ဗီယက္နမ္က ျမင္းကြန္းမင္းသား ႀကီး၏ သမီးေတာ္အရင္း ေဒၚျဖဴ 

ဗီ ယက္ နမ္ က ျမန္ မာ အ မ်ိဳး သ မီး ေဒၚ ျဖဴ

၁၉၅၂ခုႏွစ္တြင္ နိုင္ငံေတာ္အစိုးရ၏ ဆ႒သဂၤါ ယနာတင္နိုင္ရန္ စည္းလုံးေရး သာသနာ့မစ္ရွင္အဖြဲ႕ အျဖစ္ ေထရဝါဒဗုဒၶဘာသာနိုင္ငံမ်ားသို့ ေစလႊတ္ရာ ေညာင္ရမ္းဆရာေတာ္ဘုရားႀကီး၊ မဟာစည္ဆရာ ေတာ္ဘုရားႀကီး၊

စကားျပန္ေရႊျပည္ေတာ္ဦးဘတင္ႏွင့္ ပါလီမန္အတြင္းဝန္ဦးသန္းစိန္တို့ ပါဝင္ခဲ့ၾကပါတယ္။ ေရွးဦးစြာ ထိုင္းနိုင္ငံသို့ႂကြေရာက္ၿပီးသာသနာေရးကိစၥ မ်ားကိုညႇိႏွိုင္းေဆြးေႏြးခဲ့ၾကၿပီးေနာက္မွာ ကေမၻာဒီယား နိုင္ငံဖႏြမ္းပင္ၿမိဳ့သို့ ဆက္လက္ႂကြေရာက္ၾကခဲ့ပါတယ္။

ဖႏြမ္းပင္ၿမိဳ့၌ ေဆာင္ရြက္ရန္ကိစၥမ်ားျပဳၿပီးေသာအခါမွာ ဆရာေတာ္ႀကီးမ်ားတည္းခိုေသာ ေဟာ္တယ္သို့ ဗီယက္ နမ္မွ ျမန္မာအမ်ိဳးသမီးတစ္ဦးေရာက္ရွိလာၿပီး ဆရာ ေတာ္ႀကီးမ်ားကို ဗီယက္နမ္သို့ အလည္အပါတ္ႂကြ ေရာက္ပါရန္

ပင့္ဖိတ္ေလၽွာက္ထားခဲ့ပါတယ္။ ထို အမ်ိဳးသမီးႀကီးအမည္ကေတာ့ ေဒၚျဖဴျဖစ္ၿပီးေတာ့ ဗီယက္နမ္အမ်ိဳးသားတစ္ဦးႏွင့္အိမ္ေထာင္က်ကာ သားသမီးေျမးျမစ္မ်ားပင္ ရွိေနသူျဖစ္ပါတယ္ေနာ္။

ေဒၚျဖဴ ဟာ ဗီယက္နမ္တြင္စီးပြားေရးေအာင္ျမင္ေနသူျဖစ္ ၿပီးေတာ့ အင္ဒိုခ်ိဳင္းနားေဒသ (ဗီယက္နမ္၊ကေမၻာဒီယား) တြင္ အလြန္ထင္ရွားေက်ာ္ၾကားသည့္ ေဒၚျဖဴ ဘမ္း ပ႐ုပ္ဆီ ထုတ္လုပ္ေရာင္းခ်သူျဖစ္ပါတယ္။

ထိုစဥ္ကျမန္မာ နိုင္ငံ(ယခုစကၤာပူအေျခစိုက္)က်ားဘမ္းပ႐ုပ္ဆီနာ မည္ႀကီးသလို ေဒၚျဖဴ ဘမ္းပ႐ုပ္ဆီသည္လည္းဗီယက္ နမ္တြင္နာမည္ႀကီးလုပ္ငန္းျဖစ္ပါတယ္ေနာ္။က်ားဘမ္းပ႐ုပ္ ဆီမွာ အနီေရာင္ျဖစ္၍ ေဒၚျဖဴ ဘမ္းမွာ အစိမ္းေရာင္ ျဖစ္ပါတယ္ေနာ္။

