Unicode…အိန္ဒိယ အစိုးရက PUBG ကို BAN ခြင်းကြောင့် လူငယ် ၁ ဦး ကြိုးဆွဲချပြီးအဆုံးစီရင်
အိန္ဒိယ အစိုးရဟာ ယခုလ ၃ ရက်နေ့က PUBG Mobile အပါအဝင် တရုတ် App ၁၁၈ ခုကို Ban ပစ်လိုက်တာပါ။ PUBG Mobileကတော့ အိန္ဒိယမှာ ရေပန်းစား လူကြိုက်များပြီး
ယခုလို Ban ခြင်းကြောင့် player သန်းပေါင်းများစွာကို ဒေါသထွက်စေခဲ့တာပါ။ အဲ့လို ပိတ်ပင်မှုကြောင့် ဝမ်းနည်းစရာ သတင်း ၁ ပုဒ် တက်လာခဲ့ပါတယ်နော်။ PUBG မကစားရတော့တဲ့ဘအတွက်
အိန္ဒိယက အသက် ၂၁ နှစ်အရွယ် လူငယ် ၁ ဦး ကြိုးဆွဲချသေဆုံးသွားခဲ့တာပါ။ အဲ့လုူငယ်ဟာ Pritam Halder ဆိုသူ ကျောင်းသား ၁ ယောက်ဖြစ်ပြီးတော့ သူ့နေအိမ်မှာပဲ ဆွဲကြိုးချ သတ်သေခဲ့တာပါ။
စက်တင်ဘာလ ၄ ရက်နေ့မှာ ဝမ်းနည်းစရာ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီးတော့ လူငယ်ရဲ့ မိခင်က Halder ဟာ မနက်စာ စားပြီးတော့ အမူအယာ မပျက်ဘဲ သူ့အခန်းထဲ ပြန်သွားခဲ့ပါတယ်။
နေ့လည်စာစားဖို့ သူ့ကို ခေါ်မရလို့ အခန်းတံခါး ဖွင့်ကြည့်တဲ့အခါမှာ အတွင်းဘက်ကနေ Lock ချထားတဲ့အတွက် ကျွန်မ စိတ်ပူသွားပါတယ်။ အိမ်နီးနားချင်းတွေရဲ့ အကူအညီနဲ့တံခါးကို ချိုးဖျက်ပြီး
အခန်းထဲဝင်ကြည့်လိုက်တော့ မျက်နှာကြက် ပန်ကာကနေ ကြိုးဆွဲချ သေဆုံးနေပါပြီ။ လို့ ဝမ်းနည်းစွာ ပြောပြလာတာပါ။မိခင်ပြောပြတာကတော့ သူ PUBG Mobile ကို ညဘက်မှာ စွဲစွဲလမ်းလမ်း ကစားနေကျပါ။
အစိုးရက ပိတ်ပင်ပြီးနောက်မှာ သူ တမှိုင်မှိုင်တထွေထွေ ဖြစ်သွားပါတယ်။ မကစားရတော့လို့ အခုလို ကိုယ့်ကိုကိုယ် သတ်သေတာလို့ ထင်ပါတယ် ဆိုပြီးတော့ ပြောကြားခဲ့တာပါ။ Source; pyayti media
Tags:
Add a Comment
Your email address will not be published. Required fields are marked *