ဂရီးလစ်ချ် ယူနိုက်တက်သို့ ပြောင်းရွေ့လိမ့်မယ်လို့ ပြောကြားခဲ့တဲ့ ဗီလာကစားသမားဟောင်း

ယူနိုက်တက်ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ အက်စ်တွန်ဗီလာ ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ချ်က လာမယ့်နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွေ့လိမ့်မယ်လို့ Shay Given က ပြောကြားခဲ့ပါတယ်။

အက်စ်တွန်ဗီလာဟာ ပရီးမီးယားလိဂ်က တန်းဆင်းဖို့နီးစပ်နေပေမယ့် ယူနိုက်တက်က ပုံစံကောင်းတွေ ပြသနေတဲ့ ဂရီးလစ်ချ်ကို ခေါ်ယူလိုနေပါတယ်။

Given ဟာလည်း အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကစားသမားနဲ့ အက်စ်တွန်ဗီလာမှာ တွဲကစားဖူးခဲ့တာကြောင့် သူက ယူနိုက်တက်မှာ အသားကျလိမ့်မယ်လို့ ဆိုခဲ့တာပါ။

ယူနိုက်တက်မှာ ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါလ်ပေါ့ဘာတို့ ခြေစွမ်းကောင်းပြသနေပေမယ့် ဂရီးလစ်ချ်က ညာတောင်ပံတိုက်စစ်နေရာနဲ့ ဘယ်တောင်ပံတိုက်စစ်နေရာတွေမှာ ကစားနိုင်ပါသေးတယ်။

ဂရီးလစ်ချ်က အိုလေဂန်းနားဆိုးလ်ရှားရဲ့အသင်းမှာ အသားကျနိုင်မှာလားလို့မေးရာ Given က ” ဒါက မေးခွန်းထုတ်ရမယ့်အချက်ပါ။” လို့ Stadium Astro သို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က ဖာနန်ဒက်စ်ရဲ့ ကောင်းကွက်တွေကို ပြောနေကြပါတယ်။ ဒါပေမယ့် သူ (ဂရီးလစ်ချ်) အပါအဝင် ယူနိုက်တက်က ခုသုံးနေတဲ့ ကစားသမား ၁၁ ယောက်လုံးကို ပွဲထွက်ကစားသမားစာရင်းမှာ အသုံးပြုလို့မရပါဘူး။”

“ဂျက် ဘယ်နေရာမှာ ကစားမှာလဲ? ဘယ်တောင်ပံတိုက်စစ် ဒါမှမဟုတ် ညာတောင်ပံတိုက်စစ်နေရာမှာ ဖြစ်နိုင်ပါတယ်။”

“ဒါပေမယ့် No.10 နေရာက ဂျက်အတွက် အသင့်တော်ဆုံးနေရာဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ဂျာဂန်ကလော့ပ်ကလည်း ဂျက်ရဲ့ အရည်အသွေးတွေကို ချီးကျူးထားတယ်။ ဒါဟာ သူက သူ့ရဲ့ အကောင်းဆုံးနေရာကို သိထားလို့ပါပဲ။”

“ဒါပေမယ့် ဒီနေရာမှာ ဖာနန်ဒက်စ် ကစားနေပါတယ်။ ပြီးတော့ ပေါလ်ပေါ့ဘာလည်း အဲ့ဒီနေရာမှာ အကောင်းဆုံးကစားနိုင်ပါတယ်။ သူတို့က အဲ့ဒီနေရာမှာ ကစားနိုင်တဲ့ ကစားသမားအများကြီးကို ပိုင်ဆိုင်ထားတာပါ။”

Add a Comment

Your email address will not be published. Required fields are marked *