ေရနစ္ေနတဲ့ကေလးငယ္ကို ကယ္ဆယ္ဖို့ ေအးခဲေနတဲ့ျမစ္ေခ်ာင္းထဲကုိ ခုန္ဆင္းသြားခဲ့တဲ့ အဘိုးအို

ေရနစ္ေနတဲ့ ကေလးငယ္ကို ကယ္ဆယ္ဖို့ ေအးခဲေနတဲ့ျမစ္ေခ်ာင္းထဲကုိ ခုန္ဆင္းသြားခဲ့တဲ့ အဘိုးအို

တ႐ုတ္ႏိုင္ငံ ၊ Sichuan ျပည္နယ္႐ွိ ရြာေလးတစ္ရြာမွာေနထိုင္ေနတဲ့ အသက္ 90 အရြယ္အဘိုးအိုကေတာ့ ေရနစ္ေနတဲ့ 1ႏွစ္ခြဲအရြယ္ကေလးငယ္ကို ကယ္တင္ဖို႔အတြက္ ေအးခဲေနတဲ့ျမစ္ေခ်ာင္းထဲခုန္ဆင္းသြားခဲ့တာပါ။

ျဖစ္ရပ္ကေတာ့ ကေလးငယ္ေလးဟာ စက္ဘီးစီးေနရင္းနဲ့ ေခ်ာ္ထြက္သြားျပီး စက္ဘီးေရာ လူပါ ျမစ္ေခ်ာင္းအတြင္းသို႔ထိုးက်သြားခဲ့တာပါေနာ္။

ထိုအခါ Yue အမည္႐ွိတဲ့ကေလးငယ္ရဲ့ အဘြားျဖစ္သူဟာ အံ့ၾသထိတ္လန္႔သြားၿပီးေတာ့ ခ်က္ခ်င္းေဘးပတ္ဝန္းက်င္ကိုေအာ္ဟစ္အကူအညီေတာင္းခံခဲ့တာပါ။ အဘြားအုိ ရဲ့ အကူအညီေတာင္းသံ ကိုၾကားေတာ့

အဘိုးအို He Youyi က ထုိ ေနရာကုိ ခ်က္ခ်င္းေရာက္႐ွိလာၿပီးေတာ့ ျမစ္ေခ်ာင္းထဲသို႔ခုန္ဆင္းျပီး ကေလးငယ္ကိုဆြဲေခၚၿပီးေနာက္မွာ သူရဲ့ ပုခံုးေပၚမွာ တင္ျပီး ကယ္ဆယ္ျပီးေနာက္ မိနစ္အနည္းငယ္အၾကာေလာက္ အျကာမွာ

ရြာသားအခ်ိဳ႕ေရာက္႐ွိလာၿပီးေတာ့ အဘိုးအိုကို ကမ္းေပၚသို႔ဆြဲတင္ေပးခဲ့ၾကတာပါေနာ္ ။အဘိုးအို ေျပာတာကေတာ့ ငါလုပ္ေပးႏိုင္တာကို လုပ္ခဲ့တာပါ ၊ ငါေသသြားရင္ေတာ့ကိစၥမ႐ွိဘူး။ ဒါေပမဲ့ ကေလးငယ္ေလးက အဲ့လိုအျဖစ္မ်ိဳးနဲ႔ေတာ့ မၾကံဳသင့္ဘူး ဆိုၿပီးေတာ့

ေလးစားဖြယ္ ေျပာျကားသြားခဲ့တာပါ ။ ထုိျဖစ္ရပ္ကုိ ျကားျပီးေနာက္ အလုပ္လုပ္ကိုင္ေနၾကတဲ့ အဘိုးအိုရဲ႕သမီး ႏွင့္ ေျမးျဖစ္သူတို႔က အဘုိးအို ရွိတဲ့ရြာကုိ အေျပးျပန္လာခဲ့ပါေတာ့တာပါေနာ္။

ရြာသားေတြဟာ ရႊံ့ထူလြန္းတဲ့ျမစ္ေခ်ာင္းထဲကုိ ခုန္ခ်ၿပီးေတာ့ ကေလးငယ္ရဲ႕အသက္ကို ကယ္တင္ေပးခဲ့တဲ့အဘိုးအိုရဲ႕လုပ္ရပ္ကို အေတာ္ေလး ေလးစားခဲ့ၾကၿပီးေတာ့ ထုိအဘိုးအိုကို သူရဲေကာင္းဆိုၿပီးသတ္မွတ္ေခၚဆိုခဲ့ပါတယ္ေနာ္ ။

