ရာသီဥတု အေျပာင္းအလဲကိုလိုက္ၿပီး ထူးဆန္းစြာ အသြင္ေျပာင္းလဲတတ္တဲ့ အဂၤလန္ႏိုင္ငံက Mud Maid သက္ရွိ႐ုပ္တုႀကီး 

ရာသီဥတု အေျပာင္းအလဲကိုလိုက္ၿပီး ထူးဆန္းစြာ အသြင္ေျပာင္းလဲတတ္တဲ့ အဂၤလန္ႏိုင္ငံက Mud Maid သက္ရွိ႐ုပ္တုႀကီး

လွ်ို႔ဝွက္ဆန္းၾကယ္ျပီးေတာ့ ေမွာ္ဆန္တဲ့ အရာေတြ တကယ္ရွိတယ္ ဆိုတာကို ယုံၾကည္လား။ထို အရာေတြ တကယ္ရွိတယ္ ဆိုတာကိုေတာ့ ဒီေန႕ေဖာ္ေျပေပးမယ့္ ေဆာင္းပါးေလးက ေျပာသြားမွာမို့ ဖတ္ရႈေပးၾကပါဦးေနာ္။

အဂၤလန္နိုင္ငံအေနာက္ေတာင္ဘက္ပုိင္းက ကြန္ေဝၚေကာင္တီက ဧက ၂၀၀ ရွိတဲ့ ဥေရာပရဲ႕ အႀကီးဆုံးဥယ်ာဥ္ႀကီး Lost Gardens of Heligan ဆုိတဲ့ ဥယ်ာဥ္ႀကီးတစ္ခု ရွိပါတယ္။

ဥယ်ာဥ္ထဲကို သစ္ပင္ ပန္းပင္ေတြကို ခ်စ္ျမတ္နိုးသူေတြနဲ႕ သ ဘာဝတရားကို ခံစားခ်င္တဲ့သူေတြ လာေရာက္လည္ပတ္ၾကတာပါ။Heligan ရဲ႕အတြင္းထဲမွာ လွ်ို႔ဝွက္ ဆန္းၾကယ္မႈေတြနဲ႕ ျပည့္ႏွက္ေနတဲ့ Mud Maid လို႔အမည္ရတဲ့ သက္ရွိ ႐ုပ္တုႀကီးတစ္ခုကို ေတြ႕ရမွာ ျဖစ္ပါတယ္ေနာ္။

အဲဒီ႐ုပ္တုႀကီးကို ၁၉၉၇ ခုႏွစ္က ေဒသတြင္းက အႏုပညာရွင္ ေမာင္ႏွမ ပီတီနဲ႕ ဆူေဟးလ္တို႔က ဖန္တီး ခဲ့တာျဖစ္ၿပီးေတာ့ ထုိခ်ိန္ကတည္းက Lost Garden ရဲ႕တစ္စိတ္တစ္ပိုင္း ျဖစ္လာခဲ့တာပါေနာ္။

Mud Maid ဆိုတဲ့ ႐ုပ္တုႀကီးကေတာ့ သက္ရွိ ႐ုပ္တုႀကီးျဖစ္ၿပီးေတာ့ ႐ုပ္တုရဲ႕ အဝတ္အထည္နဲ႕ ဆံပင္ေတြက ရာသီတစ္ရာသီ ေျပာင္းတာနဲ႕ ျမက္ပင္၊ ႏြယ္ပင္၊ေရညွိေတြ ေပါက္လာလိုက္၊ ေျခာက္ေသြ႕သြား လိုက္နဲ႕ ရာသီဥတုေပၚ မူတည္ၿပီး လိုက္ေျပာင္းလဲ တတ္ၾကတာပါ။

