Unicode…တာဝန်အားချိန်တိုင်းမှာ အိမ်ယာမဲ့ ကလေးတွေကို အခမဲ့ စာသင်ပေးနေတဲ့ ရဲသားကြီး
ယခု လက်ရှိမှာ ကိုဗစ် ရောဂါ ဖြစ်နေတဲ့ အတွက်ကြောင့် စာသင်ကျောင်းတွေအားလုံးကို ပိတ်ထားရတဲ့ အခြေအနေဖြစ်ပါတယ်နော်။ စာသင်ကျောင်းတော်တော်များက Digital Learning ဘက်ကိုသွားနေကြပေမယ့်လည်း
ဒီသင်ကြားရေးစနစ်ဟာ ကလေးတိုင်းတွက် အဆင်ပြေနေတာတော့ မဟုပါဘူး။ဘာလို့လဲ ဆိုတော့ သာမန်လူတန်းစား မိဘတွေရဲ့ သားသမီးတွေမှာ လက်တော့ပ်တွေ၊ စမတ်ဖုန်းတွေ မရှိလို့ပါပဲနော်။
ယခုမှာလည်း အိန္ဒိယနိုင်ငံက ရဲအရာရှိတစ်ဦးဟာ သူတို့မြို့မှာရှိတဲ့ ကလေးတွေကို နေ့စဉ်မနက်တိုင်း ဂျူတီအချိန်မတိုင်ခင်လေးမှာ စာသင်ကြားပို့ချပေးနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်နော်။
ထို ရဲအရာရှိဟာ အိန္ဒိယနိုင်ငံ၊ Bangalore မြို့ရှိ အသက် ၃၀ အရွယ် Shanthappa Jademmnavar လို့ အမည်ရတဲ့ ရဲအရာရှိပဲ ဖြစ်ပါတယ်နော်။ Shanthappa ဟာ မနက်တိုင်း ၈:၃၀ ချိန်မှာ ဂျူတီဝင်ရတာပါ။
သို့သော်လည်း သူတို့ မြို့မှာရှိတဲ့ ကလေး အယောက် ၃၀ ကျော်ကို မနက် ၇ နာရီအတိဆိုတာနဲ့ လမ်းမပေါ်မှာ စာသင်ပေးကြောင်း သိရပါတယ်နော်။ Shanthappa ဟာ သင်္ချာ၊ အထွေထွေဗဟုသုတနဲ့ ဘဝအတွက်အရေးပါတဲ့ သင်ခန်းစာတွေကို သင်ကြားပေးလျက် ရှိပါတာပါနော်။
ကလေးတွေဟာလည်း Shanthappa သင်ကြားတာကို အလေးအနက်ထားပြီး လိုက်နားထောင်သလို Shanthappa ပေးတဲ့ အိမ်စာတွေကိုလည်း ပြီးအောင်လုပ်တာကြောင့် တစ်ခါတစ်လေကျရင်
Shanthappa ဟာ ကလေးတွေကို ချောကလက်နဲ့ သကြားလုံးတွေကို ဆုအဖြစ်ပေးအပ်လေ့ရှိတာပါနော်။ကျောင်းတွေပိတ်ပြီး Digital Learning စနစ်နဲ့ ကလေးတွေ စာစသင်တယ်ဆိုကတည်းက
ကျွန်တော်မြို့မှာရှိတဲ့ ကလေးတွေကို ကျွန်တော်စပြီး စာသင်ပေးဖြစ်တာပါ။ Digital Learning စနစ်ဆိုတာဟာ ချမ်းသာတဲ့ မိသားစုနဲ့ အလယ်အလတ်တန်းစား မိသားစုမှာ မွေးဖွားလာတဲ့ ကလေးတွေပဲ တက်နိုင်တဲ့
ပညာရေးစနစ်တစ်ခုပါ။ ဒါဆိုရင် အခြေခံလူတန်းစားက မွေးဖွားလာတဲ့ ကလေးတွေက စာမသင်ရတော့ဘူးလား။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ကျောင်းတွေ ပြန်မဖွင့်မချင်း ကလေးတွေကို လမ်းပေါ်မှာပဲ စာသင်ပေးသွားမှာပါလို့ ဆိုပြီးတော့ Shathappa က ပြောကြားခဲ့တာပါနော်။source:shwemom
Add a Comment
Your email address will not be published. Required fields are marked *