သင့္ရဲ့ အနာဂတ္ကုိ ေဖာ္ျပေနတဲ့ လက္ေဗြရာမ်ား အေျကာင္း

လူတစ္ဦးရဲ့ အနာဂတ္ကုိ ေဖာ္ျပေနတဲ့ လက္ေဗြရာမ်ား

Whorl Whorl

ဆိုတဲ့ လက္ေဗြကို- သာမုျဒီက လကၡဏာ က်မ္းေတြမွာ- ခ်ကၠရ (၀ါ) စၾက္ာ၊ ဒါမွမဟုတ္ – သွ်ံခ शंख ဆိုတဲ့ ခရုသင္း လို႕ ေခၚပါတယ္ေနာ္။ ဗိႆႏိုး နတ္ဘုရားရဲ႕ လက္ေခ်ာင္းေတြမွာ ရိွတယ္လို႕ ဆိုပါတယ္။

ျမန္မာကေတာ့- ခရုပတ္ လက္ေဗြ လို႕ ေခၚပါတယ္။ထူးျခားတဲ့ အခ်က္တခုက- လကၡဏာ နဲ႕ ဇာတာ ပညာကို ေပါင္းစပ္တဲ့ ပညာေတြ အရ ဆိုယင္ စၾက္ာ လက္ေဗြ- တနည္းအားျဖင့္ ခရုပတ္ေဗြ ဟာ- ရာဇယုဂ္ ကို ေဖၚျပတာပါတဲ့။

ခရုပတ္ေဗြ တခုပါယင္- ရာဇယုဂ္ တခုျဖစ္ၿပီး ၁၀-ခုပါယင္ ရာဇယုဂ္ ၁၀-ခု ျဖစ္ပါတယ္တဲ့ တနည္းအားျဖင့္ သူမ်ားကို မမီွခို၊ လမ္းေၾကာင္းသစ္ ေဖာက္ထြက္မယ့္၊ အရွင္သခင္ လက္ပါတဲ့။

သက္ဆိုင္ရာ လက္ေခ်ာင္း အလိုက္ – Field တခုမွာ ေဖာက္ထြက္ တတ္ၾကပါတယ္ ေဖာက္ထြက္ၿပီး လမ္းေၾကာင္းသစ္ရွာသူမွသာ အရွင္သခင္ ျဖစ္တာမို႕ ဒါဟာလည္းသဘာ၀က်တဲ့ အခ်က္တခုပါ။ လက္မ မွာ ခရုပတ္ဆိုယင္- သိပ္မထူးဆန္းပါဘူး ျဖစ္တတ္ၾကပါတယ္ လက္ခလယ္မွာ ခရုပတ္ စၾက္ာ ကေတာ့ ရွားပါး ပါတယ္။ တကယ္တမ္းကေတာ့- လက္ေဗြ ဆိုတာ- စၾကာ၀ဠာက စြမ္းအင္ေတြကို ခံယူတဲ့ Receptors ေတြ ျဖစ္ပါတယ္။ လက္ေဗြ ဟာ အဲဒီလူတစ္သက္မွာ မေျပာင္းေတာ့ပါဘူး။ -လက္ေဗြမွာ လမ္းေၾကာင္းေလးေတြ ရစ္ၿပီး ၀င္သြားတဲ့ အခါ- ခရုပတ္ရဲ႕ ဗဟို အလယ္ခ်က္ ကေန- စၾက္ာ၀ဠာ စြမ္းအင္ေတြကို- ကိုယ္ထဲ ယူသြင္း ႏိုင္ပါတယ္တဲ့။

ဒါေၾကာင့္ သူ႕မွာ စြမ္းအား ပိုရိွျခင္း ျဖစ္ပါတယ္။ -လက္ဖ၀ါး က လမ္းေၾကာင္းေတြကေတာ့- စြမ္းအင္ေတြ ျဖန္႕ျဖဴးေပးတဲ့ ေနရာ ျဖစ္ၿပီး- အေျပာင္းအလဲ- ရိွေနတတ္ပါတယ္.. စၾကၤာဝဠာ ရဲ႕ စြမ္းအင္ေတြကို လက္ခံ သံုးစြဲ ႏိုင္ဘို႕ အတြက္- တရားထိုင္ တဲ့ အခါ၊

