ကျိုက်ထီးရိုးစေတီတော်နှင့် ပုံစံတူ စေတီတော်ကို ထပ်မံတွေ့ရှိ
Unicode…ကျိုက်ထီးရိုးစေတီတော် နောက်တစ်ဆူကို ဖူးမြှော်ရင်း လိုရာဆုတောင်းခဲ့ကြဦးနော်
ကျိုက်ထီးရိုးဘုရား နောက်တစ်ဆူ တွေ့ရှိ ဖူးမြော်ပြီး လိုရာဆုတောင်းနိုင်ပါတယ်နော်။မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်အိုင်တောင်အတွင်းမှ ကျိုက်ထီးရိုးပုံစံတူ စေတီတော်တစ်ဆူကို တွေ့ရှိခဲ့ကြောင်းကို
ဆရာတော်အရှင်စန္ဒိမာက မြွတ်ကြားခဲ့သည်။ ကျိုက်ထီးရိုးဘုရား နောက်တစ်ဆူ တွေ့ရှိ ခဲ့တာကို ခုလို မိန့်ကြားခဲ့တာပါ။ ဦးဇင်း တောထဲရောက်တာ ၉ ရက်ရှိပြီး ရွက်ဖျင်းတဲလေးနဲ့ပဲသီတင်းသုံးနေတာ။
အဲစေတီတော်လေးကိုအရင်တုန်းကတော့ ထင်းခုတ်တဲ့ဒေသခံတွေ တွေ့ရင်တွေ့ကြမှာ။ဒါပေမဲ့ ဘယ်သူမှ စိတ်မဝင်စားကြဘူး ဦးဇင်းနေတဲ့ နေရာကနေ နေ့တိုင်း မြင်တွေ့ရတာတော့ အဲဒါနဲ့ လမ်းပြတစ်ယောက်ခေါ်ပြီးသွားတာ ၄၅ မိနစ်လောက်သွားရသေးတယ်။
ဘုရားတည်ထားတဲ့လက်ရာတွေက ခုခေတ်လက်ရာပုံစံပါပဲ ဒါပေမဲ့ နည်းနည်းဆန်းတယ်ဟု ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားသည်ဘုရားဘွဲ့နာမည်ကို ခုလောလောဆယ် ကျောက်လွှတ်စေတီတော်လို့ ပေးထားပါတယ်။
ကျောက်တုံးကြီးက အမြင့်ပေ ဘယ်လောက်ရှိလဲဆိုတာ ဦးဇင်းတော့မတိုင်းတာရသေးဘူးဒါပေမဲ့ ကျိုက်ထီးရိုး ကျောက်တုံးကြီးထက် ကြီးတယ် ဒါကို ဘယ်သူတည် ထားခဲ့တာလဲဆိုတာလည်း စုံစမ်းနေပါတယ်ဟု
ဆရာတော်အရှင် စန္ဒိမာက မြွတ်ကြားခဲ့ပါတယ်။ ပရိတ်ကြီးလည်း ဖူးမြော်နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Add a Comment
Your email address will not be published. Required fields are marked *