သွေးသားမတော်တဲ့ အိမ်နားက အဖိုးအိုကို အိမ်မှာခေါ်ထားပြီး လုပ်ကျွေးနေတဲ့ လူငယ်လေး 
Unicode…ဆင်းရဲစွာနေထိုင်ရတဲ့ အိမ်နီးနားချင်းအဖိုးအိုကို အိမ်ပေါ်ခေါ်တင်ပြီး လုပ်ကျွေးနေသူ
လူငယ်လေး တစ်ယောက်ဟာ တစ်ကိုယ်ရေ ဆင်းရဲစွာနေထိုင်နေရတဲ့ အိမ်နီးချင်း အဖိုးအိုကို စာနာ သနားတာကြောင့် သူရဲ့အိမ်မှာ ခေါ်ထားပြီးတော့ အစစအရာရာ ပြုစုသွားမှာ ဖြစ်ပါတယ်နော်။
ထို လူငယ်လေးဟာ မလေး-အိန္ဒိယကပြားတစ်ယောက်ဖြစ်ပြီးတော့ Kuantan မှာ နေထိုင်တဲ့သူ ဖြစ်ပါတယ်။လူငယ်လေးဟာ အသက်(၂၃)နှစ်ဖြစ်ပြီးတော့ အသက်(၇၁)နှစ်အရွယ် အဖွားအေလည်း ရှိတာပါ။
သူ့ရဲ့ အိမ်နီးနားချင်း အဖိုးအိုဟာ အသက်(၈၇)နှစ်ဖြစ်ပြီးတော့ ဆင်းရဲစွာနဲ့ ဘဝကို ရုန်းကန်နေရတာပါ။ လူငယ်လေးဟာ တစ်လမှ ရင်းဂစ်(၁၅၀၀)ကနေ (၁၈၀၀)ကြားသာ ဝင်ငွေရှိတာပါနော်။
ကောင်လေး အမည်က Thinagaran ုဖြစ်ပြီးတော့ အဖွားနာမည်ကတော့ Kamala ဖြစ်ပြီး ညီမငယ်လေး တစ်ယောက်လည်း ရှိပါတယ်။မြေးအဖွား(၃)ယောက်ဟာ Kubang Buaya မှာ အိမ်ငှားနေကြပြီးတော့
အဖွားက အပေါ်ထပ်မှာ နေတာပါ။အဖိုးအိုရဲ့ နာမည်က Yep လို့ သိရပါတယ်။သူတို့ဟာ (၁၀)နှစ်ကျော်ကြာ အိမ်နီးနားချင်းဘဝမှာ မြေးလိုအဖိုးလို ခင်တွယ်နေကြတာပါ။ သူရဲ့ ဖခင်ဟာဘသူငယ်ငယ်ကတည်းက ဆုံးသွားတယ်လို့
ဆိုပါတယ်။ အစတုန်းက အဖိုး Yep နဲ့ ဧရိယာတစ်ခုတည်းမှာ နေထိုင်ခဲ့ကြတာ ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဲဒီဧရိယာဟာ ရာသီဥတုကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့တာဖြစ်ပါတယ်။
အဖိုးအိုဟာ တဲငယ်တစ်လုံးမှာ ဖြစ်သလို နေနေရတဲ့အပြင် ကျောထောက်နောက်ခံလည်း မရှိတော့ အတော်လေး ဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရတာပါနော်။ Thinagaran  က အဖိုး Yep ကို အိမ်မှာပဲ လာနေဖို့ဖိတ်ခေါ်ခဲ့တာပါ။
လူငယယ်လေးတို့ မောင်နှမ နှစ်ယောက်ဟာ အဖိုးအိုရဲ့ ဆုံးမ သွန်သင်မူနဲ့ ကြီးပြင်းလာရတာပါ။ ဘယ်လောက်ပဲ ဆင်းရဲနေကြသော်လည်း အဖိုးအိုတစ်ယောက်ကိုတော့ တင်ကျွေးနိုင်တယ်လို့ Thinagaran ပြောတာပါ။အဖွားကတော့ တစ်လကို ပင်စင်ရင်းဂစ် (၃၅၀) ရတာပါ။
အိမ်ငှားခကတော့ တစ်လကို ရင်းဂစ်(၄၀၀) ဖြစ်ပြီးတော့ ရင်းဂစ်(၁၀၀)လောက်ကတော့ ကုန်ကျစရိတ်ပါ။အဖိုးအိုနဲ့ အဖွားဖြစ်သူတို့မှာ နှစ်ယောက်သား သာမန်အမောရောဂါလောက်သာ ရှိပြီး ကျန်းမာနေကြဆဲပါနော်။
လူတွေကတော့ အဖိုးဟာ အဖွားရဲ့ငယ်ရည်းစားဆိုပြီး သွားပုပ်လေလွင့် ပြောနေကြပေမယ့် အဖွားကတော့ ဂရုမစိုက်ဘူး လို ဆိုပါတယ်။သတင်းမီဒီယာထက်မှာတော့ ဒီမိသားစုကို ထောက်ပံ့ဖို့ အလှူငွေ ကောက်ခံစုဆောင်းနေတယ်လို့ သိရပါတယ်နော်။source;လင်းသုတ
Add a Comment
Your email address will not be published. Required fields are marked *