ဆုေတာင္းတဲ့ အခါ ေတြမွာ- လက္ဖ၀ါးေတြကို အေပၚလွန္ထားၿပီး- လက္ခံတဲ့ အေနထား ျဖစ္ေနဘို႕ သင္ၾကားေပးၾကျခင္းလည္း ျဖစ္ပါတယ္။ ေယာဂ က်င့္စဥ္ေတြမွာ. မုျဒာ ပံုစံ အမ်ိဳးမ်ိဳးဟာ- သက္ဆိုင္ရာ စြမ္းအင္မ်ားကို လက္ခံႏိုင္ဘို႕ လုပ္ေဆာင္ျခင္း ျဖစ္ပါတယ္။

တကယ္လို႕ – လက္ဆယ္ေခ်ာင္း စလံုး ခရုပတ္ ျဖစ္ေနသူ ဆိုယင္ ေတာ့သူရဲ႕ အိမ္ေထာင္ဘက္ ဟာ- ေက်ာ့ကြင္းေဗြ ဆိုတဲ့- Loop ဆယ္ေခ်ာင္း ျဖစ္သူ ဆိုယင္ အေကာင္းဆံုး ပါပဲ လို႕ ဆိုပါတယ္။ ဘာလို႕ လဲ ဆိုေတာ့ တေယာက္က- လမ္းေၾကာင္းသစ္ ေဖာက္ထြက္သူ၊ အမ်ားနဲ႕ဆန္႔က်င္ ေနတတ္သူ၊ တေယာက္ အမ်ားနဲ႕ လိုက္ေလ်ာညီေထြ ေနတတ္သူ တဦးကို တဦး ျဖည့္ဆည္းဘက္ ျဖစ္ေနၾကလို႕ပါေနာ္။ सामुद्रिक သာမုျဒီက က်မ္းအရ ဟိႏၵဴ နတ္ ဘုရားမွ လူအျဖစ္

အ၀တာရ ၀င္စားတဲ့အခါ- ၃၂ ပါး ေသာ လကၡဏာ အဂၤါရပ္မ်ား ပါရိွပါတယ္ေနာ္။ လက္ေခ်ာင္းေပါင္းမ်ားစြာ- စၾက္ာ လက္ေဗြ၊ ခရုပတ္ လက္ေဗြ ျဖစ္ေနယင္ – နတ္ဘုရားဓါတ္ မ်ားသူ ျဖစ္ပါတယ္။ တနည္းအားျဖင့္- ဇီ၀ါ အတၱမာ နဲ႕ ပရမ အတၱမာ – အပိုင္း ၂-ခုမွာ-ျမင့္ျမတ္တဲ့ ပရာမ အတၱမာ အပိုင္းက ပိုမ်ားသူမ်ား ျဖစ္ၾကတယ္ လို႕- က်မ္းဂန္ တို႕က ျပဆိုပါတယ္။

Curves

ကုိယ့္ကုိယ္ကုိယုံၾကည္စိတ္ခ်မႈ ျမင့္မားလြန္းျပီး ပတ္၀န္းက်င္မွာ သြားလာ သြက္လက္ လႈပ္ရွားေနတတ္တဲ့ Crvesသမားေတြကုိေတြ႔ရမွာပါ။ သူတုိ႔ဟာ သူငယ္ခ်င္းေတြကုိ တန္ဖုိးထားျပီး သူငယ္ခ်င္းေတြရဲ႕ အကူအညီေတြကုိ ေတာင္းခံတတ္ၾကေပမဲ့ ဆုံးျဖတ္ခ်က္ကုိေတာ့ ကုိယ္တုိင္ ခ်မွတ္ ဆုံးျဖတ္ၾကတဲ့ သူမ်ား ျဖစ္ပါတယ္။

