ခါးနာျခင္းကုိ သက္သာေပ်ာက္ကင္းေစမည့္ အိပ္စက္ပံု နည္းလမ္းမ်ား

ခါးနာတာကုိ သက္သာေပ်ာက္ကင္းေစမည့္ အိပ္စက္ပံု နည္းလမ္းမ်ား

ကမာၻ႔လူဦးေရရဲ႕ 80 ရာခိုင္ႏႈန္းကေတာ့ တစ္သက္မွာ အနည္းဆုံး တစ္ခါေတာ့ ခါးနာေဝဒနာကို ခံစားျကရပါတယ္ေနာ္။ယခုလို ခါးနာေဝဒနာေတြ မျဖစ္ရေအာင္ ႀကိဳတင္ကာကြယ္ႏိုင္မယ့္ နည္းလမ္းေလးေတြ ရွိပါတယ္ေနာ္။ေန့စဥ္ အိပ္စက္ေန တဲ့ပုံစံကို ေျပာင္းလိုက္ရင္ေတာ့ ခါးနာေဝဒနာဟာ သက္သာသြားမွာပါေနာ္။

(၁) လည္ပင္းႏွင့္ ေက်ာအေပၚဘက္ပိုင္း နာက်င္ျခင္းအတြက္

ပက္လက္လွန္အိပ္ျခင္းဟာ လည္ပင္းနဲ႔ ေက်ာအေပၚက ဖိအားေတြကို နည္းသြားေစပါတယ္ေနာ္။ ေက်ာ႐ိုးကိုလည္း ေျဖာင့္တန္းသြားေစပါတယ္ေနာ္။ လည္ပင္းေအာက္နဲ႔ ဒူးေခါင္းေအာက္တြင္ ေခါင္းအုံးတစ္လုံးထားၿပီးေတာ့ အိပ္ျခင္းဟာ လည္ပင္းနဲ႔ ေက်ာအေပၚဘက္က နာက်င္မႈကို သက္သာလာေစပါတယ္။

(၂)ေက်ာ႐ိုးမႀကီးတစ္ေလွ်ာက္ နာက်င္ျခင္းအတြက္

ေမွာက္အိပ္ျခင္းဟာ ေက်ာ႐ိုးတစ္ေလွ်ာက္လုံး နာက်င္ေနတဲ့ သူေတြအတြက္ သင့္ေတာ္တဲ့ အိပ္စက္နည္းေလးပါ။ေနာက္ထပ္ ေခါင္းအုံးတစ္အုံးကိုလည္း ဗိုက္ေအာက္မွာ ထားလိုက္ပါေနာ္။ ေခါင္းအုံးကေတာ့ 3 လက္မထက္ မထူတဲ့ ေခါင္းအုံးအပါးေလးျဖစ္ဖို႔ လိုပါတယ္ေနာ္။

ဗိုက္ေအာက္မွာ ေခါင္းအုံးထားအိပ္ျခင္းဟာ ေက်ာေပၚက ဖိအားေတြကို နည္းသြားေစပါတယ္ေနာ္။ ဗိုက္ေအာက္မွာ ေခါင္းအုံးထားအိပ္လို႔ မသက္သာရင္ေတာ့ ေခါင္းေအာက္က ေခါင္းအုံးကို ဖယ္ၿပီးအိပ္ၾကည့္ပါေနာ္။

(၃) ေက်ာေအာက္ပိုင္း နာက်င္ျခင္းအတြက္

ခႏၶာကိုယ္ကို တစ္ဖက္ေစာင္းၿပီး အိပ္စက္တဲ့အခါမွာ ေက်ာ႐ိုးမႀကီးကို သဘာဝမက်တဲ့ ပုံစံ ျဖစ္ေစတာပါ။ ေက်ာေအာက္ပိုင္းကိုလည္း ကိုယ္အေလးခ်ိန္ ပိုသြားေစပါတယ္ေနာ္။ ဒူးကို အနည္းငယ္ ေကြးၿပီးေတာ့

ဒူးႏွစ္ဖက္ၾကားမွာ ေခါင္းအုံးတစ္လုံး ထားအိပ္ပါေနာ္။ အဲဒီအခါ ေက်ာေအာက္ပိုင္းနာက်င္ျခင္းေတြ သက္သာလာမွာျဖစ္ၿပီး အိပ္ယာထတဲ့ အခါလည္း မနာက်င္ေတာ့ပါဘူးေနာ္။