စိတ္ဝင္စားစရာေကာင္းတာကေတာ့ ေဒၚျဖဴ သည္ မင္းတုန္းမင္းႀကီး၏ သားေတာ္ ျမင္းကြန္းမင္းသား ႀကီး၏ သမီးေတာ္အရင္းျဖစ္ေနပါတယ္။ျမင္းကြန္းမင္း သားႀကီးဟာ ျမင္ကြန္းျမင္းခုံတိုင္အေရးအခင္း ျဖင့္ ျပည္ပသို့ထြက္ေျပးတိမ္းေရွာင္ျပီး ဗီယက္နမ္နိုင္ငံ တြင္ ၁၉၂၁ခုႏွစ္က ကြယ္လြန္ခဲ့တာပါ။

သမီးေတာ္ ေဒၚျဖဴ ဟာဆရာေတာ္ႀကီးမ်ား ကေမၻာဒီးယားနိုင္ငံ၌ ႂကြေရာက္လာတုန္းမွာ ၁၉၅၂ခုႏွစ္မွာ အခြင့္ၾကဳံသျဖင့္ မိမိ၏ ခမည္းေတာ္ ျမင္ကြန္းမင္းသားႀကီး၏အုတ္ဂူတြင္ အားသရဂုံ ပရိတ္ရြတ္ေပးပါရန္ ေလၽွာက္ထားခဲ့ပါတယ္။

ဆရာေတာ္ႀကီးႏွစ္ပါးႏွင့္အဖြဲ႕လည္း ဗီယက္နမ္နိုင္ငံ တြင္းအလည္အပတ္လွည့္လည္ႂကြေရာက္ေတာ္မူ ခဲ့ၿပီးေနာက္ ေဆးဂုံၿမိဳ့သုသာန္ရွိ ျမင္ကြန္းမင္းသားႀကီးအုတ္ ဂူတြင္ သရဏဂုံတင္ ပရိတ္ရြတ္ ေမတၱာပို့ အမၽွေပး ေဝခဲ့ၾကၿပီး

ဗုဒၶဘာသာျမန္မာျဖစ္သူ သမီး၏ဝတၱရား ေက်ပြန္ခဲ့သည့္ ေဒၚျဖဴ ၏ကုသိုလ္အား သာဓု အႀကိမ္ ႀကိမ္ေခၚဆိုခဲ့ၾကပါတယ္။ ျမင္ကြန္းမင္းသားႀကီး ဟာ ၁၉၂၁ခုႏွစ္စက္ တင္ဘာလ၂၀ရက္ေန႔တြင္ ဗီယက္နမ္နိုင္ငံေဆဂုံၿမိဳ့ (ယခင္ျပင္သစ္ပိုင္ ကိုခ်င္ခ်ိဳင္းနားေဒသ) တြင္

ကြယ္လြန္ ခဲ့ေၾကာင္းကုိ ၂၃-၉-၁၉၂၁ရက္ေန႔ထုတ္ သူရိယသတင္း စာမွာ ေဖာ္ျပပါရွိခဲ့ပါတယ္။ျမင္ကြန္းမင္းသားျကီး ကြယ္လြန္ခ်ိန္မွာ အသက္ဟာ ၇၉ႏွစ္အရြယ္ရွိၿပီျဖစ္ပါတယ္။ ေဆးဂုံၿမိဳ့မွသူရိယသတင္း စာသို့ေပးပို့ခဲ့ေသာနာေရးဖိတ္စာကို သတင္းစာတြင္ ဤသို့ေဖာ္ျပခဲ့ပါတယ္။

မင္းသမီး ခင္ေလးဘုရား၊သခင္မကေလး၊ထိပ္ တင္မႀကီး၊ရင္နီျမင္ကြန္းမင္းသမီး၊ဂ်င္နီျမင္ကြန္းမင္း သမီး၊ဆူဇန္ျမင္ကြန္းမင္းသမီး၊ဗ်ာလပ္တိုင္ျမင္ကြန္း မင္းသား။ဟယ္လင္ျမင္ကြန္းမင္းသမီးတို့က ဖိတ္ၾကား လိုက္ပါသည္။

အေၾကာင္းမွာ ၾကႇန်ဳပ်တို့၏ ခမည္းေတာ္ႏွင့္ဘိုး ေတာ္ျဖစ္ေသာ သက္ေတာ္၇၉ႏွစ္ရွိ ျမင္ကြန္းကိုယ္ ေတာ္ႀကီးသည္ ၁၉၂၁ စက္တင္ဘာ၂၀ရက္ေန႔(၁၂၈၃ ခုႏွစ္ေတာ္သလင္းလဆုတ္၄ရက္ေန႔)နံနက္၉နာရီခြဲ အခ်ိန္တြင္ကံကုန္ေတာ္မူသျဖင့္အေလာင္းေတာ္ကို