တျခားသူေတြအေပၚကုိလႊမ္းမုိးမႈ ရွိတဲ့ ၾသဇာဓါတ္တစ္မ်ဳိးပါရွိေလ့ ရွိတတ္ျပီးတျခားသူေတြရဲ႕ အျမင္ကုိေတာ့ ေလးစားတတ္ပါတယ္ သူတုိ႔ဟာထိလြယ္၊ ရွလြယ္ တဲ့ စိတ္မ်ဳိးရွိျပီးေၾကကဲြတယ္ ဆုိတာကုိလည္း သူတုိ႔ဘ၀ ထဲမွာမၾကာခဏေတြ႔ရေလ့ရွိပါတယ္ ..။

Loops

ဥေရာပမွာလူသုံးအမ်ာဆုံးနဲ႔ အေတြ႔ရအမ်ားဆုံးလက္ေဗြ ပုံစံ ျဖစ္ပါတယ္ သူတုိ႔ေတြ ဟာစိတ္ေနစိတ္ထား ျဖဴစင္ျပီးတျခားသူေတြရဲ႕ စိတ္မခ်မ္းသာမႈ ၊ စိတ္မသက္မသာ ျဖစ္မႈေတြကုိ ေ၀မွ် ခံစားေပးၾကတဲ့ အေကာင္းဆုံး Listeners ေတြပါ။

စာနာနားလည္မႈ စိတ္အျပည့္အ၀ ရွိသူမ်ားပဲ ျဖစ္ပါတယ္ ကုိယ္ရည္ကုိယ္ေသြး ျပည့္၀ ေကာင္းမြန္တဲ့ လူသားမ်ဳိးေတြ ျဖစ္ျပီး ပြင့္ပြင့္လင္းလင္း ေျပာတာဆုိတာကုိ သေဘာက်ႏွစ္သက္ သူမ်ားလဲ ျဖစ္ပါတယ္ေနာ္။

သူတုိ႔ ဟာအိပ္မက္ မက္ မေနဘဲ အလုပ္ကုိသာ ထလုပ္တတ္ၾကတဲ့သူေတြ ျဖစ္တဲ့အတြက္ သူတုိ႔ရဲ႕ အခ်စ္ေရး၊ အခ်စ္ရာေတြ ဟာ ႏူးည့ံသိမ္ေမြ႔မႈ မရွိတာကုိေတြ႔ရပါလိမ့္မယ္။

swirls

ေမြးကတည္း က ပါရမီပါလာျပီး သိလြယ္ ၊ တတ္လြယ္တဲ့အျပင္ ပတ္၀န္းက်င္ကုိ ျပဳျပင္ယူဖုိ႔ အဆင္သင့္ျဖစ္ေနၾကတဲ့ လူစားမ်ဳိးေတြမွာ Swirls လက္ေဗြရာေတြ႔ရေလ့ရွိပါတယ္။ သူတုိ႔ဟာ ၾကိဳးစားရင္ ေအာင္ျမင္ႏုိင္သေလာက္ ကုိအရည္အခ်င္းရွိၾကေပမဲ့ အရာတစ္ခုထဲကုိ ေရရွည္ စိတ္၀င္စားေလ့မရွိဘဲ ျငီးေငြ႔သြားတတ္တဲ့ စိတ္ေတြေၾကာင့္

သူတုိ႔ ဟာမေအာင္မျမင္ ျဖစ္ၾကေလ့ရွိပါတယ္။ အႏုပညာရွင္အမ်ားအျပားဟာ Swirls သူတုိ႔ဟာစိတ္ခံစားခ်က္ကုိမ်က္ႏွာေပၚမွာေပၚလြင္ေအာင္ ေဖာ္ျပေလ့မရွိၾကတဲ့ အတြက္ သူတုိ႔ရဲ႕ အတြင္းစိတ္သေဘာကုိခန္႔မွန္းမိႏုိင္ဖုိ႔ သိတ္ေတာ့ မလြယ္ကူလွပါဘူး။