(၄)ခါးနာျခင္းအတြက္ ေက်ာေအာက္ပိုင္းခါးနာရင္

ေနာက္ကိုမွီၿပီး အိပ္တာက ပိုျပီး ထိေရာက္ေစပါတယ္။ ေခါင္းအုံးေတြကို ေက်ာနဲ႔ လည္ပင္းေနာက္မွာထားၿပီး အိပ္ျခင္းဟာ ခါးနာတဲ့သူေတြအတြက္ အဆင္ေျပပါတယ္ေနာ္။ ပိုၿပီးေတာ့ သက္ေတာင့္သက္သာ ရွိဖို႔ဆိုရင္ ေခါင္းအုံးေတြကို ဒူးနဲ႔ ေျခေထာက္ေအာက္မွာ ထားအိပ္လို႔ ရပါတယ္။

(၅)အာ႐ုံေၾကာမ်ားေတာင့္တင္းျခင္း

ေက်ာ႐ိုးဆစ္ေတြၾကားက အ႐ိုးႏုလႊာေလးေတြ ပုံမွန္အေနအထားကေန အနည္းငယ္ေ႐ြ႕သြားရင္ နာက်င္မႈေတြ ခံစားေစရပါတယ္ေနာ္။ ေက်ာ႐ိုးအဆစ္ေတြလည္း ပုံမွန္အေနအထားအတိုင္း ျပန္ျဖစ္ဖို႔အတြက္ ခႏၶာကိုယ္ အေပၚပိုင္းကို

ေကြးၿပီးအိပ္ပါ။ အဲဒီအခါ ေက်ာ႐ိုးအဆစ္ေတြနဲ႔ အာ႐ုံေၾကာေပၚသက္ေရာက္ေနတဲ့ ဖိအားေတြ ေလ်ာ့သြားေစတာပါ။ ႏွစ္ေပါင္းမ်ားစြာ အိပ္စက္လာတဲ့ပုံစံကို ေျပာင္းအိပ္ဖို႔ ဆိုတာ မလွပါဘူး။

ခါးနာတာကုိ မသက္သာရင္ ေနာက္ထပ္ အိပ္စက္နည္းပုံစံေတြ ရွိပါတယ္ေနာ္။ ပုံေလးပုံထဲက ကိုယ္နဲ႔အဆင္ေျပမယ့္ အိပ္စက္နည္း ပုံစံႏွစ္မ်ိဳးကို ေ႐ြးၿပီးေတာ့ အိပ္တာဟာ ခါးနာသက္သာလာႏိုင္ပါတယ္ေနာ္။source; Zombie (LoveMedia)

Unicode…ခါးနာတာကို သက်သာပျောက်ကင်းစေမည့် အိပ်စက်ပုံ နည်းလမ်းများ

ကမ္ဘာ့လူဦးရေရဲ့ 80 ရာခိုင်နှုန်းကတော့ တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ ခါးနာဝေဒနာကို ခံစားကြရပါတယ်နော်။ယခုလို ခါးနာဝေဒနာတွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်နော်။

နေ့စဉ် အိပ်စက်နေ တဲ့ပုံစံကို ပြောင်းလိုက်ရင်တော့ ခါးနာဝေဒနာဟာ သက်သာသွားမှာပါနော်။

(၁) လည်ပင်းနှင့် ကျောအပေါ်ဘက်ပိုင်း နာကျင်ခြင်းအတွက်

ပက်လက်လှန်အိပ်ခြင်းဟာ လည်ပင်းနဲ့ ကျောအပေါ်က ဖိအားတွေကို နည်းသွားစေပါတယ်နော်။ ကျောရိုးကိုလည်း ဖြောင့်တန်းသွားစေပါတယ်နော်။ လည်ပင်းအောက်နဲ့ ဒူးခေါင်းအောက်တွင် ခေါင်းအုံးတစ်လုံးထားပြီးတော့ အိပ်ခြင်းဟာ လည်ပင်းနဲ့ ကျောအပေါ်ဘက်က နာကျင်မှုကို သက်သာလာစေပါတယ်။

