ကုိဗစ္ ကူးစက္ခံထားရသူ တစ္ဦးက ေပါ့ဆေနသူေတြအတြက္ ေရးတဲ႕စာ

ကုိဗစ္ ကူးစက္ခံထားရသူတစ္ဦးက ေပါ့ဆေနသူေတြအတြက္ ေရးတဲ႕စာ

ျမန္မာ ျပည္သူမ်ား အတြက္ ငဗစ္ကိုသတိထားမိေအာင္ေရးထားတဲ့စာ ျမန္မာျပည္သူမ်ားကုိ ကုိဗစ္ေရာဂါကုိ သတိထားမိေအာင္လို့ ကူးယူေဖာ္ျပလိုက္ပါတယ္ေနာ္။ေရးသားထားတာကေတာ့

ကၽြန္ေတာ္ ပထမဆုံးစသတိထားမိတာက ၃၀ ရက္ေန႔ခံတြင္းနာတာ ၃၁ ရက္ေန႔ညက ကိုယ္နည္းနည္းေႏြးေနတယ္။ ညေနကခ်စ္တီးဆိုင္သြားစားခဲ့ၿပီး ေလတိုက္ထဲလမ္းေလၽွာက္ျပန္လို့မ်ားလားေပါ့။

အိမ္ျပန္ေရာက္ေတာ့ ေဆးေသာက္ၿပီးအိပ္လိုက္တာ ျပန္သက္သာသြားတယ္။  ဒါေပမယ့္ ၁ ရက္ေန႔ကစၿပီး ေနမေကာင္းျပန္ျဖစ္လာလို့ ဆိုင္ပိတ္လိုက္တယ္ ၂ ရက္ေန႔ နဲ႔ ၃ ရက္ေန႔က ပုံမွန္ပဲ။

ဒါေပမယ့္ ကၽြန္ေတာ္ဆိုင္မဖြင့္ေတာ့ဘူး ဆက္ပိတ္ထားတယ္  ဘာျဖစ္မယ္မွန္းမသိေတာ့ ထိေတြ႕မွုေတြထပ္ျဖစ္မွာစိုးရိမ္တယ္ ၄ ရက္ေန႔ ညေရာက္ေတာ့ ကၽြန္ေတာ္အနံ့မရေတာ့ဘူး အဲ့ေတာ့မွ ေဒသႏၲရကိုဆက္တယ္။

အခ်ိန္ လြန္ေနလို့ ဖုန္းမကိုင္ဘူး ဒါနဲ႔ တစ္ညအိပ္ၿပီး ၅ ရက္ေန႔မွာ ၾကယ္စင္လင္းလက္ ပရဟိတအသင္းကို အကူအညီေတာင္းၿပီး ကိုယ့္သေဘာနဲ႔ကိုယ္ ရန္ကုန္ေဆး႐ုံကိုလာခဲ့တယ္ ေဆး႐ုံမွာ လူေတြျပည့္ၾကပ္ေနတယ္။

ကၽြန္ေတာ္အပါအဝင္ ကုတင္မရၾကဘူး၊ ခုံတန္းမွာ လွဲေနရတယ္။ သူတို့ေရးေပးတဲ့ေဆး ဝယ္ေပးရတယ္ ေန႔ခင္း Swab ယူတယ္ ထမင္းေႂကြးတယ္ ည ၁၂ နာရီေက်ာ္ေတာ့ ကုတင္ရတယ္။

တေနကုန္ပင္ပန္းထားလို့ တစ္ညလုံး အိပ္ေပ်ာ္ပါတယ္ ။ ေနာက္တစ္ရက္မွာ သိသိသာသာ ေခ်ာင္းဆိုးပါတယ္။ လုံးဝၾကပ္ၿပီးဆိုးလို့ ေဆးရွူခိုင္းပါတယ္ ၊ ေအာက္ဆီဂ်င္ေပးထားပါတယ္။

အဲ့ေန႔ညပဲ ေတာင္ဥကၠလာေဆး႐ုံ အထူးၾကပ္မက္ကုသေဆာင္ကိုပို့ေဆာင္ကုသေပးေနပါတယ္ ေဆး႐ုံမွာလည္း မထင္ထားရေလာက္ေအာင္အဆင္ေျပပါတယ္။

ကၽြန္ေတာ္လည္း ႀကိဳးစား႐ုန္းကန္ပါမယ္ မိတ္ေဆြတို့လည္း အိမ္မွာေနပါ mask တပ္ပါ လက္ေဆးပါ တာဝန္ရွိလူႀကီးမင္းမ်ားနဲ႔ ဆရာဆရာမမ်ားအားလုံးကိုအထူးေက်းဇူးတင္ပါတယ္။

