိုစွန့်ပစ်ထားပါတယ်။ ရိုးရှင်းပြီး ထိရောက်တဲ့ ကစားဟန်မျိုးပဲအသုံးချနေသလို သူ့ရဲ့မြင့်မားတဲ့ အမြင်စွမ်းရည်နဲ့ ပေးပို့နိုင်စွမ်းတွေက အသင်းကို ကစားရ သက်သာလွယ်ကူစေပါတယ်။ ပေါဂ့်ဘာ ဟာ လိဂ်ပြန်စပြီးထဲက တစ်ပွဲကိုပျမ်းမျှ အဝေးဘောပေးပို့မှု့ ၉ကြိမ် ပြုလုပ်လေ့ရှိပြီး ၇ကြိမ်ကို အောင်မြင်စွာပေးပို့ထားနိုင်ပါတယ်။ကွင်းလယ်ကနေ ပြိုင်ဘက်ဧရိယာထဲကို တိုက်ရိုက်ပေးပို့မှု့ ၁.၆ကြိမ်ပြုလုပ်ထားပြီး ၁၀၀% တိကျမှု့ရှိထားပါတယ်။

ပေါဂ့်ဘာအနေနဲ့ ဘရူနို ရှိနေတာကြောင့် တိုက်စစ်ကို အရင်ကလို တဟုန်ထိုးမလိုက်ပါတော့ပဲ တဆင့်စီ သာပါဝင်လာပြီး ခံစစ်တာဝန်ကိုလည်း မာတခ်ျ နဲ့တွဲပြီး တာဝန်ယူပေးထားပါတယ်။ ပေါဂ့်ဘာ ပါဝင်ချိန်မှာ ဘရူနိုအနေနဲ့ နံပတ်၁၀ နေရာမှာ ၁၉.၅% အထိ ရှိနေတတ်ပြီး ဧရိယာအတွင်း ၀.၇၅% အထိ ရှိနေတတ်ပါတယ်။ပေါဂ့်ဘာ မပါဝင်ချိန်တွေမှာတော့ ဘရူနိုက နံပတ်၁၀ နေရာမှာ ၁၂.၅% နဲ့ ဧရိယာအတွင်း ၀.၆% သာ ရှိနေပြီး ဘယ်ခြမ်း မှာပဲ ပိုမို အနေများကာ ၁၇% ထိ ကွင်းဘယ်ခြမ်းကနေ ဆော့ကစားနေလေ့ရှိပါတယ်။

ပေါဂ့်ဘာ ပါဝင်လာရင်တော့ ဘရူနို အနေနဲ့ နောက်ကိုစိတ်ပူပန်မှု့လျှော့ချနိုင်သလို ပြိုင်ဘက်ရဲ့ ပိတ်ဆို့ထားတဲ့ကြားကနေ ပေါဂ့်ဘာရဲ့ပေးပို့နိုင်စွမ်းက ဘရူနိုကို နံပါတ် ၁၀ နေရာမှာ ပိုမို ဆော့ကစားစေတဲ့အချက်လည်းဖြစ်ပါတယ်။ ဒီနှစ်ယောက်ကြားကနားလည်မှု့က ပိုပြီးကောင်းမွန်လာသလို အသင်းလိုက် ချိတ်ဆက်လည်းပိုကောင်းလာလို့ ဘရူနို အနေနဲ့ သူ့အားသာချက်ဖြစ်တဲ့ တိုက်စစ်စွမ်းရည်တွေကို အပြည့်အဝပြသနေနိုင်တာဖြစ်ပြီး ပေါဂ့်ဘာ သာမပါဝင်ခဲ့ရင် လက်ရှိဘရူနိုရဲ့စွမ်းရည်က တစ်ဝက်ခန့်လျော့ကျသွားနိုင်တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ  ဘရူနိုနဲ့ပေါဂ့်ဘာက တစ်ယောက်ကိုတယောက် တစ်ဂိုးစီ ဖန်တီးပေးထားနိုင်ပြီး ပရီးမီးယားလိဂ်ကို စိုးမိုးနိုင်မယ့်အတွဲဖက်အဖြစ် စတင် ကြိုးပမ်းလာပြီလည်းဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *