ကိုဗစ် ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရန် အစိုးရမှ ကျပ် ၁၉၀၀ ဘီယံကျော် သုံးစွဲ








Unicode…ကိုဗစ် ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရန် အစိုးရမှ ကျပ် ၁၉၀၀ ဘီယံကျော် သုံးစွဲခဲ့

ကိုဗစ် ကပ်ရောဂါ ရန်ပုံငွေမှ ဒုတိယ အကြိမ်ထုတ်ပေးမည့် ချေးငွေများ လျင်မြန်စွာ ထုတ်ပေးနိုင်ရန်အတွက် လည်း စိစစ်ဆောင်ရွက်လျက်ရှိပြီးတော့ ချေးငွေများ ထုတ်ပေးခြင်းကိုလည်း

စက်တင် ဘာလအတွင်း ပြီးပြတ်အောင် စိစစ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်မည်ဟု သိရသည်။ ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စုများကို ထောက်ပံ့ကြေးအဖြစ်နဲ့ ကျပ် ၄ဝ၂ ဒသမ ၇၅ ဘီလီယံ၊ စိုက်ပျိုးရေး၊

မွေးမြူရေးကဏ္ဍနှင့်ပတ်သက်ပြီးတော့ ထောက်ပံ့ဆောင်ရွက်ငွေ ကျပ် ၉၂ ဒသမ ၆၁၂ ဘီလီယံ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများနှင့် မသန်စွမ်း ပုဂ္ဂိုလ်များအပါအဝင်

အခြားထောက်ပံ့သင့်တဲ့ ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ် ၃၅ဒသမ ၉၂၃ ဘီလီယံ စားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်များသို့ ထုတ်ချေးငွေ ကျပ် ၁ဝဝ ဘီလီယံ၊ အသေးစား ချေး ငွေလုပ်ငန်းများသို့

ထုတ်ချေးငွေ ကျပ် ၁ဝဝ ဘီလီယံ၊ ကိုဗစ် ကြောင့် ထိခိုက်ခဲ့သည့် စီးပွား ရေးလုပ်ငန်းများ ကို အစိုးရ၏ COVID-19 ရန်ပုံငွေကနေ ထုတ်ချေးငွေ ကျပ် ၂ဝဝ ဘီလီယံ နှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ

တောင်သူများသို့ ထုတ်ချေးငွေ ကျပ် ၆ဝဝ ဘီလီယံ၊ ၂ဝ၂ဝ ပြည့်နှစ် ဧပြီ၊မေလနှင့် ဇွန်လများ၏ လျှပ်စစ်ဓာတ်အားခများအတွက် ထောက်ပံ့ငွေ ကျပ် ၁ဝ၈ ဒသမ ၈၉၇ ဘီလီယံတို့ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်နော်။Source: The Myanmar Times

Tags:

Add a Comment

Your email address will not be published. Required fields are marked *