လူတုိင္းကုိသံသယၾကီးၾကီးထားျပီးခ်ဥ္းကပ္ေလ့ရွိတာသူတုိ႔ရဲ႕ လူမႈဆက္ဆံေရး ျဖစ္ပါတယ္ေနာ္။ စိတ္ကူးနဲ႔ အၾကံအစည္ စဥ္းစားတဲ့ေနရာမွာအလြန္ထက္ျမက္ျပီးတည္တံ့ခန္႔လြန္းတဲ့ ရုပ္ရည္ပုိင္ရွင္မ်ဳိးေတြ ျဖစ္တဲ့အတြက္ အမ်ားကနည္းနည္း ရြ႔ံၾကေပမဲ့ သူတုိ႔ ပင္ကုိယ္သေဘာကေတာ့ ေကာက္က်စ္မႈ ကုိမုန္းတီးတဲ့ လူေတြ ဘဲျဖစ္ပါတယ္။credit

Unicode…

လူတစ်ဦးရဲ့ အနာဂတ်ကို ဖော်ပြနေတဲ့ လက်ဗွေရာများ

Whorl Whorl

ဆိုတဲ့ လက်ဗွေကို- သာမုဒြီက လက္ခဏာ ကျမ်းတွေမှာ- ချက္ကရ (ဝါ) စြက်ာ၊ ဒါမှမဟုတ် – သျှံခ शंख ဆိုတဲ့ ခရုသင်း လို့ ခေါ်ပါတယ်နော်။ ဗိဿနိုး နတ်ဘုရားရဲ့ လက်ချောင်းတွေမှာ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာကတော့- ခရုပတ် လက်ဗွေ လို့ ခေါ်ပါတယ်။ထူးခြားတဲ့ အချက်တခုက- လက္ခဏာ နဲ့ ဇာတာ ပညာကို ပေါင်းစပ်တဲ့ ပညာတွေ အရ ဆိုယင် စြက်ာ လက်ဗွေ- တနည်းအားဖြင့် ခရုပတ်ဗွေ ဟာ- ရာဇယုဂ် ကို ဖေါ်ပြတာပါတဲ့။

ခရုပတ်ဗွေ တခုပါယင်- ရာဇယုဂ် တခုဖြစ်ပြီး ၁၀-ခုပါယင် ရာဇယုဂ် ၁၀-ခု ဖြစ်ပါတယ်တဲ့ တနည်းအားဖြင့် သူများကို မမှီခို၊ လမ်းကြောင်းသစ် ဖောက်ထွက်မယ့်၊ အရှင်သခင် လက်ပါတဲ့။

သက်ဆိုင်ရာ လက်ချောင်း အလိုက် – Field တခုမှာ ဖောက်ထွက် တတ်ကြပါတယ် ဖောက်ထွက်ပြီး လမ်းကြောင်းသစ်ရှာသူမှသာ အရှင်သခင် ဖြစ်တာမို့ ဒါဟာလည်းသဘာဝကျတဲ့ အချက်တခုပါ။ လက်မ မှာ ခရုပတ်ဆိုယင်- သိပ်မထူးဆန်းပါဘူး ဖြစ်တတ်ကြပါတယ် လက်ခလယ်မှာ ခရုပတ် စြက်ာ ကတော့ ရှားပါး ပါတယ်။ တကယ်တမ်းကတော့- လက်ဗွေ ဆိုတာ- စကြာဝဠာက စွမ်းအင်တွေကို ခံယူတဲ့ Receptors တွေ ဖြစ်ပါတယ်။ လက်ဗွေ ဟာ အဲဒီလူတစ်သက်မှာ မပြောင်းတော့ပါဘူး။ -လက်ဗွေမှာ လမ်းကြောင်းလေးတွေ ရစ်ပြီး ဝင်သွားတဲ့ အခါ- ခရုပတ်ရဲ့ ဗဟို အလယ်ချက် ကနေ- စြက်ာဝဠာ စွမ်းအင်တွေကို- ကိုယ်ထဲ ယူသွင်း နိုင်ပါတယ်တဲ့။