(၂)ကျောရိုးမကြီးတစ်လျှောက် နာကျင်ခြင်းအတွက်

မှောက်အိပ်ခြင်းဟာ ကျောရိုးတစ်လျှောက်လုံး နာကျင်နေတဲ့ သူတွေအတွက် သင့်တော်တဲ့ အိပ်စက်နည်းလေးပါ။နောက်ထပ် ခေါင်းအုံးတစ်အုံးကိုလည်း ဗိုက်အောက်မှာ ထားလိုက်ပါနော်။ ခေါင်းအုံးကတော့ 3 လက်မထက် မထူတဲ့ ခေါင်းအုံးအပါးလေးဖြစ်ဖို့ လိုပါတယ်နော်။

ဗိုက်အောက်မှာ ခေါင်းအုံးထားအိပ်ခြင်းဟာ ကျောပေါ်က ဖိအားတွေကို နည်းသွားစေပါတယ်နော်။ ဗိုက်အောက်မှာ ခေါင်းအုံးထားအိပ်လို့ မသက်သာရင်တော့ ခေါင်းအောက်က ခေါင်းအုံးကို ဖယ်ပြီးအိပ်ကြည့်ပါနော်။

(၃) ကျောအောက်ပိုင်း နာကျင်ခြင်းအတွက်

ခန္ဓာကိုယ်ကို တစ်ဖက်စောင်းပြီး အိပ်စက်တဲ့အခါမှာ ကျောရိုးမကြီးကို သဘာဝမကျတဲ့ ပုံစံ ဖြစ်စေတာပါ။ ကျောအောက်ပိုင်းကိုလည်း ကိုယ်အလေးချိန် ပိုသွားစေပါတယ်နော်။ ဒူးကို အနည်းငယ် ကွေးပြီးတော့

ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးတစ်လုံး ထားအိပ်ပါနော်။ အဲဒီအခါ ကျောအောက်ပိုင်းနာကျင်ခြင်းတွေ သက်သာလာမှာဖြစ်ပြီး အိပ်ယာထတဲ့ အခါလည်း မနာကျင်တော့ပါဘူးနော်။

(၄)ခါးနာခြင်းအတွက် ကျောအောက်ပိုင်းခါးနာရင်

နောက်ကိုမှီပြီး အိပ်တာက ပိုပြီး ထိရောက်စေပါတယ်။ ခေါင်းအုံးတွေကို ကျောနဲ့ လည်ပင်းနောက်မှာထားပြီး အိပ်ခြင်းဟာ ခါးနာတဲ့သူတွေအတွက် အဆင်ပြေပါတယ်နော်။ ပိုပြီးတော့ သက်တောင့်သက်သာ ရှိဖို့ဆိုရင် ခေါင်းအုံးတွေကို ဒူးနဲ့ ခြေထောက်အောက်မှာ ထားအိပ်လို့ ရပါတယ်။

(၅)အာရုံကြောများတောင့်တင်းခြင်း

ကျောရိုးဆစ်တွေကြားက အရိုးနုလွှာလေးတွေ ပုံမှန်အနေအထားကနေ အနည်းငယ်ရွေ့သွားရင် နာကျင်မှုတွေ ခံစားစေရပါတယ်နော်။ ကျောရိုးအဆစ်တွေလည်း ပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်ဖို့အတွက် ခန္ဓာကိုယ် အပေါ်ပိုင်းကို

ကွေးပြီးအိပ်ပါ။ အဲဒီအခါ ကျောရိုးအဆစ်တွေနဲ့ အာရုံကြောပေါ်သက်ရောက်နေတဲ့ ဖိအားတွေ လျော့သွားစေတာပါ။ နှစ်ပေါင်းများစွာ အိပ်စက်လာတဲ့ပုံစံကို ပြောင်းအိပ်ဖို့ ဆိုတာ မလှပါဘူး။

ခါးနာတာကို မသက်သာရင် နောက်ထပ် အိပ်စက်နည်းပုံစံတွေ ရှိပါတယ်နော်။ ပုံလေးပုံထဲက ကိုယ်နဲ့အဆင်ပြေမယ့် အိပ်စက်နည်း ပုံစံနှစ်မျိုးကို ရွေးပြီးတော့ အိပ်တာဟာ ခါးနာသက်သာလာနိုင်ပါတယ်နော်။source; Zombie (LoveMedia)

Add a Comment

Your email address will not be published. Required fields are marked *