၁၉၂၁ ေအာက္တိုဘာလ ၅ရက္ေန႔ ညေန၄နာရီခြဲ တြင္ ဖုတ္သြင္းသျဂၤ ိုလ္မည္ျဖစ္ပါ၍ ျမင္ကြန္းကိုယ္ ေတာ္ႀကီးစံအိမ္ေတာ္သို့ အသုဘရွု့ႂကြေရာက္ပါမည့္ အေၾကာင္း ဖိတ္ၾကားအပ္ပါသည္။ ဟု ဆုိျပီးေတာ့ ေရးသား ေဖာ္ျပခဲ့ပါတယ္။မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္ ခင္ဗ်ာ

Unicode…ဗီ ယက် နမ် က မြန် မာ အ မျိုး သ မီး ဒေါ် ဖြူ

၁၉၅၂ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ ဆဋ္ဌသင်္ဂါ ယနာတင်နိုင်ရန် စည်းလုံးရေး သာသနာ့မစ်ရှင်အဖွဲ့ အဖြစ် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများသို့ စေလွှတ်ရာ ညောင်ရမ်းဆရာတော်ဘုရားကြီး၊ မဟာစည်ဆရာ တော်ဘုရားကြီး၊

စကားပြန်ရွှေပြည်တော်ဦးဘတင်နှင့် ပါလီမန်အတွင်းဝန်ဦးသန်းစိန်တို့ ပါဝင်ခဲ့ကြပါတယ်။ ရှေးဦးစွာ ထိုင်းနိုင်ငံသို့ကြွရောက်ပြီးသာသနာရေးကိစ္စ များကိုညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက်မှာ ကမ္ဘောဒီယား နိုင်ငံဖနွမ်းပင်မြို့သို့ ဆက်လက်ကြွရောက်ကြခဲ့ပါတယ်။

ဖနွမ်းပင်မြို့၌ ဆောင်ရွက်ရန်ကိစ္စများပြုပြီးသောအခါမှာ ဆရာတော်ကြီးများတည်းခိုသော ဟော်တယ်သို့ ဗီယက် နမ်မှ မြန်မာအမျိုးသမီးတစ်ဦးရောက်ရှိလာပြီး ဆရာ တော်ကြီးများကို ဗီယက်နမ်သို့ အလည်အပါတ်ကြွ ရောက်ပါရန်

ပင့်ဖိတ်လျှောက်ထားခဲ့ပါတယ်။ ထို အမျိုးသမီးကြီးအမည်ကတော့ ဒေါ်ဖြူဖြစ်ပြီးတော့ ဗီယက်နမ်အမျိုးသားတစ်ဦးနှင့်အိမ်ထောင်ကျကာ သားသမီးမြေးမြစ်များပင် ရှိနေသူဖြစ်ပါတယ်နော်။

ဒေါ်ဖြူ ဟာ ဗီယက်နမ်တွင်စီးပွားရေးအောင်မြင်နေသူဖြစ် ပြီးတော့ အင်ဒိုချိုင်းနားဒေသ (ဗီယက်နမ်၊ကမ္ဘောဒီယား) တွင် အလွန်ထင်ရှားကျော်ကြားသည့် ဒေါ်ဖြူ ဘမ်း ပရုပ်ဆီ ထုတ်လုပ်ရောင်းချသူဖြစ်ပါတယ်။

ထိုစဉ်ကမြန်မာ နိုင်ငံ(ယခုစင်္ကာပူအခြေစိုက်)ကျားဘမ်းပရုပ်ဆီနာ မည်ကြီးသလို ဒေါ်ဖြူ ဘမ်းပရုပ်ဆီသည်လည်းဗီယက် နမ်တွင်နာမည်ကြီးလုပ်ငန်းဖြစ်ပါတယ်နော်။ကျားဘမ်းပရုပ် ဆီမှာ အနီရောင်ဖြစ်၍ ဒေါ်ဖြူ ဘမ်းမှာ အစိမ်းရောင် ဖြစ်ပါတယ်နော်။

စိတ်ဝင်စားစရာကောင်းတာကတော့ ဒေါ်ဖြူ သည် မင်းတုန်းမင်းကြီး၏ သားတော် မြင်းကွန်းမင်းသား ကြီး၏ သမီးတော်အရင်းဖြစ်နေပါတယ်။မြင်းကွန်းမင်း သားကြီးဟာ မြင်ကွန်းမြင်းခုံတိုင်အရေးအခင်း ဖြင့် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ပြီး ဗီယက်နမ်နိုင်ငံ တွင် ၁၉၂၁ခုနှစ်က ကွယ်လွန်ခဲ့တာပါ။

