ဖာနန်ဒက်ရဲ့ပင်နယ်တီအပါ၀င် ပင်နယ်တီသုံးလုံးမှားဆုံးဖြတ်ခဲ့ကြောင်း ပရီးမီးယားလိဂ်ထုတ်ပြန်

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၃၄ ပွဲစဉ်တွေထဲက ကြာသပတေးနေ့မှာကစားတဲ့ ပွဲစဉ်တွေမှာ အမှားအယွင်းတွေလုပ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်က ၀န်ခံလိုက်ပါတယ်။ VAR နဲ့ မှားယွင်းကာ ဆုံးဖြတ်ချက်တွေချခဲ့တာဖြစ်ပြီး၊ ပင်နယ်တီမပေးသင့်နဲ့ ပေးသင့်တဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်းပြန်တွေမှားယွင်းဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုလိုက်တာပါ။

ဘီဘီစီရဲ့ဖော်ပြချက်အရ ပင်နယ်တီဆုံးဖြတ်ချက်မှားခဲ့တဲ့ အကြောင်းအရာ သုံးခုက အခုလိုဖြစ်ပါတယ်။ (၁)မန်ယူနဲ့ အက်စတွန်ဗီလာ (၃-၀)ပွဲစဉ်မှာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သော ဘရူနိုဖာနန်ဒက်ရခဲ့သည့် ပင်နယ်တီ၊ (၂)ဆောက်သမ်တန် (၁-၁)အဲဗာတန်ပွဲမှာ ဘားတန်းထိကာထွက်သွားခဲ့သော ၀က်ပရိုစီကန်သွင်းခဲ့သည့်ပင်နယ်တီ။

(၃)စပါး (၀-၀) ဘုန်းမောက် ပွဲစဉ်မှာ ဂျိူရှုဝါကင်း ဟယ်ရီကိန်းအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမဲ့ မပေးဖို့ ဆုံးဖြတ်ခဲ့သည့် ပင်နယ်တီ ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ မန်ယူနဲ့ ဆောက်သမ်တန် ရခဲ့တဲ့ ပင်နယ်တီတွေဟာ VAR နဲ့ မှားပေးခဲ့တာဖြစ်သလို ဟယ်ရီကိန်းရမယ့် ပင်နယ်တီကို မပေးခဲ့တာဟာလည်း မှားဆုံးဖြတ်ခဲ့တာလို့ ပရီးမီးယားလိဂ်ကဆိုခဲ့တာပါ။

Add a Comment

Your email address will not be published. Required fields are marked *