စိုးရိမ္စိတ္နဲ႔ သတင္းေမးၾကသူေရာ စိတ္ထဲရင္းၿပီး ဆုေတာင္းေပးၾကသူမ်ားကိုလည္း ေက်းဇူးတင္ပါတယ္ ဆုိျပီးေတာ့ ေရးသားထားတာပါေနာ္။တစ္နုိင္ငံလံုး ေရာဂါေတ ကင္းေဝးျကပါေစေနာ္။Source:Bo win

Unicode…ပေါ့ဆနေတဲ့သူတွေအတွက် ကိုဗစ်ကိုသတိထားမိစေဖို့ ကူစက်ခံထားရသူတစ်ဦး ရေးတဲ့စာ

မြန်မာ ပြည်သူများ အတွက် ငဗစ်ကိုသတိထားမိအောင်ရေးထားတဲ့စာ မြန်မာပြည်သူများကို ကိုဗစ်ရောဂါကို သတိထားမိအောင်လို့ ကူးယူဖော်ပြလိုက်ပါတယ်နော်။ရေးသားထားတာကတော့

ကျွန်တော် ပထမဆုံးစသတိထားမိတာက ၃၀ ရက်နေ့ခံတွင်းနာတာ ၃၁ ရက်နေ့ညက ကိုယ်နည်းနည်းနွေးနေတယ်။ ညနေကချစ်တီးဆိုင်သွားစားခဲ့ပြီး လေတိုက်ထဲလမ်းလျှောက်ပြန်လို့များလားပေါ့။

အိမ်ပြန်ရောက်တော့ ဆေးသောက်ပြီးအိပ်လိုက်တာ ပြန်သက်သာသွားတယ်။  ဒါပေမယ့် ၁ ရက်နေ့ကစပြီး နေမကောင်းပြန်ဖြစ်လာလို့ ဆိုင်ပိတ်လိုက်တယ် ၂ ရက်နေ့ နဲ့ ၃ ရက်နေ့က ပုံမှန်ပဲ။

ဒါပေမယ့် ကျွန်တော်ဆိုင်မဖွင့်တော့ဘူး ဆက်ပိတ်ထားတယ်  ဘာဖြစ်မယ်မှန်းမသိတော့ ထိတွေ့မှုတွေထပ်ဖြစ်မှာစိုးရိမ်တယ် ၄ ရက်နေ့ ညရောက်တော့ ကျွန်တော်အနံ့မရတော့ဘူး အဲ့တော့မှ ဒေသန္တရကိုဆက်တယ်။

အချိန် လွန်နေလို့ ဖုန်းမကိုင်ဘူး ဒါနဲ့ တစ်ညအိပ်ပြီး ၅ ရက်နေ့မှာ ကြယ်စင်လင်းလက် ပရဟိတအသင်းကို အကူအညီတောင်းပြီး ကိုယ့်သဘောနဲ့ကိုယ် ရန်ကုန်ဆေးရုံကိုလာခဲ့တယ် ဆေးရုံမှာ လူတွေပြည့်ကြပ်နေတယ်။

ကျွန်တော်အပါအဝင် ကုတင်မရကြဘူး၊ ခုံတန်းမှာ လှဲနေရတယ်။ သူတို့ရေးပေးတဲ့ဆေး ဝယ်ပေးရတယ် နေ့ခင်း Swab ယူတယ် ထမင်းကြွေးတယ် ည ၁၂ နာရီကျော်တော့ ကုတင်ရတယ်။

တနေကုန်ပင်ပန်းထားလို့ တစ်ညလုံး အိပ်ပျော်ပါတယ် ။ နောက်တစ်ရက်မှာ သိသိသာသာ ချောင်းဆိုးပါတယ်။ လုံးဝကြပ်ပြီးဆိုးလို့ ဆေးရှူခိုင်းပါတယ် ၊ အောက်ဆီဂျင်ပေးထားပါတယ်။

အဲ့နေ့ညပဲ တောင်ဥက္ကလာဆေးရုံ အထူးကြပ်မက်ကုသဆောင်ကိုပို့ဆောင်ကုသပေးနေပါတယ် ဆေးရုံမှာလည်း မထင်ထားရလောက်အောင်အဆင်ပြေပါတယ်။

ကျွန်တော်လည်း ကြိုးစားရုန်းကန်ပါမယ် မိတ်ဆွေတို့လည်း အိမ်မှာနေပါ mask တပ်ပါ လက်ဆေးပါ တာဝန်ရှိလူကြီးမင်းများနဲ့ ဆရာဆရာမများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။

စိုးရိမ်စိတ်နဲ့ သတင်းမေးကြသူရော စိတ်ထဲရင်းပြီး ဆုတောင်းပေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ် ဆိုပြီးတော့ ရေးသားထားတာပါနော်။တစ်နိုင်ငံလုံး ရောဂါတေ ကင်းဝေးကြပါစေနော်။Source:Bo win

Add a Comment

Your email address will not be published. Required fields are marked *