သမီးတော် ဒေါ်ဖြူ ဟာဆရာတော်ကြီးများ ကမ္ဘောဒီးယားနိုင်ငံ၌ ကြွရောက်လာတုန်းမှာ ၁၉၅၂ခုနှစ်မှာ အခွင့်ကြုံသဖြင့် မိမိ၏ ခမည်းတော် မြင်ကွန်းမင်းသားကြီး၏အုတ်ဂူတွင် အားသရဂုံ ပရိတ်ရွတ်ပေးပါရန် လျှောက်ထားခဲ့ပါတယ်။

ဆရာတော်ကြီးနှစ်ပါးနှင့်အဖွဲ့လည်း ဗီယက်နမ်နိုင်ငံ တွင်းအလည်အပတ်လှည့်လည်ကြွရောက်တော်မူ ခဲ့ပြီးနောက် ဆေးဂုံမြို့သုသာန်ရှိ မြင်ကွန်းမင်းသားကြီးအုတ် ဂူတွင် သရဏဂုံတင် ပရိတ်ရွတ် မေတ္တာပို့ အမျှပေး ဝေခဲ့ကြပြီး

ဗုဒ္ဓဘာသာမြန်မာဖြစ်သူ သမီး၏ဝတ္တရား ကျေပွန်ခဲ့သည့် ဒေါ်ဖြူ ၏ကုသိုလ်အား သာဓု အကြိမ် ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။ မြင်ကွန်းမင်းသားကြီး ဟာ ၁၉၂၁ခုနှစ်စက် တင်ဘာလ၂၀ရက်နေ့တွင် ဗီယက်နမ်နိုင်ငံဆေဂုံမြို့ (ယခင်ပြင်သစ်ပိုင် ကိုချင်ချိုင်းနားဒေသ) တွင်

ကွယ်လွန် ခဲ့ကြောင်းကို ၂၃-၉-၁၉၂၁ရက်နေ့ထုတ် သူရိယသတင်း စာမှာ ဖော်ပြပါရှိခဲ့ပါတယ်။မြင်ကွန်းမင်းသားကြီး ကွယ်လွန်ချိန်မှာ အသက်ဟာ ၇၉နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ ဆေးဂုံမြို့မှသူရိယသတင်း စာသို့ပေးပို့ခဲ့သောနာရေးဖိတ်စာကို သတင်းစာတွင် ဤသို့ဖော်ပြခဲ့ပါတယ်။

မင်းသမီး ခင်လေးဘုရား၊သခင်မကလေး၊ထိပ် တင်မကြီး၊ရင်နီမြင်ကွန်းမင်းသမီး၊ဂျင်နီမြင်ကွန်းမင်း သမီး၊ဆူဇန်မြင်ကွန်းမင်းသမီး၊ဗျာလပ်တိုင်မြင်ကွန်း မင်းသား။ဟယ်လင်မြင်ကွန်းမင်းသမီးတို့က ဖိတ်ကြား လိုက်ပါသည်။

အကြောင်းမှာ ကြှနျုပျတို့၏ ခမည်းတော်နှင့်ဘိုး တော်ဖြစ်သော သက်တော်၇၉နှစ်ရှိ မြင်ကွန်းကိုယ် တော်ကြီးသည် ၁၉၂၁ စက်တင်ဘာ၂၀ရက်နေ့(၁၂၈၃ ခုနှစ်တော်သလင်းလဆုတ်၄ရက်နေ့)နံနက်၉နာရီခွဲ အချိန်တွင်ကံကုန်တော်မူသဖြင့်အလောင်းတော်ကို

၁၉၂၁ အောက်တိုဘာလ ၅ရက်နေ့ ညနေ၄နာရီခွဲ တွင် ဖုတ်သွင်းသင်္ဂြ ိုလ်မည်ဖြစ်ပါ၍ မြင်ကွန်းကိုယ် တော်ကြီးစံအိမ်တော်သို့ အသုဘရှု့ကြွရောက်ပါမည့် အကြောင်း ဖိတ်ကြားအပ်ပါသည်။ ဟု ဆိုပြီးတော့ ရေးသား ဖော်ပြခဲ့ပါတယ်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ် ခင်ဗျာ

Add a Comment

Your email address will not be published. Required fields are marked *