ေႏြဦးရာသီနဲ႕ ေႏြရာသီမွာ ႐ုပ္တုႀကီးရဲ႕ အသြင္အျပင္ေျပာင္းသြားသလို ေဆာင္းဦးရာသီနဲ႕ ေဆာင္းရာသီ ေတြမွာလည္း ေျပာင္းသြားတာလဲ ျဖစ္ပါတယ္။The Lost Gardens of Heligan ဥယ်ာဥ္မွာ အိပ္ေပ်ာ္ ေနတဲ့ အမ်ိဳးသမီးအျဖစ္ တင္စားထားတဲ့

The Mud Maid ႐ုပ္တုႀကီးအျပင္ အျခား ႐ုပ္တုႀကီးေတြလည္း ရွိပါေသးတယ္ေနာ္။ ဒါေပမဲ့ The Mud Maid ႐ုပ္တုႀကီးက ဥယ်ာဥ္ႀကီးမွာ လွ်ို႔ဝွက္ဆန္းၾကယ္တဲ့ အႏွစ္သာရကို ယူေဆာင္ေပးနိုင္ပါေသးတယ္ေနာ္။

Mud Maid ကို သစ္နဲ႕ ေဘာင္ခတ္ပုံစံေဖာ္ၿပီး ဖန္တီးျပဳလုပ္ထားတာပါ။ ဖန္တီးပုံေဖာ္တဲ့ ေမာင္ႏွမ (၂) ဦးက အဲဒီ ေဘာင္ခတ္ ပုံေဖာ္ထားတဲ့ေပၚမွာ ေစးကပ္တဲ့ ႐ြံ႕ေတြကို အသုံးျပဳထားတာဘဲ ျဖစ္ပါတယ္။ ႐ုပ္တုရဲ႕ မ်က္ႏွာကိုေတာ့ ႐ြံ႕၊ သဲ၊ ဘိလပ္ေျမ တို႔နဲ႕ ျပဳလုပ္ထားတာဘဲ ျဖစ္ပါတယ္။

အစကေတာ့ သစ္ကပ္ေမွာ္ ေပါက္လာဖို႔အတြက္ ဒိန္ခ်ဥ္နဲ႕ အုပ္ထား ခဲ့တာပါ။Maid ရဲ႕ဦးေခါင္းက Montbretia အပင္နဲ႕ျပည့္ေနၿပီး အဝတ္ အေနနဲ႕ကေတာ့ ႏြယ္ပင္ေတြဘဲ ျဖစ္ပါတယ္။

Mud Maid ကို ဖန္တီးခဲ့တဲ့ ေမာင္ႏွမ (၂) ဦးနဲ႕ သူတို႔ေတြ ဘယ္လို လုပ္ခဲ့လဲဆိုတာကို ပုံမွာ ျမင္ေတြ႕ရမွာဘဲ ျဖစ္ပါတယ္ေနာ္။ The Lost Gardens of Heligan ကို (၁၈) ရာစုတုန္းက Tremayne မိသားစုက

တည္ေထာင္ခဲ့တာျဖစ္ၿပီးေတာ့ ၿဗိတိန္ရဲ႕ ေက်ာ္ၾကားတဲ့ ႐ုကၡေဗဒ ဥယ်ာဥ္ေတြထဲက တစ္ခု ျဖစ္ပါတယ္ေနာ္။ ပထမကမာၻစစ္ မတိုင္ခင္က ဥယ်ာဥ္ကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ အတြက္ ဥယ်ာဥ္မႉး (၂၂) ဦးကို ခန႔္အပ္ ထားခဲ့တာပါဘဲ ျဖစ္ပါတယ္။

စစ္ပြဲျဖစ္ပြားခ်ိန္မွာ ဥယ်ာဥ္မႉး ေတာ္ေတာ္မ်ားမ်ားဟာ ေရွ႕တန္း ထြက္ခဲ့ရတာပါ။ ပထမကမာၻစစ္ ၿပီးသြားတဲ့ေနာက္မွာေတာ့ ဥယ်ာဥ္မႉး အေရအတြက္က ေလ်ာ့နည္းလာၿပီးေတာ့ ေျမေနရာကလည္း ယိုယြင္းပ်က္စီး လာခဲ့တာပါ။

