ရခိုင္တြင္ ကုိဗစ္ကူးစက္ခံရသူမ်ားတြင္ တစ္ဝက္နီးပါး ေရာဂါေပ်ာက္၍ ေဆး႐ုံဆင္းသြားျပီ 

ရခိုင္တြင္ ကုိဗစ္ကူးစက္ခံရသူမ်ားတြင္ တစ္ဝက္နီးပါး ေရာဂါေပ်ာက္၍ ေဆး႐ုံဆင္းသြားျပီဟု သိရ

ရခိုင္ျပည္နယ္တြင္ ကုိဗစ္ေၾကာင့္ ေဆး႐ုံတက္ရသူ မ်ားတြင္ တစ္ဝက္နီးပါးဟာ ေရာဂါ ေပ်ာက္ကင္းလို့ ေဆး႐ုံ ဆင္းခြင့္ ရခဲ့ၿပီလို့ သိရပါတယ္။ ရခိုင္ျပည္နယ္ အတြင္းမွာ ကုိဗစ္ကပ္ ေရာဂါေၾကာင့္ ေဆး႐ုံတက္ရ သူေတြဟာ

စင္တင္ဘာ(၁၀)ရက္ ေန႔နံနက္ပိုင္း အခ်ိန္အထိ (၆၅၉)ေယာက္အထိရွိခဲ့ ေပမယ့္လည္း ယေန႔ စက္တင္ဘာ(၁၁)ရက္ေန႔မွာ ဆိုရင္ (၂၉၈)ေယာက္ အထိ ေဆး႐ုံဆင္းခြင့္ ရွိလာၿပီျဖစ္လို့ ျပည္နယ္က်န္းမာေရး ဦးစီးဌာနကေန သိရွိရပါတယ္။

ေဆး႐ုံဆင္းခြင့္ရတဲ့ သူေတြထဲမွာ(negative)ႏွစ္ႀကိမ္ထြက္တဲ့သူေတြနဲ့ က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ ေဆး႐ုံဆင္းသတ္မွတ္ခ်က္နဲ႔ ကိုက္ညီတဲ့ သူေတြပါတာ တယ္လို့ သိရပါတယ္ေနာ္။

ယေန့ ဆင္းခြင့္ရတဲ့ သူေတြကေတာ့ စစ္ေတြ(၃၅)ေယာက္၊ေက်ာက္ျဖဴ(၃၄)ေယာက္၊ေပါက္ေတာ(၁)ေယာက္၊ေက်ာက္ေတာ္(၁)ေယာက္၊ေျမပုံ(၆)ေယာက္၊ေျမာက္ဦး(၂)ေယာက္၊သံတြဲ(၆)ေယာက္နဲ႔မာန္ေအာင္(၁)ေယာက္

ျဖစ္တယ္လို့ သိရပါတယ္။ ေဆးရုံကေန ဆင္းခြင့္ ရတဲ့သူေတြကေတာ့ က်န္းမာေရးဌာနကခ်မွတ္ထားတဲ့စည္းကမ္းေတြအတိုင္း မိမိတို့အိမ္မွာ တစ္ပါတ္ခန႔္ ေနထိုင္ရမွာဘဲျဖစ္ပါတယ္ေနာ္။Source:One News Myanmar

Unicode…ရခိုင်တွင် ကိုဗစ်ကူးစက်ခံရသူများတွင် တစ်ဝက်နီးပါး ရောဂါပျောက်၍ ဆေးရုံဆင်းသွားပြီဟု သိရ

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် ဆေးရုံတက်ရသူ များတွင် တစ်ဝက်နီးပါးဟာ ရောဂါ ပျောက်ကင်းလို့ ဆေးရုံ ဆင်းခွင့် ရခဲ့ပြီလို့ သိရပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ ကိုဗစ်ကပ် ရောဂါကြောင့် ဆေးရုံတက်ရ သူတွေဟာ

စင်တင်ဘာ(၁၀)ရက် နေ့နံနက်ပိုင်း အချိန်အထိ (၆၅၉)ယောက်အထိရှိခဲ့ ပေမယ့်လည်း ယနေ့ စက်တင်ဘာ(၁၁)ရက်နေ့မှာ ဆိုရင် (၂၉၈)ယောက် အထိ ဆေးရုံဆင်းခွင့် ရှိလာပြီဖြစ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနကနေ သိရှိရပါတယ်။

ဆေးရုံဆင်းခွင့်ရတဲ့ သူတွေထဲမှာ(negative)နှစ်ကြိမ်ထွက်တဲ့သူတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဆေးရုံဆင်းသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေပါတာ တယ်လို့ သိရပါတယ်နော်။

ယနေ့ ဆင်းခွင့်ရတဲ့ သူတွေကတော့ စစ်တွေ(၃၅)ယောက်၊ကျောက်ဖြူ(၃၄)ယောက်၊ပေါက်တော(၁)ယောက်၊ကျောက်တော်(၁)ယောက်၊မြေပုံ(၆)ယောက်၊မြောက်ဦး(၂)ယောက်၊သံတွဲ(၆)ယောက်နဲ့မာန်အောင်(၁)ယောက်

ဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံကနေ ဆင်းခွင့် ရတဲ့သူတွေကတော့ ကျန်းမာရေးဌာနကချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်း မိမိတို့အိမ်မှာ တစ်ပါတ်ခန့် နေထိုင်ရမှာဘဲဖြစ်ပါတယ်နော်။Source:One News Myanmar

 

Tags:

Add a Comment

Your email address will not be published. Required fields are marked *