Unicode…ရိုးမရိပ်သာက ပေါစတစ် လူနာဆောင်အတွက် အဲကွန်း(၅) လုံး လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးစတင် ဖြစ်ပွားကတည်းက လိုအပ်နေတဲ့နေရာတွေမှာ စမိုင်းက အမြဲလှူဒါန်းပေးနေတာဘဲဖြစ်ပါတယ်။စမိုင်းကတော့ အလှူဒါနလက်နဲ့မကွာဆိုသလို လှူဒါန်းပေးနေသူတစ်ဦးဖြစ်ပြီးတော့
ကိုဗစ်ကာလမှာလည်း အသက်ရှုစက်သုံးလုံး သိန်းလေးရာကျော်လှူဒါန်းပေးခဲ့တာ ဖြစ်ပြီးတော့ လိုအပ်လျက်ရှိတဲ့ အိမ်ထောင်စုပေါင်းများစွာကိုလည်း ဆန်၊ဆီ၊ စားသောက်ကုန်တွေထောက်ပံ့ခဲ့သူဘဲဖြစ်ပါတယ်နော်။
ဒီတစ်ကြိမ်မှာလည်း Q Center တစ်ခုဖြစ်တဲ့ ရိုးမအဆောင်တွေမှာ အဲကွန်းတပ်ဆင်ဖို့ (၁၆၈) လုံးလိုအပ်လျက်ရှိတာ ဖြစ်ပြီးတော့ စမိုင်းလ်ကတော့ Covid-19 Positive လူနာအဆောင်အတွက်ကို
အဲကွန်း(၅) လုံး၊ တန်ဖိုးငွေ (၂၂)သိန်း(၅) သောင်းတိတိကို လှူဒါန်းပေးခဲ့ပြန်တာဘဲဖြစ်ပါတယ်နော်။ စမိုင်းလ်ကတော့ သူမရဲ့ အလှူလေးကို ယနေ့အလှူ ရိုးမရိပ်သာအဆောင်တွေအတွက် အဲကွန်းလိုအပ်နေလို့ အဲကွန်း ( ၅ ) လုံး လှူဒါန်းခဲ့ပါတယ်။
မြန်မာပြည်ကြီး ကပ်ဘေးဆိုးကြီးမှအမြန်ဆုံးလွတ်မြောက်ပါစေ ဆိုပြီးတော့ ရေးသားဖော်ပြခဲ့တာဘဲ ဖြစ်ပါတယ်နော်။ယခု အလှူလေးဟာ ကိုယ့်အိမ်နဲ့ခွဲပြီး Q ဝင်နေရတဲ့သူတွေ အတွက် တကယ်ကို
အစဉ်ပြေစေတဲ့ လိုအပ်တာကို လှူဒါန်းခဲ့တဲ့ အလှူလေးဘဲ ဖြစ်ပါတယ်နော်။သရုပ်ဆောင် စမိုင်းတို့ မိသားုလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေနော်။Source – Smile စမိုင်းလ်
Add a Comment
Your email address will not be published. Required fields are marked *