ယခု ေနာက္ပိုင္းမွာ ျပန္လည္ ေကာင္းမြန္လာခဲ့ၿပီးေတာ့ နာမည္ႀကီး ဥယ်ာဥ္ေတြထဲက တစ္ခု ျဖစ္လာခဲ့တာပါ။ ႏွစ္ေပါင္း (၄၀၀) သက္တမ္းရွိၿပီးျဖစ္တဲ့ ဥယ်ာဥ္က ႏွစ္တိုင္း သက္ရွိ ႐ုပ္တုႀကီးေတြနဲ႕ အလည္အပတ္လာေရာက္သူ ေထာင္ခ်ီကို ဆြဲေဆာင္ထားတယ္လို႔ သိရပါတယ္ေနာ္။ Source ; Thu Ta Myay

Unicode…ရာသီဥတု အပြောင်းအလဲကိုလိုက်ပြီး ထူးဆန်းစွာ အသွင်ပြောင်းလဲတတ်တဲ့ အင်္ဂလန်နိုင်ငံက Mud Maid သက်ရှိရုပ်တုကြီး

လျှို့ဝှက်ဆန်းကြယ်ပြီးတော့ မှော်ဆန်တဲ့ အရာတွေ တကယ်ရှိတယ် ဆိုတာကို ယုံကြည်လား။ထို အရာတွေ တကယ်ရှိတယ် ဆိုတာကိုတော့ ဒီနေ့ဖော်ပြေပေးမယ့် ဆောင်းပါးလေးက ပြောသွားမှာမို့ ဖတ်ရှုပေးကြပါဦးနော်။

အင်္ဂလန်နိုင်ငံအနောက်တောင်ဘက်ပိုင်းက ကွန်ဝေါ်ကောင်တီက ဧက ၂၀၀ ရှိတဲ့ ဥရောပရဲ့ အကြီးဆုံးဥယျာဉ်ကြီး Lost Gardens of Heligan ဆိုတဲ့ ဥယျာဉ်ကြီးတစ်ခု ရှိပါတယ်။

ဥယျာဉ်ထဲကို သစ်ပင် ပန်းပင်တွေကို ချစ်မြတ်နိုးသူတွေနဲ့ သ ဘာဝတရားကို ခံစားချင်တဲ့သူတွေ လာရောက်လည်ပတ်ကြတာပါ။Heligan ရဲ့အတွင်းထဲမှာ လျှို့ဝှက် ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ Mud Maid လို့အမည်ရတဲ့ သက်ရှိ ရုပ်တုကြီးတစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်နော်။

အဲဒီရုပ်တုကြီးကို ၁၉၉၇ ခုနှစ်က ဒေသတွင်းက အနုပညာရှင် မောင်နှမ ပီတီနဲ့ ဆူဟေးလ်တို့က ဖန်တီး ခဲ့တာဖြစ်ပြီးတော့ ထိုချိန်ကတည်းက Lost Garden ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့တာပါနော်။

Mud Maid ဆိုတဲ့ ရုပ်တုကြီးကတော့ သက်ရှိ ရုပ်တုကြီးဖြစ်ပြီးတော့ ရုပ်တုရဲ့ အဝတ်အထည်နဲ့ ဆံပင်တွေက ရာသီတစ်ရာသီ ပြောင်းတာနဲ့ မြက်ပင်၊ နွယ်ပင်၊ရေညှိတွေ ပေါက်လာလိုက်၊ ခြောက်သွေ့သွား လိုက်နဲ့ ရာသီဥတုပေါ် မူတည်ပြီး လိုက်ပြောင်းလဲ တတ်ကြတာပါ။

နွေဦးရာသီနဲ့ နွေရာသီမှာ ရုပ်တုကြီးရဲ့ အသွင်အပြင်ပြောင်းသွားသလို ဆောင်းဦးရာသီနဲ့ ဆောင်းရာသီ တွေမှာလည်း ပြောင်းသွားတာလဲ ဖြစ်ပါတယ်။The Lost Gardens of Heligan ဥယျာဉ်မှာ အိပ်ပျော် နေတဲ့ အမျိုးသမီးအဖြစ် တင်စားထားတဲ့

