နွားကျင်ငယ်ရည်ကို နေ့တိုင်းသောက်​ပြီး ကောင်းချီးယူတယ် ဆိုတဲ့အကြောင်း ပြောလာတဲ့ ဘောလိဝုဒ်မင်းသား အရှေး 
Unicode…နွားကျင်ငယ်ရည်ကို နေ့တိုင်းသောက်ပြီး ကောင်းချီးယူတယ် ဆိုတဲ့ ဘောလိဝုဒ်မင်းသား အရှေး
တစ်ကမ္ဘာလုံးမှာတစ်ရက် အတွင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၃၀၇,၀၀၀ ကျော်တိုးပြီးနောက် အများဆုံး စံချိန်သစ်တင်နေ့တိုင်း နွား ကျင်ငယ်ရည် ‌သောက်ကြောင်း ဘောလိဝုဒ်မင်းသား အရှေးက ပြောကြားခဲ့တာပါ။
ဘောလီးဝုဒ်စတား အရှေးကူမားဟာ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ အသက် ၅၃ နှစ်ပြည့်ခဲ့တာပါ။ အရှေးဟာ live အစီအစဉ် တခုမှာ သူဟာ နေ့တိုင်း နွားကျင်ငယ်ရည် သောက်ပြီးတော့ ကောင်းချီးခံယူကြောင်းကို ပြောပြခဲ့တာပါနော်။
ဗြိတိန်က တီဗီရှိုးတင်ဆက်သူ Bear Grylls နဲ့ အရှေးရဲ့ တောအုပ်အတွင်း လှည့်လည်တဲ့ ရှိုးပွဲအစီအစဉ်မှာတုန်းက အရှေးဟာ ဆင်ရဲ့ မစင်နဲ့ ပြုလုပ်ထားတဲ့ လဘက်ရည်ကို သောက်ခဲ့လို့ ပရိသတ်တွေဟာ အရှေးကို မေးမြန်းခဲ့ကြတာပါ။
အရှေးဟာ ကြာသာပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ live chat အစီအစဉ်မှာတုန်းက ကျနော်က ‌‌နေ့တိုင်း နွား ကျင်ငယ်ရည် သောက်နေကျမို့ ဆင်ချီးနဲ့လုပ်တဲ့ tea ‌သောက်တာလောက်က စာဖွဲ့စရာ မရှိဘူးလို့ ဆိုပြီးတော့ ပြောပြလာတာပါ။
အရှေးဟာ ပြည်သူလူထုကို aware လုပ်တဲ့အနေနဲ့ ဒီလို နွား‌ကျင်ငယ်ရည် ‌သောက်တာဟာ ကျန်းမာရေးအရ အထောက်အကူ ဖြစ်စေမယ်ဆိုပြီး သိပံနည်းကျ သုတေသန ပြုလုပ်ထားတဲ့ သက်သေခံချက် လုံးဝ မရှိဘူးဆိုတာကိုပါ
ထည့်ပြောသွားခဲ့တာပါ။ သူပြောတာကတော့ ဘာသာရေး ခံယူချက်အရဖြစ်စေ၊ မိမိ စိတ်သန်လို့ ဖြစ်စေ နွားကျင်ငယ်ရေ ‌သောက်ချင် သောက်ပါ။ ကျန်းမာရေးအရ ကင်ဆာပျောက်တယ်တို့၊ ကိုဗစ်ပိုးသေတယ် စသဖြင့်
တလွဲ ထင်မြင်ယူဆချက်တွေ မထားဖို့ဆိုပြီး အရှေးက သတိပေးခဲ့ပါသေးတယ်နော်။ အိန္ဒိယမှာ ကိုဗစ်ဖြစ်ကာစ ဖေဖေါ်ဝါရီလအတွင်မှာ နွားသေး သောက်ရင် ကိုရိုနာဗိုင်းရပ်စ်‌ ‌သေတယ်ဆိုပြီးတော့ ဝန်ကြီးချုပ် မိုဒီရဲ့ အာဏာရ
BJP ပါတီအမတ်တချို့ဟာ နွားသေး တိုက်ကျွေးတဲ့ မဏ္ဌပ်တွေကို ဆောက်ပြီးတော့ လူတွေကို တိုက်ကျွေးခဲ့ကြတယ်လို့ သိရပါတယ်။
ယခု လက်ရှိမှာတော့ အိန္ဒိယဟာ ကိုဗစ် ရောဂါပိုးတွေ့သူ ၄သန်းခွဲရှိပြီးတော့ အမေရိကပြီးရင် ကမ္ဘာမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူ အများဆုံးရှိတဲ့ နိုင်ငံစာရင်းမှာ ဒုတိယချိတ်နေတာပါ။ source: BollywoodUpdateNewsMyanmar
Add a Comment
Your email address will not be published. Required fields are marked *