အဘုိးအုိရဲ့ အသက္အရြယ္အရ လမ္းေလ်ွာက္ဖို႔ေတာင္ခက္ခဲေနတဲ့အဘိုးအိုက သူ့အတြက္ မငဲ့ဘဲနဲ့ ကေလးငယ္အတြက္ ခ်င္ခ်င္းလက္ငင္းကယ္တင္ေပးခဲ့တဲ့လုပ္ရပ္ကေတာ့ အလြန္ကို ေလးစားဖြယ္ေကာင္းတဲ့ လုပ္ရပ္ဘဲ ျဖစ္ပါတယ္ေနာ္ ။Source: nextshark

Unicode…ရေနစ်နေတဲ့ကလေးငယ်ကို ကယ်ဆယ်ဖို့ အေးခဲနေတဲ့မြစ်ချောင်းထဲကို ခုန်ဆင်းသွားခဲ့တဲ့ အဘိုးအို (ရုပ်သံ)

တရုတ်နိုင်ငံ ၊ Sichuan ပြည်နယ်ရှိ ရွာလေးတစ်ရွာမှာနေထိုင်နေတဲ့ အသက် 90 အရွယ်အဘိုးအိုကတော့ ရေနစ်နေတဲ့ 1နှစ်ခွဲအရွယ်ကလေးငယ်ကို ကယ်တင်ဖို့အတွက် အေးခဲနေတဲ့မြစ်ချောင်းထဲခုန်ဆင်းသွားခဲ့တာပါ။

ဖြစ်ရပ်ကတော့ ကလေးငယ်လေးဟာ စက်ဘီးစီးနေရင်းနဲ့ ချော်ထွက်သွားပြီး စက်ဘီးရော လူပါ မြစ်ချောင်းအတွင်းသို့ထိုးကျသွားခဲ့တာပါနော်။

ထိုအခါ Yue အမည်ရှိတဲ့ကလေးငယ်ရဲ့ အဘွားဖြစ်သူဟာ အံ့သြထိတ်လန့်သွားပြီးတော့ ချက်ချင်းဘေးပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခံခဲ့တာပါ။ အဘွားအို ရဲ့ အကူအညီတောင်းသံ ကိုကြားတော့

အဘိုးအို He Youyi က ထို နေရာကို ချက်ချင်းရောက်ရှိလာပြီးတော့ မြစ်ချောင်းထဲသို့ခုန်ဆင်းပြီး ကလေးငယ်ကိုဆွဲခေါ်ပြီးနောက်မှာ သူရဲ့ ပုခုံးပေါ်မှာ တင်ပြီး ကယ်ဆယ်ပြီးနောက် မိနစ်အနည်းငယ်အကြာလောက် အကြာမှာ

ရွာသားအချို့ရောက်ရှိလာပြီးတော့ အဘိုးအိုကို ကမ်းပေါ်သို့ဆွဲတင်ပေးခဲ့ကြတာပါနော် ။အဘိုးအို ပြောတာကတော့ ငါလုပ်ပေးနိုင်တာကို လုပ်ခဲ့တာပါ ၊ ငါသေသွားရင်တော့ကိစ္စမရှိဘူး။ ဒါပေမဲ့ ကလေးငယ်လေးက အဲ့လိုအဖြစ်မျိုးနဲ့တော့ မကြုံသင့်ဘူး ဆိုပြီးတော့

လေးစားဖွယ် ပြောကြားသွားခဲ့တာပါ ။ ထိုဖြစ်ရပ်ကို ကြားပြီးနောက် အလုပ်လုပ်ကိုင်နေကြတဲ့ အဘိုးအိုရဲ့သမီး နှင့် မြေးဖြစ်သူတို့က အဘိုးအို ရှိတဲ့ရွာကို အပြေးပြန်လာခဲ့ပါတော့တာပါနော်။

ရွာသားတွေဟာ ရွှံ့ထူလွန်းတဲ့မြစ်ချောင်းထဲကို ခုန်ချပြီးတော့ ကလေးငယ်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အဘိုးအိုရဲ့လုပ်ရပ်ကို အတော်လေး လေးစားခဲ့ကြပြီးတော့ ထိုအဘိုးအိုကို သူရဲကောင်းဆိုပြီးသတ်မှတ်ခေါ်ဆိုခဲ့ပါတယ်နော် ။

အဘိုးအိုရဲ့ အသက်အရွယ်အရ လမ်းလျှောက်ဖို့တောင်ခက်ခဲနေတဲ့အဘိုးအိုက သူ့အတွက် မငဲ့ဘဲနဲ့ ကလေးငယ်အတွက် ချင်ချင်းလက်ငင်းကယ်တင်ပေးခဲ့တဲ့လုပ်ရပ်ကတော့ အလွန်ကို လေးစားဖွယ်ကောင်းတဲ့ လုပ်ရပ်ဘဲ ဖြစ်ပါတယ်နော် ။Source: nextshark

Add a Comment

Your email address will not be published. Required fields are marked *