The Mud Maid ရုပ်တုကြီးအပြင် အခြား ရုပ်တုကြီးတွေလည်း ရှိပါသေးတယ်နော်။ ဒါပေမဲ့ The Mud Maid ရုပ်တုကြီးက ဥယျာဉ်ကြီးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အနှစ်သာရကို ယူဆောင်ပေးနိုင်ပါသေးတယ်နော်။

Mud Maid ကို သစ်နဲ့ ဘောင်ခတ်ပုံစံဖော်ပြီး ဖန်တီးပြုလုပ်ထားတာပါ။ ဖန်တီးပုံဖော်တဲ့ မောင်နှမ (၂) ဦးက အဲဒီ ဘောင်ခတ် ပုံဖော်ထားတဲ့ပေါ်မှာ စေးကပ်တဲ့ ရွံ့တွေကို အသုံးပြုထားတာဘဲ ဖြစ်ပါတယ်။ ရုပ်တုရဲ့ မျက်နှာကိုတော့ ရွံ့၊ သဲ၊ ဘိလပ်မြေ တို့နဲ့ ပြုလုပ်ထားတာဘဲ ဖြစ်ပါတယ်။

အစကတော့ သစ်ကပ်မှော် ပေါက်လာဖို့အတွက် ဒိန်ချဉ်နဲ့ အုပ်ထား ခဲ့တာပါ။Maid ရဲ့ဦးခေါင်းက Montbretia အပင်နဲ့ပြည့်နေပြီး အဝတ် အနေနဲ့ကတော့ နွယ်ပင်တွေဘဲ ဖြစ်ပါတယ်။

Mud Maid ကို ဖန်တီးခဲ့တဲ့ မောင်နှမ (၂) ဦးနဲ့ သူတို့တွေ ဘယ်လို လုပ်ခဲ့လဲဆိုတာကို ပုံမှာ မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်နော်။ The Lost Gardens of Heligan ကို (၁၈) ရာစုတုန်းက Tremayne မိသားစုက

တည်ထောင်ခဲ့တာဖြစ်ပြီးတော့ ဗြိတိန်ရဲ့ ကျော်ကြားတဲ့ ရုက္ခဗေဒ ဥယျာဉ်တွေထဲက တစ်ခု ဖြစ်ပါတယ်နော်။ ပထမကမ္ဘာစစ် မတိုင်ခင်က ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ဥယျာဉ်မှူး (၂၂) ဦးကို ခန့်အပ် ထားခဲ့တာပါဘဲ ဖြစ်ပါတယ်။

စစ်ပွဲဖြစ်ပွားချိန်မှာ ဥယျာဉ်မှူး တော်တော်များများဟာ ရှေ့တန်း ထွက်ခဲ့ရတာပါ။ ပထမကမ္ဘာစစ် ပြီးသွားတဲ့နောက်မှာတော့ ဥယျာဉ်မှူး အရေအတွက်က လျော့နည်းလာပြီးတော့ မြေနေရာကလည်း ယိုယွင်းပျက်စီး လာခဲ့တာပါ။

ယခု နောက်ပိုင်းမှာ ပြန်လည် ကောင်းမွန်လာခဲ့ပြီးတော့ နာမည်ကြီး ဥယျာဉ်တွေထဲက တစ်ခု ဖြစ်လာခဲ့တာပါ။ နှစ်ပေါင်း (၄၀၀) သက်တမ်းရှိပြီးဖြစ်တဲ့ ဥယျာဉ်က နှစ်တိုင်း သက်ရှိ ရုပ်တုကြီးတွေနဲ့ အလည်အပတ်လာရောက်သူ ထောင်ချီကို ဆွဲဆောင်ထားတယ်လို့ သိရပါတယ်နော်။ Source ; Thu Ta Myay

Add a Comment

Your email address will not be published. Required fields are marked *