ဒါကြောင့် သူ့မှာ စွမ်းအား ပိုရှိခြင်း ဖြစ်ပါတယ်။ -လက်ဖဝါး က လမ်းကြောင်းတွေကတော့- စွမ်းအင်တွေ ဖြန့်ဖြူးပေးတဲ့ နေရာ ဖြစ်ပြီး- အပြောင်းအလဲ- ရှိနေတတ်ပါတယ်.. စင်္ကြာဝဠာ ရဲ့ စွမ်းအင်တွေကို လက်ခံ သုံးစွဲ နိုင်ဘို့ အတွက်- တရားထိုင် တဲ့ အခါ၊

ဆုတောင်းတဲ့ အခါ တွေမှာ- လက်ဖဝါးတွေကို အပေါ်လှန်ထားပြီး- လက်ခံတဲ့ အနေထား ဖြစ်နေဘို့ သင်ကြားပေးကြခြင်းလည်း ဖြစ်ပါတယ်။ ယောဂ ကျင့်စဉ်တွေမှာ. မုဒြာ ပုံစံ အမျိုးမျိုးဟာ- သက်ဆိုင်ရာ စွမ်းအင်များကို လက်ခံနိုင်ဘို့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

တကယ်လို့ – လက်ဆယ်ချောင်း စလုံး ခရုပတ် ဖြစ်နေသူ ဆိုယင် တော့သူရဲ့ အိမ်ထောင်ဘက် ဟာ- ကျော့ကွင်းဗွေ ဆိုတဲ့- Loop ဆယ်ချောင်း ဖြစ်သူ ဆိုယင် အကောင်းဆုံး ပါပဲ လို့ ဆိုပါတယ်။ ဘာလို့ လဲ ဆိုတော့ တယောက်က- လမ်းကြောင်းသစ် ဖောက်ထွက်သူ၊ အများနဲ့ဆန့်ကျင် နေတတ်သူ၊ တယောက် အများနဲ့ လိုက်လျောညီထွေ နေတတ်သူ တဦးကို တဦး ဖြည့်ဆည်းဘက် ဖြစ်နေကြလို့ပါနော်။ सामुद्रिक သာမုဒြီက ကျမ်းအရ ဟိန္ဒူ နတ် ဘုရားမှ လူအဖြစ်

အဝတာရ ဝင်စားတဲ့အခါ- ၃၂ ပါး သော လက္ခဏာ အင်္ဂါရပ်များ ပါရှိပါတယ်နော်။ လက်ချောင်းပေါင်းများစွာ- စြက်ာ လက်ဗွေ၊ ခရုပတ် လက်ဗွေ ဖြစ်နေယင် – နတ်ဘုရားဓါတ် များသူ ဖြစ်ပါတယ်။ တနည်းအားဖြင့်- ဇီဝါ အတ္တမာ နဲ့ ပရမ အတ္တမာ – အပိုင်း ၂-ခုမှာ-မြင့်မြတ်တဲ့ ပရာမ အတ္တမာ အပိုင်းက ပိုများသူများ ဖြစ်ကြတယ် လို့- ကျမ်းဂန် တို့က ပြဆိုပါတယ်။

Curves

ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု မြင့်မားလွန်းပြီး ပတ်ဝန်းကျင်မှာ သွားလာ သွက်လက် လှုပ်ရှားနေတတ်တဲ့ Crvesသမားတွေကိုတွေ့ရမှာပါ။ သူတို့ဟာ သူငယ်ချင်းတွေကို တန်ဖိုးထားပြီး သူငယ်ချင်းတွေရဲ့ အကူအညီတွေကို တောင်းခံတတ်ကြပေမဲ့ ဆုံးဖြတ်ချက်ကိုတော့ ကိုယ်တိုင် ချမှတ် ဆုံးဖြတ်ကြတဲ့ သူများ ဖြစ်ပါတယ်။

