ဆိုးလ်ရှားပြောတဲ့ ရလာဒ်ယူချိန်ရောက်ပြီ

ယူနိုက်တဒ်နည်းပြဆိုးလ်ရှားက ယာယီနည်းပြဘဝနဲ့ အမြဲတမ်းနည်းပြဘဝအစပိုင်းမှာပါ ပြောနေလေ့ရှိတာက ယုံကြည်မှု့၊လူငယ်တွေနေရာပေးတာနဲ့ အနာဂတ်ဆိုတာပဲ ဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ နည်းပြဘဝ အစပိုင်းနေ့ရက်တွေက သာမန်ထက်ပိုခက်ခဲတာတော့ အသေချာပါပဲ။ လူပိုတွေ၊မကစားချင်သူ၊အသင်းနဲ့မထိုက်တန်သူ၊ဒီအသင်းကို ပဲ မှီခိုချင်ကြသူတွေ ပြောရရင် ဆာအဲလက်စ် ရောက်စအချိန် အသင်းမှာ ယစ်ထုပ်တွေ ပြည့်နေတာ သိပ်မခြားနားပါဘူး။ ဆိုးလ်ရှား ပထမဆုံးပြောခဲ့တာက ဒီအသင်းမှာ ကစားဖို့ဆိုရင် ဒီအသင်းနဲ့ကိုက်ညီတဲ့ ခြေစွမ်း၊စိတ်ဓာတ် ရှိရမယ်ဆိုတာပဲဖြစ်ပြီး မရှိရင် ဘယ်သူ့ကိုမဆိုရောင်းထုတ်သွားမယ်ဆိုတာပါပဲ။y

ဆိုးလ်ရှားကစကားအတိုင်းပဲ သူစပြီးအပြည့်အဝတာဝန်ယူရတဲ့အချိန်ကစလို့ ပရိတ်သတ်တွေ လုံးဝမကြိုက်နှစ်သက်သလို အသင်းအတွက်လည်း ကိုက်ညီခြင်းမရှိတော့တဲ့ ဖယ်လိုင်နီ ကနေ စတင်ပြီး ယခုနောက်ဆုံး လူကာကူ၊စမောလင်းတို့ထိ ကစားသမား (၇)ယောက်ကို တစ်ရာသီထဲနဲ့ရှင်းထုတ်ပစ်ခဲ့ပါတယ်။

ယခုရာသီမှာလည်းလက်ကျန် လက်ဂါဒ့်၊ပါရဲရား တို့ကိုပါဆက်လက်ရှင်းထုတ်ဖို့စီမံနေပြီး သူ့ရဲ့ မူဝါဒအတိုင်း အသင်းအမှတ်တံဆိပ်အတွက် အသက်ပင်သေပါစေ ကစားမယ့် သူတွေကိုပဲဆိုးလ်ရှားက အ‌လိုရှိနေပါတယ်။ ကစားသမားအသစ်တွေစိတ်ကြိုက်ဖြည့်တင်းပြီး လာမယ့်ရာသီအတွက်လည်း ကမ္ဘာ့အဆင့်ကစားသမားတွေ ခေါ်ယူနိုင်တော့မယ့် အခုချိန်မှာတော့ဆိုးလ်ရှားကလေသံစတင်ပြောင်းလာပြီး သူ့အသင်းဟာ ရလာဒ် ကိုပြသရမယ်လို့ ဆိုလယပါတယ်။

ဆိုးလ်ရှား ရဲ့ပြောဆိုမှု့အပြီးမှာ ယူနိုက်တဒ်က ပြိုင်ပွဲစုံ (၁၇)ပွဲဆက်ရှုံးပွဲမရှိသလို ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့် (၃) နဲ့ (၁၄)မှတ်ကွာဟနေရာကနေ အခုညမှာတော့ အဆင့် (၃)ကိုတက်ရောက်နိုင်မယ့် အခွင့်အရေးနဲ့ နီးကပ်နေပါပြီ။ ဟိုဆေးလက်ထက်မှာ အဆင့်(၂)နဲ့ဇာတ်သိမ်းတာက ၂၀၁၃ နောက်ပိုင်းမှာအမြင့်ဆုံးအောင်မြင်မှု့ဖြစ်ခဲ့ပေမယ့် ယခုညမှာ ဆောက်တပ်တန်ကိုသာအနိုင်ရခဲ့ရင် အဆင့်(၃)ကိုတက်လှမ်းနိုင်မှာဖြစ်ပြီး လက်ကျန် (၄)ပွဲအနိုင်ရရင် ယူနိုက်တဒ်အတွက် သမိုင်းတစ်လျှောက်အဆိုးရွားဆုံးစတင်မှု့ဖြစ်ခဲ့တဲ့ ယခုရာသီက လှပစွာနဲ့ဇာတ်သိမ်းနိုင်တော့မှာလည်းဖြစ်ပါတယ်။ဒီအချိန်မှာဆိုးလ်ရှားရဲ့ အနာဂတ်ဆိုတာကိုယုံကြည်ခဲ့ကြတဲ့ပရိတ်သတ်တွေအတွက် သူ့ရဲ့ရလာဒ် ကို ခံစားရမယ့်အချိန်ရောက်ပြီဖြစ်လို့ ဆိုးလ်ရှားတစ်ယောက် သေချာပေါက်စွမ်းဆောင်နိုင်ဖို့လိုအပ်နေပြီလည်းဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *