အဆင့်(၃)ကို ရောက်ဖို့အခြေနေကောင်းလာတဲ့ယူနိုက်တက်နဲ့ နံနက်ခင်း သတင်းတိုများ

ယူနိုက်တက်အသင်းဟာ  ဆောက်သမ်တန်နှင့် Old Trafford ကွင်း၌ေ နာက်ဆုံးရင်ဆိုင်ခဲ့သည့် (6) ပွဲတွင် (2) ပွဲနိုင်၊ (2) ပွဲသရေကျ၍၊ (2)ပွဲရှုံးနိမ့်ထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်အသင်းဟာ အနိုင်ရခဲ့ပါက အဆင့် (၃)သို့ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ မနေ့ညက လက်စတာအသင်းက ဘုန်းမောက်အသင်းကို (၄-၁)ဖြင့် ရှုံးနိမ့်ခဲ့သလို ချယ်ဆီးကလည်း ရှက်ဖီးယူနိုက်တက်ကို (၃-၀)ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဘုန်းမောက်နှင့် ပွဲစဉ်တွင် တိုက်ရိုက်အနီကဒ်ပြခံခဲ့ရသော လက်စတာ နောက်ခံလူ Caglar Söyüncü အနေကတော့ ယူနိုက်တက်ပွဲအပါအဝင် လက်ကျန် သုံးပွဲလုံး လွဲချော် သွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှုး ဂရင်းဝုဒ်ဟာ ဒီရာသီပရီးမီးယားလိဂ်တွင် အခွင့်အရေးကနေ ဂိုးအဖြစ် ပြောင်းလဲမှုနှုံး တတိယအကောင်းဆုံး ကစားသမားဖြစ်ပြီး သူ့ရဲ့အထက်မှာတော့ ဗာဒီနဲ့ ဒန်နီအင်းစ်တို့ပဲ ရှိနေတယ်လို့ သိရပါတယ်။ ဂရင်းဝုဒ်(၃၂.၁%) ဗာဒီ(၃၄.၉)၊ ဒန်နီအင်းစ်(၃၂.၂%)

ပဲလေ့စ်နဲ့ ဗီလာနဲ့ပွဲမှာ တိုက်ရိုက်အနီကတ်အပြခံခဲ့ရတဲ့ ပဲလေ့စ်ကစားသမား ခရစ်ရှန်ဘန်တီကီကတော့ လာမယ့်ဇူလိုင်လာ (၁၆)ရက်နေ့တွင် ကစားမယ့် ယူနိုက်တက်နှင့်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်တွင် ၁၁၁ မိနစ်ကို သွင်းဂိုး ၁ ဂိုးနှုံး သွင်းယူထားပြီး ၎င်းရဲ့အထက်တွင် အဂူရိုသာရှိပြီး (၉၁)မိနစ်တွင်း ၁ ဂိုးနှုံး သွင်းယူထားကြောင်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *