ပဲခူးမှာ ပေါစတစ် လူနာက လိမ်ခဲ့လို့ ပဲခူးဆေးရုံက သူနာပြုဆရာမလေး ၁ယောက် ရင်နင့်ကြေကွဲစွာ ရေးတဲ့စာ
Unicode…positve လူနာက လိမ်ခဲ့လို့ ပဲခူးဆေးရုံက သူနာပြုဆရာမလေး ပဲခူးဆေးရုံကြီးက သူနာပြုဆရာမလေးတစ်ယောက် ရင်နင့်ကြေကွဲစွာ ရေးတဲ့စာပါ
အတ္တသမားတစ်ယောက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တေကို ဝမ်းနည်းဖွယ် ရေးသားထားတာဖြစ်ပါတယ်။ မနေ့ကပဲခူးက Positive ထွက်တဲ့လူနာ ၂ ယောက်မှာလူနာ တစ်ယောက်ကHistory လိမ်ခဲ့တာပါ။
ဆရာဝန်၊သူနာပြုတွေဆိုတာ ဘယ်သူ့ကို မဆိုblame မလုပ်ခဲ့ဖူးပါဘူး။ဒီလူနာကတော့ တော်တော်ဆိုးဝါးလှပါတယ်။ရန်ကုန်က ပြန်လာတယ်၊Q ဝင်ခိုင်းတာကိုဒေါသထွက်ပြီး မှန်ကို လက်သီးနဲ့ထိုးပါတယ်တဲ့။မှန်ကို လက်သီးနဲ့ထိုးဖူးတဲ့ လူတွေ သိကြမှာပါနော်။
သွေးဘယ်လောက် ထွက်သလဲ ဆိုတာကို။ ဆေးရုံကို ရောက်လာတော့ အဲ့လူနာက shock ရနေတာပါ။အရေးပေါ်ဌာနက မေးတဲ့အခါမှာ ပန်းကန်ပြားကို လက်သီးနဲ့ ထိုးတယ် လို့ ပြောပါတယ်။အရိုးဆောင်ရောက်လာပါတယ်၊အရိုးဆောင်မှာ မေးတော့လဲ ဆက်လိမ်ပါတယ်တဲ့။
ဒါပေမယ့် သွေးထွက်လွန်ပြီးတော့ ဖြူဆုတ်နေတဲ့ လိမ်ညာပြောတဲ့လူနာကို သွေးပေါင်ပြန်တက်အောင် ဆေးသွင်းသွေးအဖြေရအောင် သွေးတွေ အမြန်ပို့ပေးခဲ့ရတာပါ။မကြာခင် မှာ သူ့အမျိုးတစ်ယောက်က Duty ခန်းထဲမှာ
သူ့အကြောင်းတွေအကုန် လာ ပြောပြမှ သိခဲ့ကြရတာပါ။သူ့အမျိုးကယောက်ျားလား မိန်းမ လား ဆိုတာ မပြောတော့ပါဘူးနော်။ရန်ရှာမှာစိုးလို့ပါ။လာပြောပြတဲ့ သူ့အမျိုးကိုလဲလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။အရိုးဆောင်က အကုန်လုံးကတော့ level 2 တောင် မဝတ်ထားကြပါဘူး။
ခြေကျိုး လက်ကျိုးလို့ တက်နေတဲ့ လူနာတွေကိုလည်းContant ရှိခဲ့တဲ့ ဆရာဝန်တွေ ဆရာမတွေဝန်ထမ်းတွေပဲ လုပ်ပေးခဲ့ကြပါတယ်။ကလိဆေးရုံကိုရော isolation ward ကိုရောဆရာဝန်တွေ ဆရာမတွေ ခွဲပေးထားရလို့လူ အင်အားနည်းနေတာပါ။
အခုတော့ လိမ်ညာပြောခဲ့တဲ့ လူနာတယောက်ကြောင့် Q ဝင်ရတော့မယ်ဆိုတော့လူအင်အား ထပ်လျော့သွားပါပြီ။ကျွန်မတို့ကတော့နိုင်သလောက်တော့ လုပ်ပေးနေဦးမှာပါနော်။အခုတော့ လူနာတွေ လူနာစောင့်တွေကရောဘယ်လိုတွေ ဖြစ်ကုန်ကြမလဲ တွေးကြည့်ပါ။
သူသာ စောစောစီးစီး ပြောပြခဲ့ရင်Contant က ၅ ယောက်ထက် မပိုပါဘူး။အခုတော့ အရိုးဆောင်ကဆရာဝန် ဆရာမ ဝန်ထမ်း လူနာ လူနာစောင့်အရေးပေါ်ဌာနက ဆရာဝန်ဆရာမ ဝန်ထမ်း၊လူနာ လူနာစောင့်ရဲ ဆေးရုံက လုံခြုံရေးကအစ ဘယ်နှစ်ယောက်လဲတောင်မရေနိုင်တော့ပါဘူး။
ကျန်တဲ့သာမန်လူနာတွေရဲ့လူနာစောင့်တွေလဲဘယ်တွေလျှောက်သွားမလဲ ဆိုတာမသိနိုင်ပါဘူးနော်။ကိုယ့်ရဲ့ အတ္တကြီးပြီး History လိမ်လည်ပြောမှု တစ်ခုကြောင့်ပဲခူးဆေးရုံတစ်ခုလုံး၊ ပဲခူးတစ်မြို့လုံး ဒုက္ခရောက်သွားနိုင်ပါတယ်။ယခုလို ပဲခူးဆေးရုံကြီးကို ရောက်လာခဲ့တဲ့ History လိမ်ညာတဲ့ လူတွေကိုအရေးယူပေးစေချင်တာပါ။
အခုတော့ ထိုင်ဆုတောင်းနေရုံမှ တစ်ပါးမတတ်နိုင်တော့ပါဘူး။ကိုယ့် ကိုယ် ကို ထက် ကိုယ်ချစ်ရတဲ့လူတွေကိုပိုစိတ်ပူတယ်။တချို့ ဆရာတွေဆိုရင် ကလေးငယ်လေးတွေနဲ့ပါ။Positive ထွက်တယ်ဆိုတဲ့ အချိန်မှာ
အိမ်က Duty လာတက်တဲ့ အမတစ်ယောက်ကငိုပါတယ်။သူ့ကလေးနဲ့ မခွဲနိုင်ဘူးတဲ့ ကျွန်မတို့ကို မသနားရင် နေပါ။ကျွန်မတို့ရဲ့ မိသားစုဝင်တွေကိုတော့
သနားပေးကြပါရှင် ဆိုပြီးတော့ ဝမ်းနည်းကြေကွဲစွာ ရေးသားလာတာပါ။ဆရာမလေးနဲ့ အတူ ထပ်တူကြေကွဲ ဝမ်းနည်းရပါတယ်။အမြန်ပြန်လည် ကောင်းမွန်လာပါစေ။Credit Ma Ma Kyaw
Tags:
Add a Comment
Your email address will not be published. Required fields are marked *