Unicode…ခြေထောက်ကို ပုလင်းကွဲရှတဲ့ဒဏ်ရာကနေ ပိုးဝင်ပြီး ဖြတ်ရမယ့် လူငယ်လေးရဲ့ ခွဲစိတ်စရိတ်ကို မတည်လှူဒါန်းတဲ့ ယုန်လေး
ရုပ်ရှင် သရုပ်ဆောင် ယုန်လေးကတော့ အနုပညာအလုပ်တွေအပေါ်မှာ ကြိုးစားလုပ်ကိုင် နေတာဘဲ ဖြစ်ပါတယ်။ဒါ့ပြင် ပရဟိတစိတ်ဓာတ် အပြည့် ရှိသူလဲ ဖြစ်ပါယ်နော်။ယုန်လေးဟာ သူကိုယ်တိုင်လည်း ချို့တဲ့တဲ့ဘဝကနေ
ကြီးပြင်းလာခဲ့သူ ဖြစ်တာမို့ အခက်အခဲတွေနဲ့ ချို့တဲ့သူတွေကိုတွေ့ရင် အမြဲကူညီ ထောက်ပံ့နေတာလဲ ဖြစ်ပါတယ်နော်။ ဒီတစ်ခေါက်မှာလည်း ယုန်လေးက ပုလင်းကွဲရှတဲ့ဒဏ်ရာကနေ ပိုးဝင်ပြီးတော့
ခြေထောက်ဖြတ်ရမယ့် လူငယ်လေးကို ခွဲစိတ်ခလှူဒါန်းမယ့်အကြောင်းကို ပြောပြလာတပါ။ယုန်လေးက ဒီညီလေး ခြေထောက်ကမဖြတ်လို့မရတော့ဘူးတဲ့။ကျွန်တော့်ကို Cb ကလာပြလို့ ဖုန်းNo လည်းရပါပြီ။
ဖြတ်ဖို့တောင် ဆေးရုံးတက်ဖို့ စရိတ်မရှိလို့တဲ့။ကိုယ်လည်း အဆင်ပြေလှလို့တော့မဟုတ်ဘူး။ ကြော်ငြာလေးတွေရိုက်ရ အဆင်ပြေမယ်ကျန်သေးတယ်။Covid ကြောင့် ၅ ခု Cancel ဖြစ်သွားပါတယ်။
ဒါပေမယ့်လည်း ကိုယ့်ထက် အဆင်မပြေတဲ့ လူတွေတွေ့တော့လည်း မနေနိုင်ဘူး။ကိုယ်ချင်းစာတယ် ဝိုင်းကူကြတာပေါ့ဗျာ။ကျွန်တော် ၁သိန်း စမတည်ပါတယ်။ဝိုင်းကူဖို့ တောင်းဆိုပါတယ် ခင်ဗျာ ဘဝတွေ ဘဝတွေ
ဝမ်းစာ သီချင်းထဲကလို ဘဝတွေ။ဒလမြို့ ရာဇသင်္ကြန်၇ ရပ်ကွက်၊ကနောင်လမ်းသွယ်နေ အသက် ၂၄ နှစ် ငယ်ငယ်ကဆော့ကစားရင်ပုလင်းကွဲရှရာကနေ ပိုးဝင်ပီး အခုလိုအခြေနေဖြစ်တာပါ။ငွေကြေမတက်နိုင်လို့ဆေးမကုသနိုင်ခဲ့ အခု ခြေထောက်ဖြတ်ရမယ်အခြေနေဖြစ်တော့
ကုန်ကျစရိတ်မတက်နိုင်လို့ ကူညီမဲ့သူများရှိရင်ကူညီနိုင်အောင် ပိုစ့်တင်ပေးတာပါ။ကူညီနိုင်မဲ့သူများပေါ်ပေါက်ပါစေညီရေ ဘဝရဲ့(၂၄)နှစ်တာကာလပက်လုံး အဲ့လိုကြီးနဲ့ရှင်သန်နေရတာ လို့ ပြောပြလာတာပါ။
ယုန်လေးဟာ စိတ်မကောင်းစွာ ခြေထောက် ဖြတ်ရမယ့် ညီငယ်လေးအတွက် တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပြီး အလှူရှင်တွေ ပေါ်လာအောင်
လုပ်ဆောင်ပေးခဲ့တာလဲ ဖြစ်ပါတယ်နော်။ယုန်လေးလဲ ခုထက်မက လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်နော်။Source: Yone Lay’s fb
Add a Comment
Your email address will not be published. Required fields are marked *