၉နှစ် အရွယ်လေးနဲ့ မိခင်ကိုလုပ်ကျွေးနေတဲ့ သိတတ်လိမ်မာတဲ့ သားငယ်လေး













Unicode…လေးစားစရာကောင်းလှတဲ့ မိဘကိုလုပ်ကျွေးနေတဲ့ ၉နှစ်သားလေး

အင်ဒိုနီးရှားနိုင်ငံ Ziuth Kalimantan ရှိတဲ့ Jalan Gatot Subroto ကိုသွားရင် မနက်တိုင်းမှာ ကာတွန်းရုပ်ဝတ်စုံကိုဝတ်ပြီးတော့ ဟိုလှုပ်လှုပ်ဒီလှုပ်လှုပ်လုပ်ပြနေတဲ့ ၉ နှစ်သားလေး Rehan ရီဟန်ကိုတွေ့ရမှာ ဖြစ်ပါတယ်နော်။

မနက်ခင်းဘက်မှာ အလုပ်သွားကြတဲ့သူတွေနဲ့ လမ်းတွေမှာစည်ကားနေချိန်မှာဆိုရင်တော့ ရီဟန်လေးရဲ့ ငွေရတဲ့ အချိန်ဘဲဖြစ်ပါတယ်နော်။ အင်ဒိုနီးရှားနိုင်ငံကတော့ ယာဉ်တွေလမ်းပိတ်လေ့ရှိတဲ့အတွက်ကြောင့်

ရီဟန်တစ်ယောက်ဟာ မနက်အစောကြီး မိုးမလင်းခင်ထပြီးတော့ ၁၀ ကီလိုမီတာဝေးတဲ့နေရာကို လမ်းလျှောက်သွားရတာဖြစ်ပါတယ်နော်။ နေ့တိုင်းမှာ တူညီတဲ့ဝတ်စုံတွေနဲ့ အမြင်ရိုးနေလို့မဖြစ်တဲ့အတွက်ကြောင့်

ဝတ်စုံပြောင်းဝတ်ရတာဖြစ်ပြီးတော့ ရပ်နေထိုင်နေရင်လည်း ပိုက်ဆံမရနိုင်တာမို့ jogging ပြေးနေတာမျိုး တစ်ခုခုလုပ်ပြနေရပါတယ်တဲ့နော်။ နိုင်ငံခြားမှာတော့ ခုလိုမျိုး ဝတ်စုံတစ်ခုခုဝတ်ပြီး လမ်းပေါ်မှာ ဖျော်ဖြေကြတဲ့သူတွေကို

Street clown လို့ ခေါ်ဆိုကြတာပါနော်။ ရီဟန်လေးကိုတော့ Instagram user တစ်ယောက်က စတင်သတိထားမိတာဖြစ်ပြီးတော့ သူ့ကိုအင်တာဗျူးခဲ့တာဖြစ်ပါတယ်နော်။

ရီဟန်လေးဟာ ရတဲ့ပိုက်ဆံကို မိသားစုအတွက် ဆန်လိုမျိုးလိုအပ်တာတွေဝယ်နေတာပါ။ သူ့အတွက်မနက်စာကို သူဝယ်စားတာပါတဲ့နော်။ တစ်ခါတလေ အိမ်ငှားခအဖြစ်ပေးပြီးတော့ သူ့ကျောင်းစားစရိတ်အဖြစ် ပိုတဲ့ငွေတွေကို သပ်သပ်သိမ်းထားပါတယ်တဲ့နော်။

ရီဟန်လေးရဲ့ အမေကအလုပ်လုပ်ပေမယ့်လည်း ကျပမ်းအလုပ်သမားမို့ အိမ်စားရိတ်အနည်းငယ်နဲ့ အိမ်လခကို အလျဉ်မီအောင် မနည်းရှာနေရတာပါ။ ၉ နှစ်သားအရွယ် ရီဟန်ကလေးကတော့ တစ်ခါတလေမှာ

မနက်စောစော လမ်းဘေးမှာ ပင်ပန်းပြီးအိပ်ငိုက်သွားတတ်ပါတယ်တဲ့။ တချို့တွေဟာ မွေးဇာတာကောင်းကြပြီး တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူးနော်။ တစ်ချို့ကလေးတွေဆိုရင် လိုချင်တာမရရင်

မိဘကို ပြန်အော်တတ်တဲ့ကလေးတွေ၊ မိဘကိုအသုံးမကျဘူးလို့မြင်တဲ့ ကလေးတွေတောင် ရှိတတ်ကြပါတယ်။ မိဘတွေဟာ မိမိ တို့ ကလေးတွေကို ငယ်စဉ်ကတည်းက ငွကိုစနစ်တကျတန်ဖိုးထားသုံးစွဲတတ်အောင်

သင်ပေးဖို့လိုပါတယ်နော်။ကလေးတွေကို ကြီးမှသင်ပေးလို့ အစဉ်မပြေနိုင်ပါဘူးနော်။အသက်ရွယ် ၁၀ နှစ်မတိုင်ခင်မှာ ခလေးတွေကို လိုချင်တဲ့ပုံစံကို

မကြမ်းတမ်းမအော်ငေါက်ပဲ စိတ်ရှည်ရှည်နဲ့ ပုံသွင်းကြပါနော်။ပရိတ်သတ်ကြီးလည်း မိဘပေါ်မှာ သိတတ်တဲ့ သူတွေ ဖြစ်ကြပါစေနော်။ Source:Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *