လမ်းဘေးခွေး ၃၀၀ ကျော်ကို တစ်နေ့ ငါးသောင်းနူန်းဖြင့် ၁၄နှစ် လုံးလုံး ကျွေးမွေးလာခဲ့သူ







Unicode…တစ်ရက်ကို ၅သောင်းကျပ်နူန်းဖြင့် လမ်းဘေးခွေး ၃၀၀ ကျော်ကို ၁၄နှစ် လုံးလုံး ကျွေးမွေးလာခဲ့သူ

လမ်းဘေးမှာ ရှိတဲ့ ခွေးပေါင်း ၃၀၀ ကျော်ကို ၁၄ နှစ်လုံးလုံး ရက်မပျက်ပဲ တစ်ရက် ငါးသောင်းဖိုး ကုန်ကျခံပြီးတော့ စေတနာရှင် တစ်ဦးက ကျွေးမွေးခဲ့တာပါ။ မုံရွာမြို့မှာ နေရာအနှံ့က လမ်းဘေးခွေး အကောင် ၃၀၀ ကျော်ကို

ညနေတိုင်းမှာ တစ်ရက်ကို ငွေ ၅ သောင်းကျပ် ဖိုးခန့်ကို ထမင်းနဲ့ ကြက်ခေါင်းဟင်းကို နယ်ပြီးတော့ မုံရွာမြို့အနှံ့က နေရာစုံကို ကျွေးမွေးတဲ့ အပြင် တိရိစ္ဆာန်များရဲ့ ကျန်းမာရေးကိုပါ ဦးခင်မောင်ဆန်းက စောင့်ရှောက်ပေးနေတာပါ။

ဦးခင်မောင်ဆန်း ကိုတော့ အများစုက ဂျပန်ကြီး လို့ ခေါ်ကြတာပါ။သူဟာ လမ်းဘေးခွေးတွေကို နေ့စဉ် နေ့တိုင်း တစ်ရက်ကို ငွေ ၅ သောင်း ကျပ်ဖိုးနှင့် ကျွေးမွေး နေတာခဲ့တာဟာ နှစ်ပေါင်း ၁၄ နှစ် အတွင်းမှာ တစ်ရက်မှ

မပျက်ကွက်ခဲ့ဘူး လို့ ပြောပါတယ်။တစ်ချို့ရက်တေ သူနားတဲ့ ရက်တွေမှာဆိုရင်တော့ သူရဲ့ တပည့်ဖြစ်သူကို ကျွေးခိုင်းတာဖြစ်ပြီးတော့ အခုလို

ကျွေးမွေးနေတာ ကလည်း ဘာမျှော်လင့်ချက်မှ မရှိဘဲ ကျွေးမွေးနေတာ ဖြစ်တယ်လို့ ဦးခင်မောင်ဆန်း (ခ)ဂျပန်ကြီးက ပြောခဲ့ပါတယ်နော်။Source: AlinnMyay (အလင်းမြေ)

Add a Comment

Your email address will not be published. Required fields are marked *