တခြားသူတွေအပေါ်ကိုလွှမ်းမိုးမှု ရှိတဲ့ သြဇာဓါတ်တစ်မျိုးပါရှိလေ့ ရှိတတ်ပြီးတခြားသူတွေရဲ့ အမြင်ကိုတော့ လေးစားတတ်ပါတယ် သူတို့ဟာထိလွယ်၊ ရှလွယ် တဲ့ စိတ်မျိုးရှိပြီးကြေကွဲတယ် ဆိုတာကိုလည်း သူတို့ဘ၀ ထဲမှာမကြာခဏတွေ့ရလေ့ရှိပါတယ် ..။

Loops

ဥရောပမှာလူသုံးအမျာဆုံးနဲ့ အတွေ့ရအများဆုံးလက်ဗွေ ပုံစံ ဖြစ်ပါတယ် သူတို့တွေ ဟာစိတ်နေစိတ်ထား ဖြူစင်ပြီးတခြားသူတွေရဲ့ စိတ်မချမ်းသာမှု ၊ စိတ်မသက်မသာ ဖြစ်မှုတွေကို ဝေမျှ ခံစားပေးကြတဲ့ အကောင်းဆုံး Listeners တွေပါ။

စာနာနားလည်မှု စိတ်အပြည့်အ၀ ရှိသူများပဲ ဖြစ်ပါတယ် ကိုယ်ရည်ကိုယ်သွေး ပြည့်၀ ကောင်းမွန်တဲ့ လူသားမျိုးတွေ ဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောတာဆိုတာကို သဘောကျနှစ်သက် သူများလဲ ဖြစ်ပါတယ်နော်။

သူတို့ ဟာအိပ်မက် မက် မနေဘဲ အလုပ်ကိုသာ ထလုပ်တတ်ကြတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အချစ်ရေး၊ အချစ်ရာတွေ ဟာ နူးညံ့သိမ်မွေ့မှု မရှိတာကိုတွေ့ရပါလိမ့်မယ်။

swirls

မွေးကတည်း က ပါရမီပါလာပြီး သိလွယ် ၊ တတ်လွယ်တဲ့အပြင် ပတ်ဝန်းကျင်ကို ပြုပြင်ယူဖို့ အဆင်သင့်ဖြစ်နေကြတဲ့ လူစားမျိုးတွေမှာ Swirls လက်ဗွေရာတွေ့ရလေ့ရှိပါတယ်။ သူတို့ဟာ ကြိုးစားရင် အောင်မြင်နိုင်သလောက် ကိုအရည်အချင်းရှိကြပေမဲ့ အရာတစ်ခုထဲကို ရေရှည် စိတ်ဝင်စားလေ့မရှိဘဲ ငြီးငွေ့သွားတတ်တဲ့ စိတ်တွေကြောင့်

သူတို့ ဟာမအောင်မမြင် ဖြစ်ကြလေ့ရှိပါတယ်။ အနုပညာရှင်အများအပြားဟာ Swirls သူတို့ဟာစိတ်ခံစားချက်ကိုမျက်နှာပေါ်မှာပေါ်လွင်အောင် ဖော်ပြလေ့မရှိကြတဲ့ အတွက် သူတို့ရဲ့ အတွင်းစိတ်သဘောကိုခန့်မှန်းမိနိုင်ဖို့ သိတ်တော့ မလွယ်ကူလှပါဘူး။

လူတိုင်းကိုသံသယကြီးကြီးထားပြီးချဉ်းကပ်လေ့ရှိတာသူတို့ရဲ့ လူမှုဆက်ဆံရေး ဖြစ်ပါတယ်နော်။ စိတ်ကူးနဲ့ အကြံအစည် စဉ်းစားတဲ့နေရာမှာအလွန်ထက်မြက်ပြီးတည်တံ့ခန့်လွန်းတဲ့ ရုပ်ရည်ပိုင်ရှင်မျိုးတွေ ဖြစ်တဲ့အတွက် အများကနည်းနည်း ရွံ့ကြပေမဲ့ သူတို့ ပင်ကိုယ်သဘောကတော့ ကောက်ကျစ်မှု ကိုမုန်းတီးတဲ့ လူတွေ ဘဲဖြစ်ပါတယ်။credit

Add a Comment

Your email address will not be published. Required fields are marked *