Unicode…အမှတ်မထင် တွေ့ရှိခဲ့တဲ့ ထူးဆန်းလှတဲ့ ရှေးဟောင်း အမွေအနှစ်များ
ချစ်ပရိတ်သတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ မထင်မှတ်ပဲ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ထူးဆန်းလှတဲ့ ရှေးဟောင်းအမွေနှစ်တွေကို ပြောပြမှာပါ။မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့တဲ့ ပစ္စည်းတွေဟာဆိုရင်တော့ သမိုင်းနဲ့ သက်ဆိုင်တဲ့ အမွေနှစ်တွေလည်း ပါဝင်ပြီး ထူးဆန်းတဲ့ အရာတွေလည်း ပါ ပါတယ်နော်။
၁။ ဧရာမ အမွှေးရှည် ဆင်ခေါင်းကြီး James Bristle နဲ့ သူ့သူငယ်ချင်းတွေဟာ လယ်လုပ်ငန်း လုပ်ဖို့ရာ မြေကြီးကို တူးနေရာကနေပြီးတော့ ဒီအရိုးစုခေါင်းကြီးကို တွေ့ခဲ့ကြတာပါ။ဒီအရိုးစုကြီးကို ပညာရှင်တွေ စမ်းသပ်ကြည့်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁၅,၀၀၀ ) လောက်က ကျက်စားခဲ့တဲ့ အမွှေးရှည်ဆင်ကြီးရဲ့
အရိုးစုဖြစ်ကြောင်း သိခဲ့ရတာပါနော် ။ အမွှေးရှည်ဆင်ကြီး တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာကနေပြီးတော့ ရှင်သန်ကျက်စားခဲ့ကြပြီးတော့ ယခုအခါမှာတော့ မျိုးတုန်းပျောက်ကွယ် သွားကြပြီပဲ ဖြစ်ပါတယ်နော်။
၂။ ထူးဆန်းလှတဲ့ မံမီရုပ်ကြွင်း
မံမီရုပ်တုကတော့ ပုံစံအရ အတော်လေးကို ထူးခြားတဲ့ ရုပ်ကြွင်းတစ်ခုလည်း ဖြစ်ပါတယ်နော်။ The Grauballe Man လို့အမည်ရတဲ့ ဒီရုပ်တုဟာဆိုရင်တော့ တစ်ခြားမံမီ ရုပ်တုတွေလို မဟုတ်ပဲနဲ့ ဆံပင်နဲ့ လက်သည်းတွေ ပါရှိနေတာလည်း ဖြစ်ပါတယ်နော်။
ဒီမံမီ ရုပ်တုရဲ့ သက်တမ်းဟာ ဘီစီ ၃ရာစုနှစ် လောက်တည်းက ဖြစ်မယ်လို့ ပညာရှင်တွေ ခန့်မှန်းထားတာပါ။ ရုပ်တုကိုတော့ ၁၉၅၅ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံက ပြတိုက်တစ်ခုမှာ ပြသထားတယ်လို့ သိရပါတယ်နော်။
၃ ။ ဟော့ဘစ် လူပုလေးတွေဟာ တစ်ကယ်ရှိခဲ့တာလား
၂၀၀၃ ခုနှစ်တုန်းက လေ့လာရေးပညာရှင်တွေဟာ အင်ဒိုနီးရှားနိုင်ငံ အတွင်းက Flores ကျွန်းပေါ်မှာ လူပုမျိုးနွယ်လို့ ထင်ရတဲ့ အရိုးစုတစ်ခုကို တွေ့ခဲ့ရပါတယ်နော်။ ဒီအရိုးစုကို ဓာတ်ခွဲခန်းထဲ ယူသွားပြီးတော့ လေ့လာကြည့်တဲ့ အခါမှာတော့ မိန်းကလေးတစ်ယောက်ရဲ့
အရိုးစုဖြစ်တယ်ဆိုတာ သိခဲ့ရတာပါ။ လေ့လာကြည့်တဲ့အခါမှာ ထိုအရိုးစုဟာ အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ အရိုးစုဖြစ်ပြီးတော့ အတော်လေးကို အရပ်ပုလွန်းတယ်လို့ ဆိုပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့
ဒီအမျိုးသမီးရဲ့ ဦးနှောက်ဟာ သာမန် မဟုတ်ပဲ တစ်ကယ်ရှိတယ်ဆိုတာ တွေ့ခဲ့ကြရပါတယ်နော်။ ဒါကို ကြည့်ချင်းအားဖြင့် လွန်ခဲ့တဲ့အချိန်တွေတုန်းက လူပုမျိုးနွယ်တွေ တစ်ကယ်ရှိခဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်နေပါပြီနော် ။
၄။ ရှေးဟောင်းမြေအောက်မြို့တော်
၁၉၆၃ ခုနှစ်တုန်းက အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ အိမ်တွင်းက အခန်းတစ်ခန်းရဲ့ နံရံဟာ ထူးဆန်းတဲ့ ပုံစံဖြစ်နေတာကို သတိထားမိခဲ့တာပါ။ ဒါနဲ့ပဲ ပညာရှင်တွေကို ခေါ်ပြီး လေ့လာကြည့်စေတဲ့ အခါမှာ အတွင်းပိုင်းမှာ ဥမင် လမ်းကြောင်းတွေ အများကြီးတွေ့ရပြီးတော့
The Derinkuyu လို့ခေါ်တဲ့ မြေအောက်မြို့တော်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ သမိုင်းကြောင်းအရ ဒီမြို့ကို အရှေ့ရောမအင်ပါယာ ခေတ်တုန်းက တည်ဆောက်ခဲ့ပြီးတော့ အာရပ်လူမျိူးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာလို့ သိရပါတယ်နော် ။
၅။ ရှေးဟောင်း စစ်ရထားနဲ့ မြင်းအရိုးစုများ
သိပ္ပံပညာရှင်တွေနဲ့ ဘူမိဗေဒပညာရှင်တွေက Zheng မင်းဆက် ( ၈၀၆ – ၃၇၅ ဘီစီ ) လောက်က အသုံးပြုခဲ့တဲ့ စစ်ရထားနဲ့ မြင်းအရိုးစုပေါင်းများစွာကို တွေ့ရှိခဲ့ကြတာဘဲ ဖြစ်ပါတယ်။ တူးဖော်တွေ့ရှိတဲ့ နေရာကတော့ တရုတ်နိုင်ငံအတွင်းက Xinzheng မြို့မှာ
ဖြစ်ပြီးတော့ နှစ်ပေါင်း ၂၄၀၀ သက်တမ်းရှိပြီဖြစ်တဲ့ မြင်းအရိုးစု ၁၀၀ ကျော်နဲ့ စစ်ရထား တွေကို ရှာဖွေတွေ့ရှိခဲ့ကြတာလည်း ဖြစ်ပါတယ်နော်။ စစ်ရထားရဲ့ အရွယ်အစားကို တိုင်းတာကြည့်တဲ့အခါ ၂.၄ မီတာရှည်ပြီး အကျယ်ကတော့ ၁.၇ မီတာ ကျယ်ကာ ကြေးနဲ့ ပြုလုပ်ထားတာဘဲ ဖြစ်ပါတယ် ။
ချစ်တဲ့ ပရိတ်သတ်ကြီး အတွက် ဗဟုသုတ ရစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။ credit-shwekhitonlinetv
Add a Comment
Your email address will not be published. Required fields are marked *