တရုတ်နိုင်ငံတွင် လူထောင်ချီ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲနေသည်ဟု သိရ 
Unicode…တရုတ်နိုင်ငံမှာ လူထောင်ချီ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲနေသည်ဟု သိရ
တရုတ်နိုင်ငံတွင် အရေးပေါ်လိုအပ်နေတဲ့သူထောင်ပေါင်းများစွာကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထောက်ပံ့ပေးနေပြီလို့ အစိုးရပိုင် ဆေးကုမ္ပဏီ SinoPharm က သတင်းထုတ်ပြန်လိုက်တာပါ။
ကုမ္ပဏီရဲ့ ပြောကြားမူအရ ဆေးဝန်ထမ်းများ ရောဂါကူးစက်မူနူန်းမြင့်မားတဲ့ ဒေသတွေမှာ အမှုထမ်းတဲ့ သံတမန်များ တရုတ် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ ပါဝင်နေတဲ့ အစိုးရစီမံကိန်းတွေ အပါအဝင် အန္တရာယ်အရှိနိုင်ဆုံးသူအားလုံးကို အရေးပေါ်ကာကွယ်ဆေး
ဦးစားပေးထောက်ပံ့နေတယ်လို့ သိရပါတယ်နော်။ SinoPharm ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်မျိုး ထုတ်လုပ်နေပြီးတော့ ဒီဆေးနှစ်မျိုးလုံးကတော့ လက်တွေ့စမ်းသပ်ကုသမှု အဆင့်သုံး ရောက်နေပြီလို့ ပြောခဲ့တာပါ။
ယခု ကာကွယ်ဆေး ထိုးထားပြီးသူတွေထဲမှာတော့ ရောဂါကူးနိုင်ခြေ အရှိဆုံးဒေသတွေကို ခရီးထွက်ခဲ့ပြီးနောက်မှာတော့ ဘယ်သူမှ ပိုးကူးစက်မှု မရှိတဲ့အတွက်ကြောင့် ဒီကာကွယ်ဆေးတွေဟာ ထိရောက်ကြောင်း သက်သေရှိတယ်
လို့ ဆေးကုမ္ပဏီရဲ့ ဥပဒေ အကျိုးဆောင် Zhou Song Zhou က ပြောကြားခဲ့ပါတယ်။ လက်တွေ့စမ်းသပ်ကုသမှုဟာ အဆင့်သုံး အောင်မြင်သွားတဲ့အခါမှာ ဒီကာကွယ်ဆေးကို ပြည်သူတွေ စတင်သုံးနိုင်ဖို့ကတော့
နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ ဖြစ်နိုင်တယ်လို့ဆိုပြီးတော့ တရုတ်နိုင်ငံ ဆေးဝါးကွပ်ကဲမှုဌာန ဇီဝဆေးဝါးလုံခြုံမှုဌာန ကျွမ်းကျင်သူက ပြောကြားခဲ့ပါတယ်။ Source :CNN
Add a Comment
Your email address will not be published. Required fields are marked *